ဆေးလိပ်သမားတွေ ဆေးလိပ်ဖြတ်ချင်စိတ် ဖြစ်သွားစေမယ့် အမျိုးသားတစ်ဦးရဲ့အဖြစ်

2019-11-20 10:59:06


ဆေးလိပ်သမားတွေ ဆေးလိပ်ဖြတ်ချင်စိတ် ဖြစ်သွားစေမယ့် အမျိုးသားတစ်ဦးရဲ့အဖြစ်

ဆေးလိပ်သမားတွေ ဆေးလိပ်ဖြတ်ချင်စိတ် ဖြစ်သွားစေမယ့် အမျိုးသားတစ်ဦးရဲ့အဖြစ်


ဆေးလိပ်တို့အရက်တို့ဟာ လူကို စွဲလန်းစေနိုင်ပါတယ်။ မစွဲလောက်ပါဘူးကွာ ဆိုပြီး စမ်းသပ်ခဲ့သုူတွေဟာ တစ်ချို့ဆို ဆေးလိပ်ဂျိုး၊ အရက်ချိုးကြီးတွေ ဖြစ်နေပါပြီ။ အခု D Nae Khit က ဆေးလိပ်သောက်ခဲ့သူတစ်ယောက်ရဲ့ အလွန်ဆိုးရွားလှတဲ့ အဖြစ်အပျက်လေးကို ပြန်လည်မျှဝေချင်ပါတယ်။


ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားတာပါ။ ဆေးလိပ်သောက်တဲ့သက်တမ်း (၃၀)နှစ်အထိ ရှိခဲ့တဲ့လူတစ်ယောက်ရဲ့အဆုတ်ပုံတွေနဲ့ သတင်းကို ဖော်ပြထားပါတယ်။ အဲဒီအဆုတ်ဟာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို ရှင်းပြဖို့တောင် လိုမယ်မထင်ပါဘူး။ သူဟာ ဆေးလိပ် တစ်ရက်ကို တစ်ဘူးသာ သောက်ပါတယ်တဲ့။


တကယ်တော့ တစ်ရက်ကို ဆေးလိပ်တစ်ဘူးသောက်တာဟာ တကယ့် ဆေးလိပ်သမားကြီးတွေရဲ့စံချိန်ကိုတော့ မမီသေးပါဘူး။ တစ်ချို့ဆို စီးကရက်ဘူးနဲ့ဆိုရင် လေးငါးဘူးအထိ ကုန်တဲ့သူရှိပါတယ်။ ဒါပေမယ့် ဒီလောက်လေးသာ ဆေးလိပ်သောက်ခဲ့တဲ့သူရဲ့အဆုတ်က ဒီလိုကြီးဖြစ်နေတာပါလားဆိုတာ မြင်သာစေမှာပါ။


အဆုတ်ဟာ အမည်းရောင်အဖြစ် လုံးဝ ပြောင်းနေပြီဖြစ်ပါတယ်။ ဒီအဆုတ်ဓာတ်ပုံကို တရုတ်နိုင်ငံ၊ Jiangsu မှာတည်ရှိတဲ့ Wuxi People’s Hospital ဆေးရုံကနေ အများပြည်သူသိအောင် ပြန်လည်မျှဝေခဲ့တာပါ။ အဆုတ်ရှင်ကတော့ အသက်(၅၂)နှစ်ပါ။ သူဟာ ဆေးလိပ်သောက်သက် (၃၀)နှစ်အရောက်မှာ ဦးနှောက်သေသွားပါတယ်။


ဒါကြောင့် သူရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မသေခင်မှာ လှူချင်ခဲ့တယ်ဆိုတဲ့ဆန္ဒကြောင့် ဒေါက်တာတွေက သူရဲဲ့အဆုတ်ကို ဖြုတ်ယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ သို့ပေမယ့် အဆုတ်က ဆိုးဆိုးရွားရွား ပျက်စီးနေပြီမို့ အဲဒီအဆုတ်ကို ဒေါက်တာတွေက မယူတော့ပါဘုူး။ ဒီသတင်းလေးက ဆေးလိပ်သမားတွေအတွက်တော့ သံဝေဂယူဖွယ်ရာပါဘဲ။


လင်းဇော်ကို ( D Nae Khit Media )