(၁၀) ကြိမ်မြောက် အောင်ဘာလေထီ ၅ သောင်း ပေါက်တဲ့ ဆုလက်မှတ်ကို ပွဲဈေးတန်းမှာ မုန့်ပေါင်းရောင်းတဲ့ အမကြေီးကို လှူခဲ့တဲ့ “ကိုဝမ်း”

2019-12-03 10:31:56

ဒီဇင်ဘာလ (၁) ရက်နေ့မှာ ထွက်ရှိသော (၁၀) ကြိမ်မြောက် အောင်ဘာလေးထီဖွင့်ပွဲမှ ၅ သောင်းဆုပေါက်တဲ့ ကိုဝမ်း (One To One ကလေးလူနာကူညီရေး ) မှ အဆိုပါ ထီလက်မှတ်ကို ပွဲဈေးတွေမှာ မုန့်ပေါင်းလှည့်ရောင်းနေရှာတဲ့ (၆၅) နှစ်အရွယ် ဒေါ်ဝင်းမြင့် ဆိုသူ အဒေါ်ကြီးကိုလှူဒါန်းခဲ့တဲ့ ဗွီဒီယိုဖိုင်လေးကို တဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အဆိုပါ ပွဲဈေးတွေမှာ မုန့်ပေါင်းလှည့်လည်ရောင်းနေရတဲ့ (၆၅) နှစ်အရွယ် ဒေါ်ဝင်းမြင့် သည် ခင်ပွန်းသည် ဆုံးပါးသွားတာ (၆) လ ပဲရှိသေးပြီး မိခင်ဖြစ်သူ အသက် (၉၀) အရွယ် အဖွားအိုကြီးအတွက် အခုလို မုန့်ပေါင်းရောင်းရတဲ့ အမြတ်ထဲက တစ်လတစ်သောင်း တစ်သောင်းခွဲ ထောက်ပံပေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့်ပဲ ကိုဝမ်း (One To One ကလေးလူနာကူညီရေး ) မှ ဒီလပေါက်တဲ့ ထီ ၅ သောင်းဆု လက်မှတ်ကို လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။