၂၀၁၉ ဒီဇင်ဘာလအတွင်းထူးခြားမည့်ဖြစ်စဉ်များ

2019-12-02 11:43:34


၂၀၁၉ ဒီဇင်ဘာလအတွင်းထူးခြားမည့်ဖြစ်စဉ်များ

၂၀၁၉ ဒီဇင်ဘာလအတွင်းထူးခြားမည့်ဖြစ်စဉ်များ


လာမယ့် ဒီဇင်ဘာလမှာတော့ အာကာသအတွင်းမှာ ထူးခြားမည့်ဖြစ်စဉ်များနဲ့ ပြည့်နက်လို့နေပါတယ်။ ကြယ်ကြွေခြင်း (ကြယ်မိုးရွာခြင်း) များ၊ ဂြိုဟ်ပူးခြင်း (ဂြိုဟ်စစ်ထိုးခြင်း) ဖြစ်စဉ်များအပြင်.. နေကြတ်ခြင်းလည်း ဖြစ်ပေါ်မှာဖြစ်ပြီး.. ညကောင်းကင်ဟာလည်း ကြည်လင်ဝင်းပလို့ နက္ခတ်တာရာ စုံညီစွာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။


ကြယ်တွေ ကြွေမယ့် နေ့ရက်များကတော့… ဒီဇင်ဘာ (၂-၆-၇-၉-၁၄-၁၆-၂၀-၂၃) ရက်များဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့..


ဒီဇင်ဘာ (၁၄) ညမှာ ကြွေမယ့် မေထုန်ရာသီ ကြယ်မိုး (Geminid Meteor Shower) ဟာ ကြယ်မိုးဘုရင်လို့ တင်စားရလောက်အောင် များပြားတဲ့ (တစ်နာရီကို အလုံး ၁၂၀ လောက်ကြွေဆင်းမယ့်) ကြယ်မိုးဖြစ်ပါတယ်။


နတ်တော်လပြည့်ဟာ ဒီဇင်ဘာ (၁၂) ရက် (ကြာသပတေးနေ့) မှာ ပြိဿရာသီမှာ ပြည့်မှာဖြစ်ပြီး… ၁၄ ရက်နေ့မှာ မေထုန်ရာသီကို ရောက်နေမှာဖြစ်လို့… ကြယ်မိုးရွာချိန်မှာ လ ရဲ့ အလင်းရောင်အနှောက်အယှက်များ ရှိနေနိုင်ပါတယ်။


ဒီဇင်ဘာ ၂၂ ရက်နေ့ဟာ ဒက္ခိဏယဉ်စွန်းချိန်ဖြစ်ပြီး ကျနော်တို့ နေထိုင်တဲ့ မြောက်ကမ္ဘာခြမ်း (အီကွေတာ၏ မြောက်ဘက်) မှာ နေ့တာတိုပြီး ညတာရှည်တဲ့ ဆောင်းဥတုသို့ အပြည့်အဝ ရောက်ရှိသွားမှာဖြစ်ပါတယ်။