မြေ​အောက်​​ရေကန်​ထဲ သန့်​ရှင်း​ရေးလုပ်​​နေတဲ့ ကြည့်​မြင်​တိုင်​က လုပ်​သား ၃ဦးစလုံး အသက်​မရှုမဝဘဲ​ ​သေဆုံး

2019-08-06 20:52:41


မြေ​အောက်​​ရေကန်​ထဲ သန့်​ရှင်း​ရေးလုပ်​​နေတဲ့ ကြည့်​မြင်​တိုင်​က လုပ်​သား ၃ဦးစလုံး အသက်​မရှုမဝဘဲ​ ​သေဆုံး

သြဂုတ်(၆) AlinnMyay(အလင်းမြေ)


ဒီ​နေ့ သြဂုတ်​လ ၆ ရက်​. အင်္ဂါ​နေ့၊ ရန်ကုန်တိုင်း​ဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းစက်မြေရပ်ကွက်​၊ လုပ်​ငန်းခွင်​​ဆောက်​လက်​စ ​အဆောက်အဦးတစ်ခုအတွင်းက ​မြေ​အောက်​​ရေကန်​ထဲ သန့်​ရှင်း​ရေး​ဆောင်​​ရွက်​​နေတဲ့ အလုပ်သမား ၃ ဦးစလုံး အောက်ဆီဂျင်ဓာတ် ပြတ်​လပ်​ပြီး အသက်​​ဆုံးမှု အခင်းဖြစ်​ပွားခဲ့ပါတယ်​။




အခင်းဖြစ်​စဉ်​က ဒီလိုပါ။ အဆောက်အဦးထဲက မြေအောက်ရေကန်ကို သန့်ရှင်းရေးပြုလုပ်​ဖို့အတွက်​ လုပ်​ငန်းခွင်​ထဲက အလုပ်​သမားတစ်​ဦးက​ ​ရေကန်​ထဲကို အရင်​ဦးဆံ ဆင်းသွားခဲ့ပါတယ်​။


အဲ့ဒီ အလုပ်သမားက ​အချိန်​အ​တော်​ကြာအထိ ​ရေကန်​ထဲက ပြန်​ထွက်​လာခြင်း မရှိ​ခဲ့တာ​ကြောင့်​ ဒုတိယအလုပ်​သမားတစ်​ဦးက ​မြေ​အောက်​​ရေကန်​ထဲ ထပ်​မံဆင်းသွားခဲ့တယ်​လို့ သိရှိပါတယ်​။




သူတို့နှစ်​ဦးစလုံး ​ရေကန်​ထဲ​နေ​ ​တော်​​တော်​နဲ့ ပြန်​​ပေါ်မလာတဲ့အခါ ​နောက်​ထပ်​ တတိယ​မြောက်​ အလုပ်သမားကပါ ​ရေကန်​ထဲကို ထပ်မံလိုက်ပာပြီး ​ဆင်းသွားခဲ့ပာတယ်။


သူတို့သုံးဦးစလုံးဟာ အချိန်​တန်​လို့​ ​ရေကန်​ပြန်တက်​လာခြင်းမရှိသလို ဘာအသံမှလဲ မကြားရ​တော့တာ​ကြောင့်​ လုပ်​ငန်းခွင်​တာဝန်​ရှိသူ၊ နဲ့ ရပ်​ကွက်​ပတ်​ဝန်းကျင်​က​နေ ရပ်​ကွက်​သက်​ဆိုင်​ရာကို အချိန်​မီ အ​ကြောင်းကြားဆက်​သွယ်​ခဲ့ရပြီး​နောက်​ လူသုံးဦးစလုံး​သေဆုံး​နေ​ကြောင်း ​တွေ့ရှိခဲ့ရတာပါ။




အခင်းဖြစ်ပွားရာ​နေရာကို ကြည့်​မြင်​တိုင်​မြို့နယ်​ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပရဟိတ အသင်းအဖွဲ့များက​နေ လာရောက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတယ်​လို့ သိရှိခဲ့ရပါတယ်​။


အဲ့ဒီ​မြေ​အောက်​​ရေကန်ဟာ အနက် ၇ ပေ၊ အလျား ၇ ပေ နဲ့ အနံ ၆ ​ပေ ၁၀ လက်မ ရှိတယ်​လို့ သိရပြီး ကန်ထဲဝင်​ရတဲ့ ဝင်ပေါက်အကျယ်က၂ ပေ ပတ်လည် ရှိတာပာ။ ​ရေကန်​အတွင်းမှာလဲ ​ရေအနက်​ကတစ်​​ပေပတ်​လည်​ခန့်​သာရှိ​ကြောင်း ​တွေ့ခဲ့ရပါတယ်​။




အောက်ရေကန်နံရံ​တွေကို ကြွေပြားများကပ်ထားတဲ့ အမှတ်​အသားအရ အရင်​ကလဲ အလုပ်သမား​တွေ အခုလိုမျိုး ​ရေကန်​ထဲဆင်းပြီး အလုပ်လုပ်ခဲ့ကြတယ်လို့ ခန့်​မှန်းရပါတယ်​။


EFIL-AlinnMyay(အလင်းမြေ)

Source - Aung Kyaw Oo