မြန်မာအိုင်ဒေါ ပွဲဆူပြီ.. အဆဲခံရဖူးပြီဆိုတဲ့ သက်မွန်မြင့်

2019-11-22 11:01:14


မြန်မာအိုင်ဒေါ ပွဲဆူပြီ.. အဆဲခံရဖူးပြီဆိုတဲ့ သက်မွန်မြင့်

မြန်မာအိုင်ဒေါ ပွဲဆူပြီ.. အဆဲခံရဖူးပြီဆိုတဲ့ သက်မွန်မြင့်


မြန်မာအိုင်ဒေါနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ခံစားတွေ တစ်ခုကို တင်လိုက်မိတဲ့ အတွက် သဘောထားမတူညီတဲ့ သူတွေရဲ့ ဝေဖန်ပြောဆိုခြင်းတွေ ခံနေရတဲ့ သက်မွန်မြင့်ရဲ့ ဂယက်တစ်ခုကို တင်ပြပေးလိုက်ပါတယ်။


မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် အယ်စတာကို နှစ်ခြိုက်အားပေးတဲ့ သက်မွန်မြင့်ကတော့ သူမရဲ့ ဖေ့ဘုတ်ပေ့ကနေပြီး “ဘာမှ လာမပြောနဲ့တော့ အက်စတာပဲ သူမရရင် မရိုးသားလို့ပဲ သူ့အသံ ဆိုဟန် လှုပ်ရှားမှု မဒီ နီးနီးပဲ သူ့အသံကလည်း သူပဲ ( ဒါ ကိုယ့်ရဲ့လွတ်လပ်မှုတခုနဲ့ ပြောတာပါ.. သဘောထားကွဲလွဲနိုင်ပါတယ်) ” ဆိုပြီး တင်ပြထားခဲ့ပါတယ်။


အခုလိုတင်ပြထားမှုကြောင့် အခြားပြိုင်ပွဲဝင်တွေကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေရှိလာတာကြောင့် အချိန် သိပ်မကြာခင်မှာပဲ Edit လုပ်ပြီး ” ဘာမှ လာမပြောနဲ့တော့ အက်စတာပဲ.. သူ့အသံ ဆိုဟန် လှုပ်ရှားမှု မဒီ နီးနီးပဲ သူ့အသံကလည်း သူပဲ ( ဒါ ကိုယ့်ရဲ့လွတ်လပ်မှုတခုနဲ့ ပြောတာပါ.. သဘောထားကွဲလွဲနိုင်ပါတယ်)” ဟုဆိုကာ ပြန်လည် ပြင်ဆင်လိုက်တာကိုတွေ့ရပါတယ်။


ဒီအကြောင်းနဲ့ ပတ်သက်ပြီး သက်မွန်မြင့်မှ ဖြေရှင်းချက်တစ်ချို့ ဆက်လက်ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။