ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရမှု နှင့်ပတ်သက်ပြီး တရားရုံးကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရှေ့နေ ဦးဇော်ဝင်းပြောပြီ……

2019-11-20 18:25:45


ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရမှု နှင့်ပတ်သက်ပြီး တရားရုံးကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရှေ့နေ ဦးဇော်ဝင်းပြောပြီ……

ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရမှု နှင့်ပတ်သက်ပြီး တရားရုံးကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရှေ့နေ ဦးဇော်ဝင်းပြောပြီ……


ဒီနေ့ နိုဝင်ဘာ(၂၀) ရက်နေ့ နေ့လည်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရွှေဖိနပ်ပိုင်ရှင် ရှေ့နေဦးဇော်ဝင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့ က ထောင်ဒဏ်၂နှစ်အမိန့်ချမှတ်ခဲ့ပါတယ်။


ဒီတရားစီရင်ရေးဟာ တရားမျှတမူကိုရှေ့မရှုဘူး အများပြည်သူအတွက်ရှေ့မရှုတဲ့အတွက် ကျနော်က ဘာမှပြောစရာမရှိဘူး ဒီချတဲ့အမိန့် စွဲချက်အမိန့်တွေကို ခရိုင်ပြင်ဆင်ချက်မတက်ဘူးခု ဒိီအမိန့်ကိုလည်း ကျနော်တို့အယူခံမတက်ဘုး လို့ ရွှေဖိနပ်ပိုင်ရှင်ရှေ့နေဦးဇော်ဝင်းက ပြောဆိုလိုက်ပါတယ်။


ရှေ့နေဦးဇော်ဝင်းကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ၂၀၁၈ခုနှစ် မတ်လ ၁၅ ရက်နေ့က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့်မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်တာကြောင့် တရားရုံးကို ဘိနပ်နဲ့ပြစ်ပေါက်ခဲ့တာဖြစ်ပါတယ်။


ဒီကနေ့ဦးဇော်ဝင်းကို အမိန့်ချတာကတော့ ရာကြီးအမူအမှတ် ၂၇၃/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀၅( ခ ) အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာပါ ဦးဇော်ဝင်းကို ဒီမှာစွဲထားတာ အားလုံးပေါင်း ၃ မူရှိပါတယ် ၂ မူကတော့ကျန်နေသေးတယ် တစ်မူကတော့ တရားရုံးကိုစော်ကားလို့ဆိုပြီး ဒုမြို့နယ်တရားသူကြီးကစွဲထားတာပါ။


ရာဇသတ်ကြီးပုဒ်မ ၂၉၄- ၃၅၃- ၂၂၈-၅၀၆ အရ ပါ ဒုတိယ အမူကတော့ ဒုရဲမူး ခင်မောင်ဇော်ကနေ ဦးဇော်ဝင်းကို စွဲထားတာက ရာဇသတ်ကြီး ၂၉၄ -၃၅၃ နဲ့တရားစွဲဆိုထားတယ်လို့ မြို့နယ်တရားသူကြီးဖြစ်တဲ့ဦအောင်ကျော်ဦးကပြောပါတယ်။


ဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုး က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)နဲ့တရားရုံးဦးတိုက််လျှောက်ခဲ့တဲ့အမူကို ဒီနေ့အမိန့်ချမှတ်ခဲ့ပါတယ်။


ဦးဇော်ဝင်းကိုရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆/ တို့နဲ့ ပြည်ကြီးတံခွန်မြို့နယ် တွဲဘက်တရားသူကြီးဒေါ်စုသက်ငုံ ဲ့က တရားစွဲဆိုခဲ့ပြီး ဒုရဲမူး မူးခင်မောင်ဇော်က ၂၉၄ /၃၅၃/၂၂၈ ၅၀၆တို့နဲ့တရားစွဲဆိုထားပါတယ်။ ဦးဇော်ဝင်းရဲ့ကျန်ရှိနေတဲ့အမှုများကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဆက်ပြီးစစ်ဆေးသွားမှာဖြစ်ပါတယ်။