သူငယ်ချင်း (၃) ဦး ရေသွားကူးပြီး၊ (၁) ဦး ရေနစ်တာကို မကယ်ဘဲ ဗီဒီယို ရိုက်ကြလို့ သေဆုံး

2019-12-01 21:31:08


သူငယ်ချင်း (၃) ဦး ရေသွားကူးပြီး၊ (၁) ဦး ရေနစ်တာကို မကယ်ဘဲ ဗီဒီယို ရိုက်ကြလို့ သေဆုံး

သူငယ်ချင်း (၃) ဦး ရေသွားကူးပြီး၊ (၁) ဦး ရေနစ်တာကို မကယ်ဘဲ ဗီဒီယို ရိုက်ကြလို့ သေဆုံး


အသက် (၁၉) နှစ်အရွယ် Jaffer Ayub ဟာ သူ့ရဲ့ သူငယ်ချင်း (၂) ဦးနဲ့ အတူ ရေသွားကူးခဲ့ကြပြီး၊ ရေနစ်နေပေမဲ့ သူ့ရဲ့ သူငယ်ချင်း (၂) ဦးက မကယ်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။


သူတို့ (၃) ဦးဟာ အိန္ဒိယနိုင်ငံ၊ Karnaraka ပြည်နယ်၊ Karlburgi မြို့ ဖြစ်ပြီး ရေသွားကူးခဲ့ကြပါတယ်။ သူတို့ (၃) ဦးထဲက Jaffer Ayub ဟာ ရေထဲကို ဒိုင်းဗင်ထိုးပြီးတော့ အရင်ဆုံး ရေထဲကို ဆင်းခဲ့ပါတယ်။


Jaffer Ayub ဟာ ရေထဲကို ဒိုင်းဗင်ထိုး ပြီးတဲ့နောက် ကမ်းပါးနဲ့ အနည်းငယ် အကွာကို ကူးခပ်သွားပါတယ်။ ဒါပေမဲ့ သူဟာ ကမ်းပါးကို ရေပြန်ကူးလာတဲ့ အချိန်မှာ အလွန် ပင်ပန်းခဲ့ပြီး အားမရှိတော့တာကြောင့် ရေနစ်သွားခဲ့ပါတယ်။


ကမ်းပါးပေါ်မှာ သူ့ရဲ့ သူငယ်ချင်း (၂) ဦး ရှိနေကြပြီး (၁) ဦးက Jaffer Ayub ကို ကယ်ဖို့ လက်ကမ်းခဲ့ပေမဲ့ ဘာလို့လဲ မသိ၊ သူ့ရဲ့ လက်ကို ပြန်ရုပ်သွားခဲ့ပါတယ်။