အသက်(၁၄)နှစ်ဆိုပေမယ့်၊ မိဘကို လုပ်ကျွေးရင်း နာမည်ကြီးလာတဲ့ ကလေးမလေး

2019-11-20 10:51:33


အသက်(၁၄)နှစ်ဆိုပေမယ့်၊ မိဘကို လုပ်ကျွေးရင်း နာမည်ကြီးလာတဲ့ ကလေးမလေး

အသက်(၁၄)နှစ်ဆိုပေမယ့်၊ မိဘကို လုပ်ကျွေးရင်း နာမည်ကြီးလာတဲ့ ကလေးမလေး


အသက်(၁၄)နှစ်သာရှိသေးတဲ့ Wong Yen Chi အမည်ရ ကောင်မလေးဟာ လူမမယ်အရွယ်မှ လက်ရှိအချိန်ရောက်သည်အထိ မိဘကို စျေးရောင်းရင်း လုပ်ကျွေးခဲ့ပါတယ်။ Yen ဟာ ဖခင်ဆီက အကြော်အလှော် အချက်အပြုတ်ကို (၉)နှစ်အရွယ်ကတည်းက တက်မြောက်ခဲ့ပါတယ်။


သူမရဲ့အကြောင်းကို WorldOfBuzz က ဖော်ပြထားတာပါ။ အခုဆိုရင် Yen ဟာ မိဘကို ကောင်းကောင်းလုပ်ကျွေးနိုင်နေပြီဖြစ်ပြီး၊ သတင်းမီဒီယာတွေထက်မှာလည်း နာမည်ကြီးနေပါပြီ။ သူမကို စားဖိုမှူုးမ-လေးလို့ ခေါ်နေကြပါတယ်။ သူမရဲ့ မိဘတွေဟာ လမ်းဘေးမှာ အစားအစာ ချက်ပြုတ်ရောင်းပါတယ်။


Yen ဟာ ငယ်ရွယ်ပေမယ့် မိဘတွေ သက်တောင့်သက်သာ ဖြစ်စေဖို့ ငယ်ငယ်ကတည်းက ကူညီရိုင်းပင်းခဲ့သူပါ။ ဒီလိုပဲ မိဘတွေကလည်း သမီးဖြစ်သူကို ငွေကြေးရဲ့တန်ဖိုးကို ကောင်းကောင်းသင်ပြပေးပြီး၊ အခုဆိုရင် သူမကိုယ်တိုင်လည်း ထိုက်သင့်တဲ့ ဝင်ငွေကို စုဆောင်းထားနိုင်ပါပြီ။




လမ်းဘေးစျေးသည်ဖြစ်တဲ့အတွက် နေရာကတော့ ခဏခဏပြောင်းပါတယ်။ မလေးရှား ကွာလာလမ်ပူက နေရာစုံမှာ အပတ်အစဉ် လှည့်လည်ရောင်းချတာပါ။ သူမတို့စျေးရောင်းတဲ့နေရာတွေကတော့ နေ့အလိုက် အပြောင်းအလဲရှိပါတယ်။ တနင်္လာဆိုရင် Serdang မှာ ရောင်းချပြီး-




အင်္ဂါနေ့မှာ Sri Petaling မှာ ရောင်းချပါတယ်။ ဗုဒ္ဓဟူးနေ့မှာ Taman Connaught မှာရှိပြီး၊ ကြာသပတေးနေ့မှာတော့ Taman OUG မှာ ဖြစ်ပါတယ်။ သောကြာနေ့မှာတော့ Leisure Mall မှာ ရောင်းချပြီး၊ စနေနေ့မှာ Setia Alam နဲ့ တနင်္ဂနွေနေ့မှာ Kepong Baru ဖြစ်ကြောင်း သူမရဲ့ FB ပို့စ်အရ သိရပါတယ်။


နေသူရိန်  D Nae Khit Media