ကလေး ကျောင်းကအပြန် မျက်နှာမှာ အညိုအမည်း စွဲနေလို့ မိခင်ဖြစ်သူက ကျောင်းက CCTV ကို တောင်းကြည့်လိုက်တဲ့အခါ.

2019-12-03 10:24:33


ကလေး ကျောင်းကအပြန် မျက်နှာမှာ အညိုအမည်း စွဲနေလို့ မိခင်ဖြစ်သူက ကျောင်းက CCTV ကို တောင်းကြည့်လိုက်တဲ့အခါ.

ကလေး ကျောင်းကအပြန် မျက်နှာမှာ အညိုအမည်း စွဲနေလို့ မိခင်ဖြစ်သူက ကျောင်းက CCTV ကို တောင်းကြည့်လိုက်တဲ့အခါ.


( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ယနေ့ခေတ်ကြီးဟာ ကြောက်ဖို့ကောင်းလာတယ်ဆိုရင် ပရိတ်သတ်ကြီးလက်ခံတယ်မလား ………..။ အားကြီးသူဟာ အားငယ်သူကို အနိုင်ကျင့်နေတဲ့ တောရိုင်းကြီးလို့တောင် တချို့ က ဆိုကြပါတယ်။ ဒ့ါအပြင့် ခန္ဓကိုယ်ချို့ယွင်းမှုများရှိခဲ့ရင်၊ ကိုယ်ထိလက်ရောက်မဟုတ်တောင် လှောင်ပြောင်မှုတွေနဲ့အနိုင်ကျင့်မှုတွေ ရှိခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူမှုကွန်ယက်မှာ လူပြောများနေတဲ့ ကိစ္စလေး တစ်ခုရှိပါတယ်။ ဒါကတော့ အော်တစ်ဇင်လို့ခေါ်တဲ့ ဉာဏ်ရည်ဖွံဖြိုးမှု ပုံမှန်မဟုတ်တဲ့ ရောဂါကို ခံစားနေရတဲ့ ကလေးငယ်တစ်ဦးကို ကျောင်းမှာ အနိုင်ကျင့်မှုတြွဖေစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်။




အဆိုပါကလေးငယ်ရဲ့ မိခင်ဟာ သူမရဲ့ ကလေးငယ်မျက်နှာမှာ အညိုအမည်းစွဲနေခဲ့ရာကနေ မသင်္ကာလို့ ကျောင်းရဲ့ CCTV ကိုကြည့်ရှုမှ သူမရဲ့ ကလေးငယ်ဟာ ကျောင်းမှာ အနိုင်ကျင့်ခံနေရတာကို သိရှိခဲ့ရတယ်လို့ဆိုပါတယ်။ ခန္ဓာကိုယ်ရဲ့ ဒဏ်ရာတွေဟာ ဘာ့ကြောင့်မှ မသိခဲ့ရဘူးလို့လဲဆိုပါတယ်။ကျောင်းတာဝန်ရှိသူတွေထံကနေ တစ်လဟာ CCTV မှတ်တမ်းတွေကို တောင်းယူကြည့်ရှုမှ ကလေးငယ်ရဲ့ ဒုက္ခကို သိခဲ့ရတယ်လို့ ဆိုပါတယ်။




အဆိုပါ ကလေးငယ်ကို အနိုင်ကျင့်မှုနဲ့ပတ်သတ်ပြီး မိခင် ဒေါက်တာ ခန့်ခန့်ဝင်းရွှေဟာ ကလေးငယ်အတွက် အမှန်တရားကို ရရှိဖို့ တရားဥပေဒနဲ့ဆက်လက်ပြီး လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ ပရိတ်သတ်ကြီးရေ ကလေးငယ်အတွက် တရားမှုရရှိအောင် ဆုတောင်းပေးကြပါဦးနော်။ လူ့ဘဝမှာ ဒီလိုအနိုင်ကျင့်မှုတွေဟာ များပြားလာခဲ့တာနဲ့အမျှ အားနည်းသူတွေဟာ အခုလို အနိုင်ကျင့်မှုတွေကြောင့် လူ့ဘဝကို မုန်းတီးပြီး စွန့်လွှတ်သွားတတ်ကြပါတယ်။ ဒီလို အနိုင်ကျင့်မှုတွေ ပပျောက်အောင်လို ဝိုင်းဝန်းပြီး ကြိုးပမ်းအားထုတ်ပေးကြပါနော်……………။


Writer- ME(Shwe Yaung Lan)

Video Source : Than Lwin Khet News


ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ