ပုတ်ပွပြီးခုတ်ဖြတ်ထားသောအမျိုးသမီးလက်တစ်စုံ ၏နောက်ဆက်တွဲ သတင်း

2019-12-02 12:17:55


ပုတ်ပွပြီးခုတ်ဖြတ်ထားသောအမျိုးသမီးလက်တစ်စုံ ၏နောက်ဆက်တွဲ သတင်း

ပုတ်ပွပြီးခုတ်ဖြတ်ထားသောအမျိုးသမီးလက်တစ်စုံ ၏နောက်ဆက်တွဲ သတင်း


မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်၊မြင်းဇာရွာမှဒေါ်ခင်ညိုရီဆိုသူသည် 24.11.2019. ညနေ5း30ခန့်အချိန်တွင်

မောင်လင်းရွာသို့ခဏသွားမည်ပြောပြီး ထွက်သွားရာမှာအိမ်သို့ ပြန်မရောက်သည်မှာ ၅ရက်မျှကြာမြင့်သည့်အတွက်မိသားစုများမှ စိတ်ပူနေကြ၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကန်နယ်မြေရဲစခန်းသို့ လူပျောက်တိုင်ကြားခဲ့ကြပါသည်။


ထို့နောက် ကန်နယ်မြေရဲများနှင့် ကျေးရွာအနီးနားမှာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ရှာဖွေမှုပြုလုပ်ခဲ့ရာတွင် 29.11.2019ရက်နေ့တွင် မြင်းဇာရွာနဲ့ ၅မိုင်ခန့်အကွာဘော်ပြင်းကျေးရွာ မြစ်သာမြစ်ကူး တံတားတွင် အိတ်ဖြင့် ထုပ်ထားသောအထုပ် မျောပါလာသည်ကို ဆယ်ယူ ကြည့်ရှုခဲ့ရာ



Gan Gaw & Baw Pyin Village

လက်မောင်းရင်းမှ ခုတ်ဖြတ်ထားသော အမျိုးသမီး လက်တစ်စုံကိုတွေ့ရှိခဲ့သည့်အတွက် စစ်ဆေးရန် ဂန့်ဂေါမြို့ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများမှပို့ဆောင်ခဲ့ပါသည်။


၎င်းနောက်ရှာဖွေမှုဆက်လက်လုပ်ဆောင်ခဲ့ရာ 1.12.2019တွင်ကိုယ်ခန္ဓာ အလောင်းကို မြင်းဇာရွာနဲ့ ၂မိုင်ခန့်အကွာ ကျွဲနန်းကျေးရွာအနီး မြစ်သာမြစ်ထဲတွင်ရှာဖွေတွေ့ရှိခဲ့ပါသည်။


အမှုမှန် အမြန်ဆုံးပေါ်ပါစေ နှလုံးရောဂါရှိသူများ ဓာတ်ပုံမကြည့်ရန် မေတ္တာရပ်ခံအပ်ပါသည်


Gan Gaw – Baw Pyin Village