လက်သုံးချောင်းထောင်ခဲ့တာကြောင့် မြန်မာပြည်ပြန်ရင် မလုံခြုံနိုင်တော့တဲ့ ကိုပြည့်လျှံအောင်ကို သူ့ရဲ့အိမ်ခေါ်ထားပါမယ်ဆိုတဲ့ ဂျပန်ရောက်မြန်မာလူမျိုးတစ်ဦး

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေ ကို ပြည်သူလူထု က နိုင်ငံတကာသိမြင် အောင် လို့ နည်း လမ်း အမျိုးမျိုးနဲ့ ဖော်ထုတ်နေကြတာဖြစ်ပါတယ်။မနေ့ညက ဂျပန်နိုင်ငံ၊Chiba မြို့မှာကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို မြန်မာအသင် းက ကစားခဲ့တာဖြစ်ပါတယ်။ပွဲမစခင်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကနိုင်ငံတော်သီချင်းလိုက်မဆိုခဲ့ကြတဲ့ အပြင် ဘောလုံ းအားကစားသမား ကိုပြည့်လျှံအောင်ကလည်း လက်သုံးချောင်းထောင်ကာ သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းက ဂျပန်အသင်းကို (၁၀)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာပြည်သူလူထုကတော့ သူတို့ရဲ့ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ကိုပြည့်လျှံအောင်ကလည်း ဖန်သားပြင်ပေါ်မှာ သူ့ရဲ့မျက်နှာပါလာမယ်မှန်းသိတာတောင် လက်သုံးချောင်းထောင်ခဲ့လို့ မြန်မာပြည်ပြန်လာရင် သူ့အတွက်မလုံခြုံတော့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးတစ်ဦးကတော့ ပြန်ဖို့အဆင်မပြေတော့တဲ့ ကိုပြည့်လျှံအောင်ကို တတ်နိုင်သလောက်ကူညီပေးဖို့စီစဉ်နေတာဖြစ်ပါတယ်။

စေတနာရှင်မြန်မာလူမျိုးက မြန်မာအသင်းတစ်ဖွဲ့လုံး မြန်မာ့နွေဦးပါမယ်ဆိုရင်လည်း အားလုံးကို သူ့ရဲ့အိမ်ခေါ်ထာ းပြီး တာဝန်ယူစောင့် ရှောက်ပေးမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ လူ့အခွင့်အရေးအပြည့်အဝရှိတာကြောင့် နီးစပ်ရာဂျပန်လူမျိုးတွေ နဲ့ ရဲ တပ် သား တွေဆီ အကူ အညီတောင်းပြီး သူ့ကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်ပါ တင်ပေးလာတာဖြစ်ပါတယ်။အခုလိုမျိုး ရဲရဲရင့်ရင့်နဲ့ မိမိရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တဲ့ ကိုပြည့်လျှံအောင်အပြင် တစ်ဖွဲ့လုံးကိုပါတာဝန်ယူပေးမယ့်အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder