(၆၀)နှစ်အဖိုးနဲ့ဖောက်ပြန်တဲ့ (၂၁)နှစ်အရွယ်ဇနီးကို ကွာရှင်းခဲ့တဲ့ (၇၄)နှစ်အဖိုးအို

2019-11-20 21:13:00


(၆၀)နှစ်အဖိုးနဲ့ဖောက်ပြန်တဲ့ (၂၁)နှစ်အရွယ်ဇနီးကို ကွာရှင်းခဲ့တဲ့ (၇၄)နှစ်အဖိုးအို

(၆၀)နှစ်အဖိုးနဲ့ဖောက်ပြန်တဲ့ (၂၁)နှစ်အရွယ်ဇနီးကို ကွာရှင်းခဲ့တဲ့ (၇၄)နှစ်အဖိုးအို


အမျိုးသမီးငယ်ငယ်လေးတွေ ယူထားတဲ့ အသက်ကြီးကြီး ခင်ပွန်းတော်တော်များများဟာ သူတို့ရဲ့ ဇနီးတွေကို စိတ်မချကြပါဘူးတဲ့။ အကြောင်းကတော့ ရှင်းရှင်းပြောရရင် နောက်မီးလင်းမှာ စိုးကြလို့ပါ။ အခုလည်း ဇနီးငယ်ငယ်လေး ယူထားတဲ့ အဖိုးအိုတစ်ယောက်ဟာ သူရဲ့ဇနီးကို ကွာရှင်းလိုက်ပါတယ်။


သူရဲ့ဇနီးဟာ အသက်(၂၁)နှစ်သာရှိသေးပြီး၊ သူကတော့ အသက်(၇၄)နှစ်ပါ။ သူတို့နာမည်တွေကတော့ ဇနီးအမည်မှာ Milijana Bozic ဖြစ်ပြီး၊ ခင်ပွန်းကတော့ Milojko Bozic ဖြစ်ပါတယ်။ Bozic နေအိမ်မှာရှိမနေချိန်မှာ Milijana က တစ်ခြားအဖိုးအိုတစ်ဦးကို အိမ်ခေါ်လာခဲ့တာပါ။


ရေချိုးခန်းထဲမှာ နှစ်ဦးနှစ်ဘက် အနမ်းတွေ ဖလှယ်နေချိန် Bozic က ရောက်လာတာဖြစ်ပြီး၊ သူတို့လုပ်ရပ်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပါတယ်။ ဒီအကြောင်းကို ရုရှားရဲ့ TV Show တစ်ခုဖြစ်တဲ့ ‘Parovi’အမည်ရ Show မှာ ပြသခဲ့ပါတယ်။ Bozic ကိုယ်တိုင် လာရောက်ရင်ဖွင့်ခဲ့တာပါ။