ကျောင်းဆရာ နေတဲ့အိမ်ကို ဘုရာပန်း သွားသွား လဲပေးနေတဲ့… ၁၆ နှစ်အရွယ် ကောင်မလေးရဲ့ ဖြစ်ရပ်…

2019-11-22 09:48:17


ကျောင်းဆရာ နေတဲ့အိမ်ကို ဘုရာပန်း သွားသွား လဲပေးနေတဲ့… ၁၆ နှစ်အရွယ် ကောင်မလေးရဲ့ ဖြစ်ရပ်…

ကျောင်းဆရာ နေတဲ့အိမ်ကို ဘုရာပန်း သွားသွား လဲပေးနေတဲ့… ၁၆ နှစ်အရွယ် ကောင်မလေးရဲ့ ဖြစ်ရပ်…


သမီး ဘဝတော့ ပျက်ပါပြီ အမေရယ်”“


ညည်းကို မေးနေတယ် ဘယ်သူနဲ့လဲလို့”“


ဟင့်အင်း ဟင့်အင်း”“


ဒီမှာ မိအေး ညည်းဒီလိုငိုနေလို့မပြီဘူး..


ကာယကံရှင်ကဘာတဲ့လဲ


ညည်းကို..တာဝန်မယူနိုင်ဘူးတဲ့လား..”“


ဟင့်အင်း အမေ..သူ သိတောင်မသိသေးဘူး”“


ဟင်..ဟုတ်လား ပြောပြောသမီး..


ဘယ်သူလဲ အမေ ကောင်လေးနဲ့တွေ့ပြီး..


ဒီကိစ္စတာဝန်ယူပေးအောင် ညှိနှိုင်းပေးမယ်အမေတို့ သားအမိအရှက်တကွဲအကျိုးနည်းမဖြစ်ခင်လေး..


”“ဟင့် ဟင့် ဟီးအဟီး..”“


ငိုနေလို့ မပြီးဘူးသမီး အမေတို့သားအမိဒီရွာလေးမှာ ပန်းစိုက်ရောင်းပြီး..ရိုးရိုးသားသားနေလာခဲ့တာ..


မုဆိုးမသမီးဆိုပြီး အနိုင်ကျင့်တာတော့..


အမေမခံဘူး သမီးရှေ့မှာအမေရှိတယ်:”မိခင်ရဲ့ရင်နင့်သံနဲ့ပြောစကားကြောင့်..


မိအေးရင်ထဲ လှိုက်ကနဲဝမ်းနည်းသွားပြီး..


ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်..။


ပြီးမှ…တိုးလွှလွှအသံလေးနဲ့…


“အဟင့် ဟင့် ဟိုဟို..ဆရာလေး..ကိုပိုင်စိုး”“


ဘာ ဘယ်လို..”“ဒါ ဒေါင်းယောင်ဆောင်တဲ့မြေခွေးပဲ”စိတ်ထဲရှိသလိုရေရွတ်လိုက်သည်..၊(ဒေါင်းယောင်ဆောင်သောကျီးလည်းမဟုတ်.)


“ဒီလိုမျိုးလုပ်လို့ဘယ်ရမလဲ လာမိအေး..


မုဆိုးမသမီးဆိုပြီး ခြေတော်တင်တာ..မခံဘူးဟေ့..


လာခဲ့ ဒီကိစ္စအပြက်ရှင်းမယ်”ဒေါ်မြသစ် သမီးဖြစ်သူမိအေးလက်ကိုဆွဲပြီးဒရောပါးထွက်လာခဲ့လေသည်..။


ရွာလည်က အုပ်ချုပ်ရေးမှူးအိမ်သို့….


********************************


အုပ်ချုပ်ရေးမှူးအိမ်ဝင်လိုက်တော့..၊ဝိုင်းအုံနေတဲ့လူအုပ်ကြီးကိုတွေ့ပြီး ကျတော်မျက်လုံးပြူးသွားသည်..


လာခေါ်တဲ့ဆယ်အိမ်မှူးဧးသုရဲ့ပြောစကားအရ မိအေးမှာ..


သူ့ကိုယ်ဝန် လွယ်ထားရလို့ ၊အုပ်ချုပ်ရေးမှူးဆီလာတိုင်နေတယ်တဲ့


ကျတော်..မျက်လုံးပြူးသွားသည်၊မိအေးဆိုတာ..မီးကောင်ပေါက်အရွယ်ကလေးမလေး၁၆ ၁၇နှစ်အရွယ်လေးနှမလေးလိုသဘောထားခဲ့သည်၊


စိတ်နဲ့တောင်မပြစ်မှားဖူး၊ဘယ်လိုကြောင့်များ…“လာလာ ဆရာပိုင်စိုး”ကျတော်ရောက်တော့ အုပ်ချုပ်ရေးမှူးကမျက်နှာမသာမယာနဲ့လှမ်းခေါ်သည်


လူအုပ်ကရှဲပေးလိုက်တော့၊အုပ်ချုပ်ရေးမှူးစားပွဲရှေ့မှာတရှုံ့ရှုံ့ငိုနေသောမိအေး၊ဘေးမှာသူ့ကိုမျက်ထောင့်နီကြီးနဲ့ကြည့်နေတဲ့ဒေါ်မြသစ်…


“ကဲဆရာ..မိအေးက သူ့မှာ ဆရာနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီးတဲ့..”“ဟုတ်ကဲ့ အဲ မဟုတ်ကဲ့..နေပါဦးဗျာ မိအေးကိုကျွန်တော်မေးပါရစေ


”“ဒီမှာဆရာ ကျုပ်တို့ရွာသူကို စားပြီးနားမလည် မလုပ်ပါနဲ့”ဘေးက ကာလသားခေါင်းမိုးပြေးကဝင်ပြောသည်..၊


“အာ စားပြီးနားမလည် လည်းမလုပ်ပါဘူးဝါးပြီးထွေးထုတ်လည်းမလုပ်ပါဘူး..အခုဟာက ကျွန်တော်ကိုယ်တိုင်မသိလို့မေးပါရစေလို့..


”“ဟား ဒါကတော့ရှင်းပါတယ်ဗျာ..မိအေးကဆရာ့အိမ်ကိုနေ့တိုင်းပန်းလာလဲပေးဝေယာဝစ္စလာလုပ်ပေးနေတာပဲ..


တစ်နေ့ ဆရာမူးလာမယ်၊မိအေးကဆရာ့အိပ်ခန်းထဲသန့်ရှင်းရေးဝင်လုပ်ပေးနေမယ်


၊မူးလာတဲ့ဆရာက၊ဆရာပြောပြောနေတဲ့..မြို့ကဆရာ့ချစ်သူမှဲ့နီလေးနဲ့အမြင်မှားမယ်ပြီးတော့ မိအေးကို ဟွာပြုမိမယ်


မိအေးကရှက်လို့ဘယ်သူ့မှမပြောပဲနေမယ်၊ဆရာကမူးပြီးအိပ်ပျော်သွားပြီး၊ဘာမှမမှတ်မိတော့ဘူး၊အဲ အခုကျအထုတ်အထည်ပေါ်လာတော့မိအေးကဖော်လိုက်တယ်


၊ဒါပဲပေါ့ဗျ..”ကာလသားခေါင်းမိုးပြေးကသူထင်ရာစွတ်ပြောနေလေသည်..


“ဟာဗျာ ကျွန်တော်ကမနက်အစောကြီး..မူးရမလားဗျ


ကျွန်တော်တစ်ခါတလေပဲသောက်စားတက်တယ်၊ဒါတောင်ရွာမှာဘယ်တော့မှမသောက်ဘူး၊ကျောင်းပိတ်ရက်မြို့သွားတဲ့အခါ၊သူငယ်ချင်းတွေနဲ့တွေ့မှနည်းနည်းပါးပါးပါ၊ပြီးတော့ဒီကိစ္စကြီးဖြစ်တာမမှတ်မိနိုင်လောက်အောင်ကြီးတော့..ဟာ..မဟုတ်သေးပါဘူးဗျာ


”“ဟေ့ကောင်မိုးပြေး မင်းထင်ရာမြင်ရာတွေစွတ်ပြောမနေနဲ့ကွ”အုပ်ချုပ်ရေးမှူးဝင်ဟန့်လိုက်မှ၊ရွာမှာအရပ်ပြဇာတ်လုပ်ရင်အမြဲဇာတ်ညွှန်းရေးသူ၊တစ်နေ့နိုင်ငံကျော်ဘတ်ဆဲလ်လားစာရေးဆရာဖြစ်ရမယ်လို့အမြဲကြုံးဝါးနေတဲ့..ကာလသားခေါင်းမိုးပြေး ပါစပ်ပိတ်သွားလေသည်။


အဲ့တော့မှ..ကျတော်က ဒေါ်မြသစ်ဘက်လှည့်ပြီး…“အဒေါ် ကျွန်တော်တောင်းပန်ပါတယ်ဗျာ..ဟို…”“ဒီကိစ္စ တောင်းပန်ရုံပြီးတဲ့ကိစ္စမဟုတ်ဘူး..ကျောင်းဆရာ..


”ဒေါ်မြသစ်ဒေါသနဲ့ပြန်ပြောသည်၊ဒေါ်မြသစ်အသံကြောင့်ဝိုင်းအုံနေတဲ့လူတွေဆီမှ..အသံများကြွတ်စိစိထွက်ပေါ်လာလေသည်။


“ဟုတ်ကဲ့ပါအဒေါ် ဒီကိစ္စကျွန်တော်ဟာ သေချာရင်၊မိအေးကိုတင့်တောင်းတင့်တယ်လက်ထပ်ယူပါ့မယ်


ဒါပေမယ့်..ကျွန်တော်မေးပါရစေ ရှင်းအောင်.”“ဟုတ်တယ် မိအေး အခုအခြေအနေရောက်မှ ရှက်မနေနဲ့တော့ဆရာလေးပိုင်စိုး အပါအဝင်အားလုံးရှင်းအောင် ဆရာလေးမေးတာ ဖြေလိုက်..


”အုပ်ချုပ်ရေးမှူးကဝင်ပြောလိုက်တော့..မိအေးခေါင်းမော့ကြည့်သည်..“ကဲ ဆရာမေးပါ”“ညီမလေးမိအေး အခုညည်းကိုယ်ဝန်ကဆရာနဲ့ပက်သက်တာဆိုရင်..


ဘယ်တုန်းက ဆရာနဲ့ငြိစွန်းခဲ့တယ်..ပြောပြပါ


ဆရာတကယ်မမှတ်မိလို့..မရှက်နဲ့ညီမ ဆရာသာမှန်ရင်အကုန်တာဝန်ယူမှာပါ”“လွန်ခဲ့နှစ်လလောက်က ဆရာမြို့ကပြန်လာနောက်ရက်..


”မိအေးရဲ့တိကျတဲ့အဖြေကြောင့်.အားလုံး..“ဟင်”လို့ ဖြစ်သွားသည်..။“ဟုတ်ပြီး ဆရာမှတ်မိတယ်..အဲ့နေ့က..ဘယ်လိုက ဘယ်လိုစဖြစ်တာလဲ..ပြောပြပါ ညီမ..


”“အဲ့နေ့က ကျွန်မလာတော့ ဆရာအအပေါက်ထဖွင့်ပေးတယ်လေ..”“အင်း ဟုတ်ပြီ..မှတ်မိတယ်..


”“ဆရာကပြောတယ်လေ..ဆရာညကမှမြို့ကပြန်လာတာ အပေါင်းသင်းတွေနဲ့တွေ့လို့နည်းနည်းသောက်လာတာ အမူးမကျလို့..ကျောင်းပိတ်ရက်မို့ပြန်အိပ်လိုက်ဦးမယ်လို့ဆရာပြောတယ်လေ..”“


အင်း မှတ်မိတယ် အဲ့နေ့ကတနင်္ဂနွေနေ့”“အဲ့ဒါနဲ့ကျွန်မလည်းဘုရားပန်းလဲ..အိမ်သန့်ရှင်းရေးလုပ်ပြီး..ဆရာ့အခန်းထဲကစားပွဲပေါ်ကပန်းအိုးလဲဖို့အလာ..


”“အင်း”“အဲ့တော့ ဆရာကဆရာ့အခန်းထဲကုတင်ပေါ်မှာ အင်္ကျီမပါပဲအိပ်ပျော်နေတယ်..”“အင်း”“ကျွန်မလည်းရှက်ရှက်နဲ့ဆရာ့ကိုမကြည့်ပဲဆရာ့ကုတင်ဘေးကစားပွဲပေါ်ကပန်းအိုးလေးယူပြီး ပန်းအသစ်လဲပေးတယ်လေ..


”“အင်း”“ပန်းအိုးပြန်ထားပြီးဆရာနိုးမှာစိုးလို့..ခြေဖွဖွလေးနဲ့..ကြိုးတန်းကဆရာ့အဝတ်စားတွေလျှော်ပေးဖို့အယူ…နောက်ကဆရာကလေ…


”“အင်း ဆိုပါဦး အာ့အထိဆရာမသိဘူး..”“ဆရာက နောက်ကနေပြီး အိပ်နေရင်းကလက်ယမ်းလိုက်တာ အခုဏကပန်းအိုးလေးကိုထိမိပြီး ကျကွဲသွားတယ်လေ..


”“အဲ့တော့..”“ကျွန်မလည်း လန့်ပြီးနောက်လှည့်ကြည့်တော့ ပန်းအိုးကကြမ်းပြင်မှာကျကွဲ့နေတယ်အခုဏက ကျွန်မလဲပေးထားတဲ့နှင်းဆီပန်းလေးပေါ်ကပျားကောင်လေးထပျံသွားတာတွေ့လိုက်ရတယ်..


အဲ့မှာ ကျွန်မဘဝတော့သွားပါပြီဆိုတာသိလိုက်ရပြီး..မျက်နှာကိုလက်အုပ်ပြီး ဆရာ့အိမ်ကပြေးထွက်ခဲ့တယ်


”“အန်..အာ့နဲ့နင့်မှာကိုယ်ဝန်က..”“ကိုယ်ဝန်ရှိနေပြီဆိုတာ..ဒီနေ့မှသိလိုက်တာပါ မနက်ကကျွန်မသွားတိုက်နေရင်းပျို့တက်လာပြီးအန်တယ်


အဲ့မှာကျွန်မကိုယ်ဝန်ရှိနေပြီဆိုတာသိလိုက်တာ..


”“ဟာ..မဟုတ်သေးပါဘူး..”“ဘာမဟုတ်သေးပါဘူးလဲဆရာ..


မိအေးကိုတောသူဆိုပြီးအထင်မသေးပါနဲ့..မြန်မာဗွီဒီယိုကားတွေကြည့်ထားတာပါ..


သူဌေးသားကမူးလာတယ်၊အိမ်ဖော်မလေးကသူဌေးသားအခန်းသန့်ရှင်းရေးလုပ်နေတယ်၊ပြီးရင် ပန်းအိုးကျကွဲတယ်၊ပန်းပွင့်ကိုပျားကနမ်းပြီး ထပျံသွားတယ်၊နောက်တော့..အိမ်ဖော်မလေးပျို့အန်တယ်၊ပြီးရင်ကိုယ်ဝန်ရလာတော့ သူဌေးသားကမယူနိုင်ဘူးငြင်းတယ်.


ဆရာလည်းငြင်းမှာမလား..သိပါတယ်..မိအေးကိုကကံဆိုးတာပါ..အရက်မူးမကျဘူးဆိုကတည်းကလှည့်ပြန်လာရမှာ..


အခုတော့ သူ့အခန်းထဲဝင်မိတယ်ပန်းအိုးကွဲတဲ့အဆင့်ကိုရောက်ရတယ်..ဟီး..”မိအေး ပြောပြောဆိုဆိုဗြဲကနဲထငိုလေသည်။နားစွင့်နေသောလူအုပ်ကြီး..”ဟင်”ခနဲ..“ဟာ”ခနဲဖြစ်ကုန်သည်..။.


ထိုအထဲတွင်မှ မိအေးအမေ ဒေါ်မြသစ်မျက်နှာကြီးရဲပြီးပါစပ်ဟောင်းလောင်းကြီး..အုပ်ချုပ်ရေးမှူး ဒေါသပေါက်ကွဲသွားလေသည်


@#$%& မိအေး အဲ ငါဒီလိုဆဲရင်လည်း..နောက်တစ်ခါပျို့ရင်


ငါ့ကြောင့်ဖြစ်ဦးမယ်သွားတော့ ဒေါ်မြသစ် ခင်ဗျားသမီးကို..ကျမ္မာရေးမှူးဆီခေါ်ပြီးဆေးစစ်ပြလိုက်


”ကျတော်လည်း သက်ပြင်းမောကြီးချမိလေတော့သည်..။


(မြန်မာဗွီဒီယိုကားများနှင့်မြန်မာရုပ်သံဇာတ် လမ်းတွဲအားဂုဏ်ပြုအပ်ပါသည်​)


Shwe A Lin