ဆိုးရွားတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ သားအဖ နှစ်ယောက်ကို ကူညီကြပါ

2019-11-20 16:00:21


ဆိုးရွားတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ သားအဖ နှစ်ယောက်ကို ကူညီကြပါ

ဆိုးရွားတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ သားအဖ နှစ်ယောက်ကို ကူညီကြပါ


နိုဝင်ဘာ(၁၉)AlinnMyay(အလင်းမြေ)


လွေးကစ်ဆိုတဲ့ ကလေးနဲ့ ဖခင်ဖြစ်သူတို့ ဟာ ‌အင်မတန်လှပတဲ့ လားရှိုးမြို့နယ် မိုင်းယော် တောင်ထိပ်ပေါ်က လွယ်ပတ်ဆိုတဲ့ရွာမှာလို့ သိရပါတယ်။


ဒီအကြောင်းအရာလေးကို Mai A Naing ဆိုတဲ့ အကောင့်ပိုင်ရှင်မှ တင်ပြထားတာကို တွေ့ရတာဖြစ်ပါတယ်။


အသက်က ၇နှစ် ဝန်းကျင် အရွယ်သာ ရှိပြီး တစ်ကိုယ်လုံးမှာ ယားနာပေါက်ကာ အနာတွေ ဖြစ်နေတဲ့ ကလေးတစ်ဦးရယ် ဗိုက်ဖောင်းတဲ့ ရောဂါကို ခံစားနေရတဲ့ ဖခင်ဖြစ်သူတို့ နှစ်ဦး မိသားစုအားလုံးပေါင်းမှ ဒီနှစ်ယောက်သာ ရှိတယ်လို့ သိရပါတယ်။ ကလေးငယ်ဟာ အနာတွေပေါက်နေတဲ့နေရာ အဆိုးဆုံးက ခေါင်းနဲ့ မျက်နှာတွေမှာဖြစ်တယ်လို့ Mai A Naing အကောင့်ပိုင်ရှင် တင်ပြထားချက်အရသိရတာပါ။


အခုတော့ လွေးကစ်ဟာ တကိုယ်လုံး အနာနဲ့ ရောဂါ ဝေဒနာ ခံစားနေရတဲ့ အပြင် လမ်းမလျှာက်နိုင် မသွားနိုင်ဖြစ်နေတဲ့ အဖေဖြစ်ကို ထမင်းဟင်းချက်ပြီး ကျွေးမွေးနေရကြောင်း သိရပါတယ်။