ရေခဲမြစ်ထဲကို တံတားပေါ်က ဘက်စ်ကားတစ်စီးထိုးကျ၊ (၁၉)ဦး သေဆုံး (၂၁)ဦးဒဏ်ရာရ

ရေခဲမြစ်ထဲကို တံတားပေါ်က ဘက်စ်ကားတစ်စီးထိုးကျ၊ (၁၉)ဦး သေဆုံး (၂၁)ဦးဒဏ်ရာရ
နှင်းတွေထူထပ်စွာ ကျဆင်းတဲ့အခါမျိုးမှာ ကားမောင်းရတာ အလွန်အန္တရာယ်များပါတယ်။ ရုရှားလို (၁၂)ရာသီနီးပါး အေးခဲရာသီဥတုကို ရင်ဆိုင်နေရတဲ့ နိုင်ငံမျိုးမှာ နှင်းချော်ပြီးတိမ်းမှောက်တဲ့ ကားတွေဟာ နှစ်စဉ်နှစ်တိုင်း ရာဂဏန်းလောက် ရှိတတ်ပါတယ်။
အခုလည်း DailyStar သတင်းမှာ ဖော်ပြထားတဲ့ သတင်းမှာတော့ Kuenga မြစ်ထဲကို တံတားပေါ်ကနေ ဘက်စ်ကားတစ်စီး ထိုးကျခဲ့ပါတယ်။ ကျခဲ့ရတဲ့အကြောင်းအရင်းကတော့ တံတားပေါ်မှာ နှင်းခဲတွေ ပြည့်နေတဲ့အတွက် ကားက စလစ်ဖြစ်ပြီး။ ဒလိမ့်ခေါက်ကွေး တိမ်းမှောက်သွားခဲ့တာပါ။
Kuenga မြစ်ရဲ့ရေပြင်ကနေ နွေ(၃)လလောက်သာ ရေအရှင်စီးဆင်းလေ့ရှိတဲ့မြစ်ပါ။ အခုလို ဆောင်းဦးပေါက်မှာ မြစ်ရဲ့ရေခဲထုပမာဏဟာ တစ်ပေအထူလောက် ရှိနေပြီလို့ သိရပါတယ်။ ဘက်စ်ကားပြုတ်ကျခဲ့တဲ့အတွက် ယာဉ်ပေါ်ပါသူ အားလုံးအနက် (၁၉)ဦး သေဆုံးခဲ့ပါတယ်။
(၂၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ယာဉ်ပေါ်မှာ (၄၃)ဦး ပါဝင်ခဲ့ပြီး၊ (၃)ဦးကတော့ ကံကောင်းထောက်မစွာ ဒဏ်ရာကင်းစင်ခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ခဲ့ရာနေရာကတော့ ဆိုက်ဘေးရီးယား၊ TransBaikal ပြည်နယ်မှာ ဖြစ်ပါတယ်။ ရဲကတော့ အခင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပါတယ်။
နေသူရိန် D Nae Khit Media
SEA GAMES မှာ သားဖြစ်သူ ရွှေရတဲ့နေ့၊ ဖခင်က ကွယ်လွန်သွားခဲ့တဲ့အဖြစ်
2019-12-06 10:58:11© Copyright 2019-Razzwire