တစ်ပတ်စာ ၇ ရက်သားသမီးဟောစာတမ်း (21.11.2019 မှ 27.11.2019 အထိ)

2019-11-20 15:06:10


တစ်ပတ်စာ ၇ ရက်သားသမီးဟောစာတမ်း (21.11.2019 မှ 27.11.2019 အထိ)

တစ်ပတ်စာ ၇ ရက်သားသမီးဟောစာတမ်း (21.11.2019 မှ 27.11.2019 အထိ)


တနင်္ဂနွေ


ဒီကာလမှာတော့ အရင်အပတ်ကလုပ်ခဲ့တဲ့အလုပ်တွေကနေတဆင့် ငွေဝင်လာလိမ့်မယ်။ အလုပ်၂မျိုးမက လုပ်ခွင့်ရလာလိမ့်မယ်။ လူငယ်များ၊လုပ်ငန်းခွင်စဝင်တဲ့သူများ နမော်နမဲ့တော့မလုပ်မိဖို့လိုပါတယ်။


မိတ်ဟောင်း များ၊လုပ်ဖော်ကိုင်ဖက်ဟောင်းများရဲ့ ပြန်လည် အဆက်အသွယ်လုပ်ခြင်းမျိုး ကြုံရတတ်ပါတယ်။ စက်ပစ္စည်းရောင်း လိုသူများရောင်းထွက်တတ်ပါတယ်။


လူအများရဲ့ ယုံကြည်မှုရအောင် နေထိုင်သူများကတော့ ဒီကာလမှာ ယုံကြည်မှု နဲ့ ကူညီပေးကြသူတွေအများအပြား ရှိလာတတ်ပါတယ်။


ရွှေရောင်းချင်သူများ ရောင်းလို့သင့်တော်တဲ့ ကာလပါပဲ။ ကိုး ကွယ်စရာ လက်ဆောင်တစ်ခုခု ရတာမျိုး ကြုံရင်တော့ ထီကံစမ်းလိုက်ပါ။ ဒီကာလမှာတော့ တ၊ထ၊ဒ၊ဓ၊န နဲ့စတင်မှည့်ခေါ်ထားတဲ့နာမည်ရှင်တွေကို သတိထားဆက်ဆံဖို့လိုပါတယ်။ ကျန်းမာရေးကတော့ အကြောတတ်၊ဇက်နာ တာမျိုးဖြစ်တတ်ပါတယ်။


အင်အားကုန်ခမ်းမောပန်းလွယ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူရဲ့ဆရာလုပ်မှု၊ အမိန့် ပေးမှုကိုခံရလိမ့်မယ်။ အပြုံးနဲ့ပဲဆက်ဆံလိုက်ပါ။ အိမ်ထောင်ရေးမှာတော့ ပုံမှန်ထက် အနည်းငယ်စိတ်ညစ်ရမည်။ လက်အောက်ငယ်သားတွေနဲ့ ပက်သက်ပြီး လင်မယားချင်း စကားအခြေအတင် ဖြစ်ရတတ်ပါတယ်။ ပညာရေးမှာ တော့ မိဘဆရာတွေရဲ့ကူညီမှုကိုရသော်လည်းမိမိကိုယ်တိုင်က ဝီရိယလိုနေသေးတာတွေ့ရပါတယ်။


အကျိုးပေးဂဏန်း 1/5/9 အထူးဟော ကံအနိမ့်အမြင့် နည်းပါးတဲ့ကာလပါပဲ။ ယတြာ မည်သည့်ပန်းမဆို အဝါရောင်အဆင်းရှိသော ပန်းတွေကို ဘုရားမှာ ဝေနေအောင်လှူပေးပါ။


တနင်္လာ


ဒီကာလအတွင်း ဣန္ဒြေရသောအလုပ်များလုပ်ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းဟောင်းတွေ၊တစ်ပိုင်းတစ်စဖြစ်နေ တဲ့အလုပ်တွေကိုပြန်စခွင့်ရမည်။ ဆရာသမားဟောင်းတွေနဲ့လဲ ပြန်လက်တွဲခွင့်တွေရလာတတ်ပါတယ်။ ဖုန်း၊ကွန် ပျူတာအပြင် အခြားဆက်သွယ်ရေးနှင့် ဆိုင်သောပစ္စည်းများ လက်ဆောင်ရတတ်ပါတယ်။ လုပ်ချင်တာကိုလုပ်ခွင့်ရ လို ပျော်ရပေမယ့် လူပင်ပန်းရတတ်ပါတယ်။


ကားအလဲအထပ် ကိစ္စတွေမှာတော့ အဆင်မပြေမှုတွေကြုံရတတ်ပါ တယ်။ အလုပ်တွေလုပ်နေပေမယ့် ငွေမပေါ်တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဘေးလူအမြင်မှာတော့ အဆင်ပြေနေ တယ်ထင်ရပေမယ့် အမှန်တော့ နာမည်ကြီး ထမင်းငတ်ဖြစ်နေရတတ်ပါတယ်။


အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ ကြုံရတတ်ပါတယ်။ ဆရာသမားတွေ၊ လူကြီးတွေဆီက အကြံဉာဏ်ကိုယူလိုက်ပါ။ ကျန်းမာရေးကတော့ ဝမ်းပျက် လွယ်တာကိုတွေ့ရပါတယ်။


ဝမ်းနူးစာတွေကို အနည်းငယ်လောက်ပဲ စားတာက မိမိအတွက်ပိုကောင်းပါတယ်။ အချစ်ရေးမှာတော့ အေးဆေး တည်ငြိမ်နေမည်။ ထူးခြားတဲ့ အညံ့အဆိုးတွေကိုတော့ မတွေ့ရပါဘူး။


အိမ်ထောင်ရေး မှာတော့ အိမ်ထောင်ဘက်က အစစအရာရာ အလိုက်တသိ တာဝန်ကျေနေတတ်ပါတယ်။ စိတ်ချမ်းသာရမည်။ ပညာရေးကတော့ ပတ်ဝန်းကျင်အနှောက်အယှက်ကြောင့် ပညာရေးအပေါ် စိတ်နှစ်မရဖြစ်တတ်ပါတယ်။


အကျိုးပေးဂဏန်း 2/3/6 အထူးဟော အောင်မြင်မှုလမ်းစကို တွေ့ရှိပါလိမ့်မယ်။ ယတြာ ညဘက်တွေမှာ နီးစပ်ရာဘုရားစေတီသွားပါ။ မွေးနံထောင့်မှာ ရေသပ္ပယ်ပါ။


အင်္ဂါ


ဒီကာလမှာတော့ ကိုယ်ပိုင်လုပ်ငန်းများ ဖိဖိစီးစီးလုပ်ကိုင်နေရတတ်ပါတယ်။ စိတ်ကူးဉာဏ်ကွန့်ပြီးလုပ်နိုင် ဖို့ကအရေးကြီးပါတယ်။ ဒါမှပဲ ပြိုင်ဘက်တွေကို ကောင်းစွာ ရင်ဆိုင်နိုင်ပါလိမ့်မယ်။


ဝန်ထမ်းများ အထက်လူကြီးက ဖြစ်စေ၊ သူဋ္ဌေးကဖြစ်စေ အလုပ်တာဝန်တွေကို မိမိအားအကုန် လွှဲသွားတတ်ပါတယ်။ ဒါကြောင့် မိမိကစိတ်ပင်ပန်းစွာ နဲ့ တာဝန်ယူ လုပ်နေရတတ်ပါတယ်။


နာမည်ဖြင့်ရပ်တည် လုပ်ကိုင်ရသူများ သေချာပေါက်နာမည်ကောင်းရတတ်ပါ တယ်။ မိတ်ဆွေတွေရဲ့ အထင်ကြီးလေးစားခြင်းကို ခံရတတ်ပါတယ်။ ဒါပေမဲ့ ဒီကာလဟာ သူတစ်ပါးတွေကိုတော့ အားကိုးလို့မရတတ်ပါဘူး။


ဝန်ထမ်းအနည်းငယ်ဖြင့် လည်ပတ်နေတဲ့ ကိုယ်ပိုင်လုပ်ငန်းများ ဝန်ထမ်းတွေအလုပ်နား တာမျိုး၊ အလုပ်ထွက်သွားတာမျိုးတွေ ကြုံနေရတာကြောင့် စိတ်ညစ်ရတတ်ပါတယ်။


ကျန်းမာရေးမှာတော့ အအေး မခံလိုက်ပါနဲ့။ အဆုတ်ပွကြီး ချောင်းဆိုးတာမျိုးတွေ အလွန်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူရဲ့ အလို လိုက်အကြိုက်ဆောင်ခြင်းကိုခံရတတ်ပါတယ်။ တစ်ခုသတိပြုရမှာကတော့ ချစ်သူကို မိဘတွေနဲ့တွေ့ပေးတာမျိုး ဒီကာလမှာ ဆင်ခြင်ဆောင်ရွက်ပါ။


အိမ်ထောင်ရေးမှာတော့ အလုပ်တာဝန်တွေကြောင့် အိမ်ထောင်ဘက်နှင့် ခွဲနေ ရတတ်ပါတယ်။ ပညာရေးကတော့ နက်နဲသောပညာများနှင့် အကျိုးရှိသောပညာတွေကို သင်ယူဖြစ်ပါလိမ့်မယ်။


အကျိုးပေးဂဏန်း 3/8/0 အထူးဟော အနည်းငယ်အလုပ်များနေလိမ့်မယ်။ ယတြာ စာသင်သားရဟန်းသံဃာတွေကို စာအုပ်တွေလှူပေးပါ။


ဗုဒ္ဓဟူး/ရာဟု


ဒီကာလအတွင်း ခရီးတိုတွေထွက်ရာကနေ မိတ်ဟောင်းတွေနဲ့တွေ့ပြီး အလုပ်တွေချိတ်ဆက်မိတတ်ပါ တယ်။ အချိန်ပိုင်းအလုပ်များ လုပ်ဖြစ်ပါလိမ့်မယ်။လုပ်ငန်းတူများနဲ့ တွဲဖက်လုပ်ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းဟောင်း တွေကတော့ အမြတ်အစွန်းနည်းပေမယ့် လုပ်ငန်းသစ်တွေ၊ချဲ့ထွင်ထားတဲ့ အလုပ်တွေကတော့ အဆင်ပြေတိုး တတ်ပါလိမ့်မယ်။


အရောင်းအဝယ်လုပ်ငန်းများ ရောင်းပန်းဝယ်ပန်းပွင့်ပါလိမ့်မယ်။ ဆရာမိဘတွေရဲ့ ကူညီစောင့် ရှောက်ခြင်းကို ရရှိပါလိမ့်မယ်။ ဝန်ထမ်းများ အထက်လူကြီးရဲ့ သြဇာပေးမှုတွေကို ခံရတတ်ပါတယ်။


စိတ်ရှိသည့် အတိုင်း လုပ်ကိုင်လို့မရတတ်ပါ။ ဘာလုပ်လုပ်ကိုအထက်ကို တင်ပြပြီးလုပ်တာ အကောင်းဆုံးပါပဲ။ အလှူကိစ္စတွေ ရက်ရွှေ့ရတတ်ပါတယ်။ လူမှုရေးကိစ္စတွေနဲ့ ပက်သက်ပြီး ငွေကုန်ကြေးကျ များနေရတတ်ပါတယ်။


ကျန်းမာရေးက တော့ နှလုံးတုန်တာ၊ မောတာတွေ အလွန်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူကို တန်ဖိုးဖြတ်နေမိတတ် ပါတယ်။ပေးဆပ်ရတာနဲ့ မတန်ဘူးလို့ထင်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ မိမိတော်ကြောင်း တတ်ကြောင်း ဂုဏ်ဖော်ပြီးပြောတာမျိုးတွေ အထူးရှောင်လိုက်ပါ။ ပညာရေးမှာတော့ ခက်ခဲစွာသင်ယူရတတ်ပါ တယ်။ ပညာသင်ဘက်မိတ်ဆွေတွေနဲ့ စကားများရတတ်ပါတယ်။


အကျိုးပေးဂဏန်း 1/4/5 အထူးဟော စိတ်ပူစရာတွေများနေတတ်ပါတယ်။ ယတြာ မြေပဲကြော်ဘုရားကပ်လှူလိုက်ပါ။


ကြာသပတေး


ဒီကာလမှာတော့ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေနဲ့ ပက်သက်ပြီး အားကောင်းပါတယ်။ ဝန်ထမ်းများကတော့ ငွေကုန်ကြေးကျများနေတတ်ပါတယ်။ လုပ်ငန်းရှင်များ စွမ်းရည်ပြည့်ဝတဲ့ ဝန်ထမ်းမျိုးတွေ ရှာရခက်နေတတ်ပါ တယ်။


ခရီးသွားလာရမှုတွေ များနေတတ်ပါတယ်။ နိုင်ငံခြားနဲ့ ဆက်စပ်လုပ်ကိုင်ခြင်းများ လွန်စွာမှအကျိုးရှိလိမ့်မယ်။ ရန်အတိုက်အခံတွေကိုကောင်းစွာ ကျော်လွှားနိုင်ပါလိမ့်မယ်။ ကြော်ငြာစရိတ်များပြီး အရောင်းပါးနေတတ်ပါတယ်။ ဆရာသမားတွေ၊ လူကြီးတွေရဲ့ အကူအညီတွေ ရလာတတ်ပါတယ်။ လက်ကားစီးပွားများ အလွန်ကောင်းတာမျိုးတွေ ကြုံရတတ်ပါတယ်။ စိတ်ချမ်းသာစရာတွေ များနေရတတ်ပါတယ်။


ရေရှည်အတွက် ရည်ရွယ်ပြီး လုပ်ကိုင်ဆောင် ရွက်သမျှ ကောင်းသော အကျိုးဆက်တွေ ဖြစ်ပေါ်ပါလိမ့်မယ်။ ကြွေးဟောင်းတွေရှိရင် ပြန်ရလာလိမ့်မယ်။ ငွေအစု လိုက်ဝင်တတ်တဲ့အတွက် ထီကံစမ်းထားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။


ကျန်းမာရေး အညံံ့အဆိုးကင်းနေတတ်ပါ တယ်။ အချစ်ရေးမှာတော့ အချစ်သစ်ကို ရှာချင်တဲ့စိတ်မျိုး အချို့သောသူတွေရဲ့စိတ်ထဲပေါ်လာတတ်ပါတယ်။ အိမ် ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ သာယာပျော်ရွှင်မှုတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ ပညာရေးအလွန်ကံ ကောင်းနေချိန်ပါပဲ။


အကျိုးပေးဂဏန်း 2/5/6 အထူးဟော ကံမြင့်မားနေတတ်ပါတယ်။ ယတြာ သီးစုံပဲဟင်းနဲ့ရဟန်းသံဃာတွေကိုဆွမ်းလောင်းလှူလိုက်ပါ။


သောကြာ


မိမိတတ်ထားတဲ့ ပညာတွေကို လက်တွေ့အသုံးချ ဖြစ်လိမ့်မယ်။ မိမိအစွမ်းအစတွေကို ထုတ်ဖော်ပြသခွင့်ရမဲ့ ကာလပါပဲ။ အလုပ်နဲ့ပက်သက်ပြီး စရံငွေများ ရလာတတ်ပါတယ်။ ယာဉ်ကား၊ စက်အငှားလုပ်ငန်းများ တိုးတတ်လာ လိမ့်မယ်။ မိမိသွားလိုတဲ့ အပျော်ခရီးတွေလဲ သွားရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်သော အဆက်အသွယ်တွေ အခွင့်အလမ်းတွေ ရလာတတ်ပါတယ်။


မိမိလိုချင်နေတဲ့ ငွေကြေးဥစ္စာတွေ အထူးရလာတတ်ပါတယ်။ အကျိုးအမြတ် ကြီးသော ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖြစ်ပါလိမ့်မယ်။ လုပ်ငန်းခွင်အတွင်း လူချစ်လူခင်များနေတတ်ပါတယ်။


မိမိကိုကူညီ မဲ့သူတွေ ပေါများလာတတ်တာကို တွေ့ရပါတယ်။ အနုပညာဆန်ဆန် အလုပ်များတိုးတတ်နိုင်ပါတယ်။ အသင်းအဖွဲ့ နဲ့ လုပ်ကိုင်ရတဲ့အလုပ်တွေကတော့ ထင်ထားသည်ထက် ပိုမိုအဆင်ပြေတတ်ပါတယ်။


ကျန်းမာရေး အညံ့အနည်းငယ် ရှိနေတတ်ပါတယ်။ အာရုံကြောနဲ့ ပက်သက်သော ရောဂါမှန်သမျှ ဂရုစိုက်ပေးပါ။ အချစ်ရေးမှာတော့ ပညာသင်ရင်းသင်တန်းတူမေဂျာတူတဲ့သူနဲ့ အချစ်ရေးကံပေါ်တာမျိုးတွေ့ရပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်း နေရတတ်ပါတယ်။ ခေတ်မီသော နည်းပညာနှင့် ဆိုင်သော ပညာများသင်ရမည်။


အကျိုးပေးဂဏန်း 3/6/7 အထူးဟော စိတ်ချမ်းသာစရာများပါတယ်။ ယတြာ ဆေးဝါးအလှူတွေများများလုပ်ပေးလိုက်ပါ။


စနေ


ဒီကာလအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေရတတ်ပါတယ်။ ရေလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ ကတော့ အကောင်းများပါတယ်။လခစားလုပ်ရင်း အရောင်းအဝယ် လုပ်နေသူများ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။


မိသားစုလုပ်ငန်း တော်တော်များများ အရှုံးပေါ်နေတတ်ပါတယ်။စပ်တူနှင့် အကျိုးဆောင်လုပ်ငန်းများ အရင်းများပြီး အမြတ်နည်းနေနိုင်ပါတယ်။ ဒီကာလအတွင်းစိတ်အလိုမကျစရာတွေ များနေတတ်ပါတယ်။ ရန်သူဟောင်း၊ ပြဿနာ ဟောင်းတွေ ပေါ်လာတတ်ပါတယ်။ ဘာလုပ်လုပ်အချိန်ဆွဲလုပ်မယ်ဆို အခွင့်အရေးတွေကို လက်လွှတ်ရနိုင်ပါတယ်။


မှန်ကန်၊မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ဖို့လိုပါတယ်။ အမှုဟောင်းတွေ၊ ပြဿနာဟောင်းတွေ ပေါ်လာတတ် ပါတယ်။ အပျော်အပါး လောင်းကစားတွေ လျှော့ပါ။ ညဉ့်နက်သန်းခေါင် သောက်စားမူးယစ်ခြင်းတွေ ရှောင်လိုက်ပါ။ သွေးတိုးနှင့် လေဖြတ်ခြင်းကို ဒီကာလမှာ အထူးဂရုစိုက်ပါ။ တတ်စာတွေ လုံးဝမစားမိပါစေနဲ့။


အချစ်ရေးမှာတော့ အရွယ်လွန်အပျိုကြီး၊လူပျိုကြီးများ စန်းပွင့်နေတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ ပက်သက်ရင် အိမ်ထောင်ဘက်နဲ့ အသံတိတ် ရန်ဖြစ်နေရတတ်ပါတယ်။ ပညာရေးအား ကောင်းပါတယ်။ မိမိအတွက် အကျိုးရှိမဲ့ ပညာတွေရလွယ်ပါ တယ်။


အကျိုးပေးဂဏန်း 1/4/0 အထူးဟော ကံအားနည်းနေမည်။ ယတြာ ကလေးတွေကိုခဲတံလှူလိုက်ပါ။


ဆရာငြိမ်းအေးလူ