ပညာရေးတက္ကသိုလ်တက်ချင်တဲ့ ကျောင်း သား/သူတွေကို ပြေတီဦး ဖောင်ဒေးရှင်းမှထောက်ပံ့ပေးမယ့်အကြောင်း သတင်းကောင်းပါးလိုက်တဲ့ အူဝဲ


ပညာရေးတက္ကသိုလ်တက်ချင်တဲ့ ကျောင်း သား/သူတွေကို ပြေတီဦး ဖောင်ဒေးရှင်းမှထောက်ပံ့ပေးမယ့်အကြောင်း သတင်းကောင်းပါးလိုက်တဲ့ အူဝဲ


ပရိသတ်ကြီးရေ အကယ်ဒမီပြေတီဦးနဲ့အကယ်ဒမီအိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ် ယောက် ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်ပါတယ်နော်။ အိန္ဒြာကျော်ဇင် တို့ဇနီးမောင်နှံနှစ်ယောက်က အနုပညာအလုပ်တွေကို အတူတူတွဲလုပ်ကြရင်း ဖူးစာကံကြောင့် နှစ်ယောက်တစ်ဘဝလေးကိုတည်ဆောက်ထားကြတာဖြစ်ပါတယ်။ပြေတီဦးနဲ့အူဝဲတို့မှာ သား တစ်ယောက်၊သမီးတစ်ယောက်လည်းထွန်းကားထားပြီး တည်ငြိမ်အေးချမ်းတဲ့မိသားစု ဘဝလေး ကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။



အူဝဲနဲ့ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်က “ပြေတီဦးဖောင်ဒေးရှင်း”ကိုလည်း တည်ထောင် ထားပြီး ကျောင်းသားတွေကို ပညာသင်စရိတ်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်နော်။ အခုချိန်မှာ ဆိုရင် ပြေတီဦးဖောင်ဒေးရှင်း ရပ်တည်လာခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပါ တယ်။



အ ခု ဆိုရင်လည်း ပြေတီဦးဖောင်ဒေးရှင်းကနေ (၂၀၂၀-၂၀၂၁)ခုနှစ်အတွက် ကျောင်းသား၊ ကျော င်းသူများကို ပညာသင်စရိတ်ထောက်ပံ့ပေးဖို့အတွက် အောက်ပါအတိုင်းသတင်း ကော င်းပါး လိုက် တာဖြစ်ပါတယ်နော်။



အူဝဲကတော့ “ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ ဖောင်ဒေးရှင်းစတင်တည် ထောင်သည့် အချိန်မှ စပြီး ပညာသင်စရိတ် အမှန်တကယ်လိုအပ်သူ ဆေးတက္ကသိုလ်၊စက်မှုတက္ကသိုလ်၊ဥပဒေ ကျောင်းသား/သူ များကို နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့ပြီး ယခု၂၀၂၀-၂၀၂၁ ပညာသင် နှစ်အတွက်ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဥပဒေကျောင်းသား/သူ များအပြင် ထပ်တိုးအနေ ဖြင့်



ပညာရေးတက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူ ၂ဦးကို ထပ်တိုး ထောက်ပံ့ ပေး မ ည် ဖြစ်သည့်အတွက် ပညာသင်စရိတ်လျှောက်ထားလိုသူများ အောက်ပါပုံမှ အချက်အလက် များ ကို သေချာစွာဖတ်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်းသတင်းကောင်းလေးပါးလိုက်ပါ တယ် ”ဆိုပြီး ရသားမျှဝေလာတာဖြစ်ပါတယ်။


Source and Photo Credit:Eaindra Kyaw Zin