ရှေ့နေတစ်ဦး ပြောဆိုချက်အရ မယားကြီးဖြစ်သူ တရားပြန်စွဲခံရဖို့ အခြေအနေရှိနေတယ်တဲ့

2019-11-22 11:02:11


ရှေ့နေတစ်ဦး ပြောဆိုချက်အရ မယားကြီးဖြစ်သူ တရားပြန်စွဲခံရဖို့ အခြေအနေရှိနေတယ်တဲ့

ရှေ့နေတစ်ဦး ပြောဆိုချက်အရ မယားကြီးဖြစ်သူ တရားပြန်စွဲခံရဖို့ အခြေအနေရှိနေတယ်တဲ့


မယားကြီးဖြစ်သူက သူမယောကျာ်းနဲ့ မယားငယ်ကို ဟိုတယ်ခန်းထဲမှာ ရဲတွေနဲ့ ဝင်ရောက်ဖမ်းဆီးကာ အမှုဖွင့်ခဲ့တဲ့ သတင်းကို ပရိသတ်ကြီးလည်း အားလုံးသိကြပြီးဖြစ်မှာပါ။ဒီလို ဝင်ရောက်ဖမ်းဆီးတဲ့ Video ဖိုင်ဟာ လူမှုကွန်ယက်မှာ အလွန်ကို ပျံ့နှံ့သွားခဲ့ပြီး ထင်မြင်ချက်တွေအမျိုးမျိုးလည်းထွက်ပေါ်လာခဲ့ပါတယ်။


ဒီထင်မြင်ချက်တွေထဲမှာ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးရဲရင့် ေ၀ ရဲ့ ထင်မြင်ချက်လေးကတော့ လူမှုကွန်ယက်မှာ အထူးပျံ့နှံ့နေတာဖြစ်ပြီး သတိထားစရာ ကိစ္စရပ်လေးလည်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။


ဦးရဲရင့်ဝေက (((( မနက်က Video File ကြည့်လိုက်ရတယ် …


ရှေ့နေကြည့်တော့ ရှေ့နေအမြင်ပေါ့ …


သတိပေးချင်တာလေးလည်းတွေ့လို့ ပြောတော်မူဖို့ စာကိုသီတယ်ပေါ့ဗျာ …


တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာဥပဒေက အရပ်သားနားလည်အောင် လူပြိန်းပြောပြောရရင် ကျူးလွန်သူ(၂)ယောက်လုံး အိမ်ထောင်ရှင်ဖြစ်နေမှ နှစ်ယောက်လုံးကို တရားစွဲလို့ရတာပါ …


ဥပမာ – ကျွန်တော့အမျိုးသမီးက ကျွန်တော့ကို သင်ဇာဝင့်ကျော်နဲ့ ဖောက်ပြန်တယ်လို့ စွပ်စွဲတိုင်ကြားတယ်ဆိုပါစို့( ဤကားဥပမာတည်း)


ကျွန်တော်က အိမ်ထောင်ရှင်ဖြစ်လို့ တရားစွဲခံရမှာဖြစ်ပေမယ့် သင်ဇာလေးက(အဟိ) အိမ်ထောင်မရှိသူ အပျိုဖြစ်လို့ တရားစွဲခံရမှာ မဟုတ်ပါဘူး …


မနက်က Video File ကိုကြည့်လိုက်တဲ့အခါ ဘာသွားတွေ့လဲဆိုတော့ …


Video ရိုက်ပြီး Facebook မှာတင် အရှက်ခွဲသလိုလုပ်ထားတာ သွားတွေ့ရတယ် …


ကာယကံရှင်အမျိုးသမီးအနေနဲ့ ဒေါသအလျောက်လုပ်မိတာဖြစ်နိုင်ပေမယ့် Video ရိုက်ပြီး အတင်ခံရတဲ့ အမျိုးသမီးက တရားပြန်စွဲဖို့ အခွင့်အရေးပေးလိုက်သလိုပါပဲ …


ဘာတွေနဲ့ တရားစွဲနိုင်လဲဆိုတော့ ဆက်သွယ်ရေးဥပဒေတို့ နိုင်/လွတ်/လုံ တို့နဲ့ပါပဲ …


ဒါလေးကို သတိချပ်ကြစေချင်ပါတယ် …)))) ဆိုပြီးဖော်ပြထားတာပါ။


သူ့အလွန်ကကိုယ့်အလွန်ဖြစ်မသွားရ စေအောင် ရှေ့နေတစ်ယောက်အနေနဲ့ ဥပဒေ ရှူထောင့်က နေ ဖော်ပြထားတာမလို့ ဗဟုသုတ တစ်ခုအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်နော်။


Writer – Magic (Shwe Yaung Lan)