စွမ်းဇာနည် ပွဲပျက်ပြီး ပြဿနာ တတ်တဲ့ ကိစ္စအပေါ် တည်ငြိမ်စွာ သုံးသပ်ပြလိုက်တဲ့ ဖိုးချစ်

2019-11-20 14:15:29


စွမ်းဇာနည် ပွဲပျက်ပြီး ပြဿနာ တတ်တဲ့ ကိစ္စအပေါ် တည်ငြိမ်စွာ သုံးသပ်ပြလိုက်တဲ့ ဖိုးချစ်

စွမ်းဇာနည် ပွဲပျက်ပြီး ပြဿနာ တတ်တဲ့ ကိစ္စအပေါ် တည်ငြိမ်စွာ သုံးသပ်ပြလိုက်တဲ့ ဖိုးချစ်


မကြာသေးခင်ရက်ပိုင်းက ရုပ်ရှင်သရုပ်ဆောင် ၊ သဘင်ပညာသည် မင်းသား စွမ်းဇာနည်နဲ့ မန်းတလေးက ပွဲငှားသူတွေနဲ့ အကြားပြဿနာကြီးထွားခဲ့တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်နော်။ အတိုချုပ်လေးပြောပြရရင်တော့ မန်းတလေးက ပွဲငှားသူတွေဟာ မင်း

သား စွမ်းဇာနည်ကို ပွဲငှားခဲ့ပြီး မင်းသား စွမ်းဇာနည်လည်း ကြည်ဖြူစွာလက်ခံခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တကယ်တမ်း ပွဲသွင်းတဲ့အချိန်မှာတော့ မင်းသား စွမ်းဇာနည် တစ်ယောက် ပွဲစားရံယူပြီး ရောက်မလာခဲ့ရာကနေ ပြဿနာ စခဲ့တာဖြစ်ပါတယ်။


ပွဲဖြစ်မြောက်ရေး ကော်မတီက စွမ်းဇာနည်လာဖို့ သည်းခံစောင့်စားပေမယ့် နောက်ဆုံးတော့ ပြဿနာ မကြီးထွားရလေအောင် ရောက်လာတဲ့ ဇာတ်အဖွဲ့နဲ့ ကားတွေကိုသိမ်းယူထားလိုက်ပြီး အဖွဲ့သားတွေကို ဘေးလွတ်ရာ သွားရောက်ပို့ဆောင်ခဲ့ရတယ်လို့

သိရပါတယ်။ (ရွာသားတွေနဲ့ပြဿနာတက်မှာစိုးလို့)အခုတော့ ပွဲဖြစ်မြောက်ရေးကော်မတီက ရှခိုင်းပေမယ့် မင်းသားစွမ်းဇာနည်ကတော့ရှင်းလင်းခြင်းရှိတာကိုတော့ မတွေ့ရသေးပါဘူး။ ဒီအတွက် ပွဲဖြစ်မြောက်ရေးကော်မတီ

က ပွဲငှားစဉ်ကစာချုပ်ပါအချက်တွေအတိုင်း ဆောင်ရွက်တော့မှာဖြစ်ပါတယ်။ စွမ်းဇာနည်အနေနဲ့ စားရံချထားတဲ့ ငွေအပါအဝင် သိန်း ၁၀၀၀ လျှော်ကြေးပေးမှ သိမ်းထားတဲ့ကားနဲ့ သဘင်ပစ္စည်းတွေကိုလည်း ပြန်ပေးမယ်လို့ ကြေငြာထားတာကိုတွေ့ရပါတယ်။


ဒီကိစ္စအတွက်နာမည်ကျော် သဘင်ပညာရှင်လည်းဖြစ် ၊ သဘင်အစည်းအရုံးရဲ့ ဥက္ကဌလည်းဖြစ်သူ မင်းသား ဖိုးချစ်ကတော့ နှစ်ဦးနှစ်ဖက်အကြား လက်ခံနိုင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖြေရှင်းပေးသွားမယ်လို့ တည်ငြိမ်စွာ ပြောပြပါတယ်။ အထူးသဖြင့် သဘင်စည်းကမ်းတွေရှိသလို ဥပဒေဘောင်အတွင်းကပဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ပရိသတ်ကို မှီခိုရတဲ့ အနုပညာရှင်တွေဟာ ပရိသတ်ငြိုငြင်စေတဲ့ အပြုအမူမျိုးရှောင်းရှားသင့်တယ်လို့လည်း သူက တည်ငြိမ်စွာ ပြောဆိုထားပါတယ်။