ချောင်းသာကမ်းမြို့ကို ခိုးဝင်လာသည့် ဘင်္ဂါလီ(၉၆)ဦး ဖမ်းဆီးထား

2019-11-29 22:59:45


ချောင်းသာကမ်းမြို့ကို ခိုးဝင်လာသည့် ဘင်္ဂါလီ(၉၆)ဦး ဖမ်းဆီးထား

ချောင်းသာကမ်းမြို့ကို ခိုးဝင်လာသည့် ဘင်္ဂါလီ(၉၆)ဦး ဖမ်းဆီးထား


ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင် ချောင်းသာမြို့နယ်၊ကံကြီးကျေးရွာ အုပ်စု၊ဥတိုကျေးရွာရှိ ဥတိုတံတားအနီး တွင် စက်လှေ(၂)စီးဖြင့် ခိုးဝင်လာသည့် ဘင်္ဂါလီ(၉၆)ဦးကိုဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ချောင်းသာနယ်မြေရဲစခန်းမှ သိရသည်။


”သတင်းအရ ဖမ်းမိတဲ့ ဘင်္ဂါလီတွေကို စစ်ဆေးနေပါတယ် ချောင်းသာ နယ်မြေရဲစခန်းမှာ ကလေး တွေလည်းပါတယ် အမျိုးသားတွေက ပိုများ တယ်စက်လှေ ၂ စီးနဲ့ဝင်လာတာပါ”ဟု ချောင်းသာနယ်မြေရဲစခန်းမှ ရဲအုပ် ထွန်းထွန်းဝင်းက ပြောသည်။


မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ရဲတပ်ဖွဲ့၊သစ်တောဦးစီးဌာန၊ကျေးရွာအုပ်ချုပ်ရေးမှူး စသည့်ပူးပေါင်းအဖွဲ့များပါဝင်သည့်် ဘင်္ဂါလီများ ခိုးဝင်လာသည်ဟု သတင်းအရ ဥတိုကျေးရွာ၊ဥတိုတံတား အနီးချောင်းစပ်တွင် စောင့်ဆိုင်း နေရာမှာ စက်လှ ၂ စီးဖြင့်ဝင်လာသည့် ဘင်္ဂါလီ စုစုပေါင်း ၉၆ ဦးကို နိုဝင်ဘာ ၂၉ ရက် နံနက်စောအပိုင်းက ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်