ငွေဆောင်ကမ်းခြေမှာ အနားယူအပန်းဖြေခဲ့တဲ့ ခပ်မိုက်မိုက်ပုံရိပ်တွေကို ချပြလာတဲ့ သင်ဇာဝင့်ကျော်

2019-11-20 15:23:00


ငွေဆောင်ကမ်းခြေမှာ အနားယူအပန်းဖြေခဲ့တဲ့ ခပ်မိုက်မိုက်ပုံရိပ်တွေကို ချပြလာတဲ့ သင်ဇာဝင့်ကျော်

ငွေဆောင်ကမ်းခြေမှာ အနားယူအပန်းဖြေခဲ့တဲ့ ခပ်မိုက်မိုက်ပုံရိပ်တွေကို ချပြလာတဲ့ သင်ဇာဝင့်ကျော်


ပုရိသတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးချော သင်ဇာဝင့်ကျော်ဟာ အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ စွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှနဲ့ ညှို့အားပြင်းတဲ့ ဝတ်ပုံစားပုံတွေကလည်း ပရိသတ်တွေကို စိတ်ဝင်စားစေတာပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လက်ရှိမှာလည်း သူမချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်က ခရီးတွေလည်း ထွက်ပြီး ပရိသတ်တွေအတွက် ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်ဇာဝင့်ကျော်က ငွေဆောင်ကမ်းခြေမှာ အပန်းဖြေခဲ့တဲ့ သူမရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


သင်ဇာဝင့်ကျော်ကတော့ ငွေဆောင်ကမ်းခြေမှာ သာသာယာယာနဲ့ ပင်ပန်းသမျှကို အတိုးချ အနားယူနေတာပဲ ဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်က ပြီးခဲ့တဲ့ လပိုင်းက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်တဲ့ “မြ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေသလို မကြာခင်မှာလည်း The Traveller ခရီးသွားအစီအစဉ်ကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်က အသက် (၃၀) ကျော် အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ သူမလုပ်ချင်တာတွေကို လွတ်လွတ်လပ်လပ်လုပ်ကိုင်ရင်း တစ်ကိုယ်တည်း အပျိုကြီးအဖြစ် နေထိုင်နေဆဲ ဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်တစ်ယောက် ငွေဆောင်မှာ အနားယူခဲ့တဲ့ ပုံရိပ်တွေကိုကြည့်ပြီး ပရိသတ်ကြီးလည်း ရင်ခုန်နေလောက်ပြီ ထင်ပါတယ်နော်။ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။