ဆီးဂိမ်းစ်တွင် မြန်မာက အရှေ့တီမောကို ၃ – ၁ ဂိုးဖြင့်နိုင်ပြီး အုပ်စုထိပ်ဆုံးရပ်တည်နေ

2019-11-29 22:49:09


ဆီးဂိမ်းစ်တွင် မြန်မာက အရှေ့တီမောကို ၃ – ၁ ဂိုးဖြင့်နိုင်ပြီး အုပ်စုထိပ်ဆုံးရပ်တည်နေ

ဆီးဂိမ်းစ်တွင် မြန်မာက အရှေ့တီမောကို ၃ – ၁ ဂိုးဖြင့်နိုင်ပြီး အုပ်စုထိပ်ဆုံးရပ်တည်နေ


ဖိလစ်ပိုင်နိုင်ငံမှာ ဒီကနေ့ညနေကန်သွားတဲ့ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု ပွဲစဉ်မှာ မြန်မာ ယူ ၂၂ အသင်းက အရှေ့တီမော ယူ – ၂၂ အသင်းကို ၃ – ၁ ဂိုးနဲ့ အနိုင်ရ သွားပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။


မြန်မာအတွက် အနိုင်ဂိုးတွေကို အောင်ကောင်းမာန်၊ ထက်ဖြိုးဝေနဲ့ လှိုင်းဘိုဘိုရဲ့ ခေါင်းတိုက်ချက်တွေကနေတဆင့် ရခဲတာပါ။


တီမောအတွက် ချေပဂိုးကို တန်ပြန်တိုက် စစ်ကနေ တဆင့် တီမော တိုက်စစ်မှူးမက်စ်ကွီတာက သွင်းယူခဲ့ ပါတယ်။


ဒုတိယပိုင်းမှာ မြန်မာအသင်း အခွင့်အရေးတချို့ရခဲ့ပေမယ့် လူစားဝင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဝင်းနိုင်ထွန်း၊ စည်သူအောင်နဲ့ စိုးလွင်လွင်တို့ အသုံးမချနိုင်ခဲ့လို့ ၃ဂိုး ၁ဂိုးရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။


လတ်တလော မြန်မာက နှစ်ပွဲနိုင် တပွဲသရေ ရမှတ် ၇ မှတ်နဲ့ အုပ်စု (က)မှာ ထိပ်ဆုံးမှာ ရပ်တည်နေပြီး တီမောအသင်းကတော့နိုင်ပွဲမရသေးဘဲ အုပ်စုနောက်ဆုံးမှာ ရှိနေပါတယ်။


ဓာတ်ပုံ- MFF၊ Sport Myanmar Win

DVB TV News