ချိုင်းကြားကို နမ်းပေးရုံနဲ့ တစ်နှစ်ကို ငွေကျပ် သိန်း(၃)သောင်းပေးမယ့် ကုမ္ပဏီ

2019-11-20 10:49:59


ချိုင်းကြားကို နမ်းပေးရုံနဲ့ တစ်နှစ်ကို ငွေကျပ် သိန်း(၃)သောင်းပေးမယ့် ကုမ္ပဏီ

ချိုင်းကြားကို နမ်းပေးရုံနဲ့ တစ်နှစ်ကို ငွေကျပ် သိန်း(၃)သောင်းပေးမယ့် ကုမ္ပဏီ


ဒီအလုပ်ကတော့ ခပ်ဆန်းဆန်းကို မဟုတ်တော့ပါဘူး၊ အတော်လေးကို အဆန်းတကာ့ အဆန်းဆုံး အလုပ်ဖြစ်ပါတယ်။ နောက်ပြီး တော်ရုံတန်ရုံ လုပ်ဖို့မလွယ်တဲ့ လုပ်ငန်းလို့တောင် ပြောလို့ရပါတယ်။ လူတစ်ယောက်ရဲ့ ချွေးသံရဲရဲ ချိုင်းကြားကို နမ်းပေးရတဲ့ အလုပ်ပါ။


ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားပါတယ်။ အထူးသဖြင့်တော့ ချိုင်းပတ်စော်၊ ခြေပတ်စော်အနံ့ကို ခံပေးရမှာပါ။ တစ်နှစ်ကို ဒေါ်လာ(၂)သန်းအထိ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ မြန်မာငွေအနေနဲ့ဆိုရင် (၃၀၃၀၀)ကျော် ဖြစ်ပါတယ်။


တစ်ရက်ကို (၈၃)သိန်းလောက် ကိုက်မယ့်သဘောပါ။ အဲဒီ ချိုင်းကြားနဲ့ ခြေပတ်စော်ကို ဘာလို့ အနမ်းခိုင်းရတာလဲဆိုတာကလည်း အကြောင်းပြချက်ရှိပါတယ်။ အလုပ်ခေါ်တဲ့ ကုမ္ပဏီအမည်ကို မသိရသေးပေမယ့် Princeton Consumer Research ကနေ တစ်ဆင့် ဆက်သွယ်ခဲ့တာပါ။




တကယ်တော့ အဲဒီသုတေသနအဖွဲ့ရဲ့နောက်ကွယ်မှာ ကမ္ဘာကျော်အလှကုန်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Deodorant က ရှိနေတဲ့အတွက် ဒီအလုပ်ကို သူတို့ကပဲအပ်နှံခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ နောက်ပြီး အဲဒီကုမ္ပဏီဟာ လူတွေဆီကနေထွက်တဲ့ အနံ့ဆိုးတွေကာကွယ်ဖို့အတွက် အလှကုန်(၁၀)မျိုးအထိ ထုတ်လုပ်ဖို့ ရှိပါတယ်။




အခုလို စမ်းသပ်စစ်ဆေးမှုရလဒ်တွေကနေ သူတို့ဟာ ဘယ်လို ကုန်အမှတ်တံဆိပ်မျိုးထုတ်သင့်သလဲဆိုတာကို သုတေသနသဘော အရင်ပြုကြည့်တဲ့သဘောပါ။ ဒါပေမယ့် PCR ဝန်ထမ်းတွေအတွက်တောင် လုပ်ဖို့မလွယ်ကူတဲ့ အလုပ်ပါလို့ တာဝန်ရှိသူတစ်ဦးက ဝန်ခံခဲ့ပါတယ်။


လင်းဇော်ကို D Nae Khit Media