ကျားပိုက်အလုပ်ရှင်က ကိုယ်ထိလက်ရောက်ကျုးလွန်သဖြင့် ရေလုပ်သားတစ်ဦး သေဆုံး

2019-12-02 11:41:21


ကျားပိုက်အလုပ်ရှင်က ကိုယ်ထိလက်ရောက်ကျုးလွန်သဖြင့် ရေလုပ်သားတစ်ဦး သေဆုံး

ကျားပိုက်အလုပ်ရှင်က ကိုယ်ထိလက်ရောက်ကျုးလွန်သဖြင့် ရေလုပ်သားတစ်ဦး သေဆုံး


တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ကမ်းစောက်ကျေးရွာမှာ ကျားပိုက်အလုပ်ရှင်က ကိုယ်ထိလက်ရောက် ကျုးလွန်တာကြောင့် အလုပ်သမားတယောက် သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ပြည်ကြီးမဏ္ဍိုင်ရဲကင်းစခန်းက ပြောပါတယ်။


နိုဝင်ဘာ ၂၈ ရက်နေ့ညပိုင်းက အသက် ၂၇ နှစ်အရွယ် ကျားပိုက်လုပ်ငန်းရှင်က အသက် ၄၀ အရွယ်ရှိတဲ့ ရေလုပ်သားတဦးကို ကျားပိုက်မဆွဲဘဲ အိပ်နေတဲ့အတွက် ဆူပူကြိမ်းမောင်းကာ ဦးခေါင်းကို ခြေထောက်နဲ့ ကန်လိုက်တဲ့အတွက် လဲကျသွားခဲ့ပြီးနောက် ဦးခေါင်းကိုကိုင်ကာ ကြမ်းပြင်နဲ့ ထပ်မံဆောင့်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါဖြစ်စဉ် ဖြစ်ပြီးတဲ့နောက် ရေလုပ်သားမှာ သတိလစ်မေ့မြောသွားတာကြောင့် အနီးနားမှာရှိသူတွေက ဝိုင်းဝန်းပြုစုနေတဲ့အချိန် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး သေဆုံးသွားသူရဲ့ ဇနီးဖြစ်သူက တရားလိုပြုလုပ်ကာ ပြည်ကြီးမဏ္ဍိုင်မြို့ နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး ကော့‌သောင်းခရိုင်တရားရုံးကို တရားစွဲတင်ပို့နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်ကြီးမဏ္ဍိုင်နယ်မြေ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။


လတ်ကိုကိုဦး DVB TV News