လာဘ်လာဘ ပိတ်နေသူများအတွက် … လက်တွေ့ချမ်းသာ ရှင်သီဝလိ ဂါထာ

2019-11-20 15:18:34


လာဘ်လာဘ ပိတ်နေသူများအတွက် … လက်တွေ့ချမ်းသာ ရှင်သီဝလိ ဂါထာ

လာဘ်လာဘ ပိတ်နေသူများအတွက် … လက်တွေ့ချမ်းသာ ရှင်သီဝလိ ဂါထာ


ကျွန်ုပ် နှင့် ဆရာတော် အရှင်စန္ဒာသူရိယတို့လက်တွေ့အသုံးပြုထားသော ရှင်သီဝလိ ကိုယ်တော်ကြီးအား ပူဇော်ကန်တော့၍ လာဘ်လာဘ ရရှိရန် ဆုတောင်းသော လာဘ်ဖွင့် အစီအရင် တစ်ခုပါ။လိုအပ်တဲ့ပစ္စည်းတွေကတော့ ဖယောင်းတိုင် တစ်တိူုင်ကို သနချေ သိဒ္ဓိတင် ဂုဏ်တော် ရွတ်ဖတ်ပြီးပါက ရှင်သီဝလိ ဂါထာကို ဖယောင်းတိူင်မှာ ဖယောင်းတိုင် အခြေကနေ စရေးပါ။ထို့နောက် ရှင်သီဝလိ ကိုယ်တော်ကြီးကို


1- ဆွမ်းအဖြူ တစ်ပွဲကို ဆီစမ်း


2 – ငှက်ပျောသီးတစ်လုံး အခွံနွှာ သကြားဖြူ း


3 – ရှင်သီဝလိ ဂါထာ ရေးထားသော ဖယောင်းတိုင်ကို ပုဂံသန့်သန့်တစ်ချပ်ထဲမှာ ထွန်း


4 – ထိုဆွမ်း ငှက်ပျောပွဲ ဂါထာ ဖယောင်းတိုင်ကို ဘုရားကျောင်းဆောင်ဘေးတွင် ရှင်သီဝလိကိုယ်တော်ကို ရည်မှန်းကပ်လှု၍ တောင်းဆုပြုပါ။


ဖယောင်းတိုင်တွင် ရေးရမဲ့ရှင်သီဝလိဂါထာ


သီဝလိစ မဟာထေရော ၊


ဒေဝ မနုဿ ပူဇိတော ၊


သောရဟော ပစ္စယာဒိနံ ၊


မဟာလာဘံ ကာရောတုမေ ။


ထို ဂါထာအား ဖယောင်းတိုင် အခြေမှစ၍ အချွန်တစ်ခုခုဖြင့် ရေးပါ ။ သန့်သော အချွန်ဖြစ်ပါစေ။အချွန်လည်း သနချေသိဒ္ဓိတင ်ဂုဏ်တော်ရွတ်ပါ ။


သနချေရန်။ ။ ဥုံ သန သန မဟာသန သနအပေါင်း ထောင်းထောင်းညက် ကြေစရာကြေ ၇အုပ်ရွတ်ပါ ။


သိဒ္ဓိတင်ရန် ။ ။ဥုံ သိဒ္ဓိ သိဒ္ဓိမဟာသိဒ္ဓိ သိဒ္ဓိ အပေါင်းထောင်းထောင်း ထက်ဆရာထက် ။ ၇အုပ်ရွတ်ပါ ။


ဂုဏ်တော်ရွတ်ပါ ၉ခေါက် ထို့နောက် ရှင်သီဝလိကိုယ်တော်ကြီးကို အထက်ပါပစ္စည်းများ ကပ်လှုပါ ရှင်သီဝလိ ဂါထာကို ၂၇ ခေါက် ရွတ်ဖတ်ပူဇော်ပါ ။


Credit:Original Uploader