အသက်မပြည့်သူလူငယ်မောင်းသည့်ဆိုင်ကယ်ဖြင့်တိုက်မိရာမှ မူလတန်းပြ ဆရာမတစ်ဦး သေဆုံးခဲ့ရ

2019-11-22 11:03:33


အသက်မပြည့်သူလူငယ်မောင်းသည့်ဆိုင်ကယ်ဖြင့်တိုက်မိရာမှ မူလတန်းပြ ဆရာမတစ်ဦး သေဆုံးခဲ့ရ

အသက်မပြည့်သူလူငယ်မောင်းသည့်ဆိုင်ကယ်ဖြင့်တိုက်မိရာမှ မူလတန်းပြ ဆရာမတစ်ဦး သေဆုံးခဲ့ရ


အသက်၁၄ နှစ်သာရှိသေးသူလူငယ်မောင်းလာသည့် ဆိုင်ကယ်မှခါးလည်ကဖြတ်တိုက်မိသောကြောင့် အခြားဆိုင်ကယ်က မူလတန်းပြဆရာမတစ်ဦး သဲအိမ်ကျေးရွာတွင်နိုဝင်ဘာ၁၉ ရက်က သေဆုံးခဲသည်။


နိုဝင်ဘာ ၁၉ ရက်နေ့မွန်းလွဲ ၂နာရီခန့်က သဲအိမ်ကျေးရွာသချိင်္င်းအနီး လမ်းမပေါ်တွင် ဆိုင်ကယ်၂စီးတိုက်မိခဲ့သည်။အမကရေတွင်းကုန်း သို့ပြန်လာသောမူလတန်းပြဆရာမ ဒေါ် မျိုးမျိုးလွင် ၂၁ နှစ် ဘ ဦးလှသန်း ကျွဲခြံကျေးရွာ နှင့်ဒေါ် ခိုင်ဖြိုးေ၀ ၂၄ နှစ် ဖလပ်ရပ်ကွက် ဇင်းကျိုက်မြို့နေသူတို့စီးလာသော ဟွန်ဒါဝေ့ ၁၀၀ ဖြူနက် အရောင်ဆိုင်ကယ်အား


မောင်ဆွီတီ ၁၄ နှစ် ဘ ဦးချစ်သန်းဦး မောင်းလာသည့် ဟွန်ဒါဝေ့ဝ် ၁၀၀အနက်ရောင်ဆိုင်ကယ်မှ ကန့်လန့်ဖြတ်ဝင်တိုက်မိခဲ့သဖြင့် ဆရာမဒေါ်မျိုးမျိုးလွင်သည် ဒဏ်ရာရရှိသေဆုံးသွားသည် ဆရာမဒေါ် ခိုင်ဖြိုးဝေတွင်လည်းဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။




အဆိုပါအမှုဖြစ်စဉ်အား သဲအိမ်ရဲကင်းစခန်းမှ ရဲအုပ် ဥက္ကာအောင်ကတရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မုတ္တမနယ်မြေရဲစခန်း ယာဉ် (ပ)၃၂/ ၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က)/၃၃၇ အရ မောင်ဆွီတီ အားအမှုဖွင့်အရေးယူထားသည်။


အသက်မပြည့်သေးသူ ကလေးသူငယ်များအား ဆိုင်ကယ်ဝယ်ပေးပြီး စီးနင်းမောင်း နှင်စေ ထားသောမိဘများ မှာလည်း ဥပဒေ အရ ကန့်သတ်ထားမှုများအား သတိပြုလိုက်နာသင့်သည်ဟု ဒေသခံတစ်ဦးက ဝေဖန်ပြောဆိုထားသည်။


Crd;aungparsay