ဘောလုံးလောကက အနားယူသွားရင် ဘာလုပ်မလဲဆိုတာ ပြတ်ပြတ်သားသား ပြောကြားလိုက်ပြီဖြစ်တဲ့ စီရော်နယ်ဒို

2019-11-20 15:14:35


ဘောလုံးလောကက အနားယူသွားရင် ဘာလုပ်မလဲဆိုတာ ပြတ်ပြတ်သားသား ပြောကြားလိုက်ပြီဖြစ်တဲ့ စီရော်နယ်ဒို

ဘောလုံးလောကက အနားယူသွားရင် ဘာလုပ်မလဲဆိုတာ ပြတ်ပြတ်သားသား ပြောကြားလိုက်ပြီဖြစ်တဲ့ စီရော်နယ်ဒို


ပေါ်တူဂီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုကတော့ သူ့အနေနဲ့ ဘောလုံးလောကက အနားယူပြီးသွားတဲ့အခါ ဘယ်အရာကို ပြုလုပ်သွားမလဲဆိုတာ ပြောကြားသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်ပြီး ကစားသမားဘ၀ နေဝင်ချိန်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်တာဗျူးမှာလည်း စီရော်နယ်ဒိုဟာ သူ့အနေနဲ့ အသက် (၄၀) အရွယ်အထိ ဘောလုံးကစားနိုင်ပေမယ့် လာမယ့်နှစ်အပိုင်းအခြားမှာပဲ အနားယူသွားနိုင်ချေရှိကြောင်း ဝန်ခံခဲ့ပါတယ်။


တကယ်လို့ စီရော်နယ်ဒိုဟာ အနားယူသွားခဲ့မယ်ဆိုင် သူ့အနေနဲ့ နည်းပြတစ်ယောက်ဖြစ်လာနိုင်ကြောင့် ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတာပါ။ စီရော်နယ်ဒိုဟာ ခေါင်းဆောင်စိတ်အပြည့်ရှိပြီး ဘောလုံးကိုချစ်မြတ်နိုးသူဖြစ်လို့ အောင်မြင်တဲ့ နည်းပြတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်နေကြတာပါ။


ပြင်သစ်မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ စီရော်နယ်ဒိုဟာ ဘောလုံးကစားသမားဘဝကနေ အနားယူသွားခဲ့ရင် နည်းပြဆက်လုပ်၊ မလုပ်ဆိုတာကို ပြတ်ပြတ်သားသား ပြောကြာသွားခဲ့တာပဲ ဖြစ်ပါတယ်။


“ကျွန်တော့်အနေနဲ့ ကစားသမားဘဝက အနားယူသွားတဲ့အခါ ဘောလုံးနဲ့ ပတ်သက်တဲ့ အရာရာကို အဆက်အသွယ်ဖြတ်သွားမှာပါ။ ဘာမှဆက်လုပ်မှာ မဟုတ်တော့ပါဘူး”လို့ စီရော်နယ်ဒိုက ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာ စီရော်နယ်ဒိုဟာ သူ့အနေနဲ့ စီးပွားရေးနယ်ပယ်မှာ အလွန်အောင်မြင်ချင်ကြောင်း ပြောဆိုထားခဲ့ဖူးပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုအနေနဲ့ ဘောလုံးသမားဘဝက အနားယူသွားရင် စီးပွားရေး နယ်ပယ်ကို ခြေစုံပစ်ဝင်ဖို့ ရှိနေပါတယ်။