တစ်ပတ်စာ ဟောစာတမ်း (05.12.2019 မှ 11.12.2019)

2019-12-05 14:51:26


တစ်ပတ်စာ ဟောစာတမ်း (05.12.2019 မှ 11.12.2019)

တစ်ပတ်စာ ဟောစာတမ်း (05.12.2019 မှ 11.12.2019)


တနင်္ဂနွေ ((မွနျမာစာမမှနျပါက အောကျသို့ဆှဲဖတျပါ))


ဒီကာလအတွင်း စိတ်ထဲလိုချင်တာတွေက ထူးခြားစွာလက်တွေ့ရလာတတ်ပါတယ်။မိသားစုကိစ္စတွေ၊ အိမ် တွင်းရေးပြဿနာတွေပြေလည်မှုအထူးရရှိတတ်ပါတယ်။ အခုထက်ပိုတဲ့ ခြေလှမ်းသစ်တွေလှမ်းမယ်ဆိုလှမ်းလို့ သင့်တဲ့နေ့ရက်တွေပါပဲ။ အတိတ်ကတောင်းဆိုတင်ပြထားတဲ့ကိစ္စတွေက ဒီနေ့မှာလက်ခံပေးလိုက်တာမျိုးတွေကြုံ ရတတ်ပါတယ်။ အထက်လူကြီးအမျိုးသားအကြီးအကဲတစ်ဦးထံမှ အကြံကောင်းတွေရလာတတ်ပါတယ်။ အိမ်နဲ့ ပက်သက်သောကိစ္စမှန်သမျှဆောင်ရွက်လို့ကောင်းပါတယ်။ ဘာသာရေးကိစ္စတွေမှာ အကြီးအမှူးတွေအဖြစ်ခန့် အပ်ခြင်းခံရတတ်ပါတယ်။


လုပ်ငန်းရှင်များအဆက်အသွယ်ကောင်းတွေရလာတတ်ပြီး လုပ်ငန်းတိုးတတ်လာတတ် ပါတယ်။ ထီဝါသနာပါသူများ ဒီအပတ်ထဲမှာထီကံစမ်းထားသင့်ပါတယ်။အမည်ဂုဏ်သတင်းကျော်ကြားခြင်းမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်လောက်ပဲအညံ့အဆိုးတွေဖြစ်တတ်ပါတယ်။ ဆေးမြီး တိုနဲ့တင်ပျောက်နိုင်ပါတယ်။ အချစ်ရေးကံကောင်းနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ သံသယများကြား ပြဿနာတွေကြုံရတတ်ပါတယ်။ပညာသင်ကြားနေသူများ ပညာရေးနဲ့ပက်သက်တဲ့အခွင့်အလမ်းသစ်တွေပေါ်လာ တတ်ပါတယ်။


အကျိုးပေးဂဏန်း 1/6/9 အထူးဟော ကံဇာတာတတ်နေပါလိမ့်မယ်။


ယတြာ အကြော်စုံဘုရားကပ်လှူလိုက်ပါ။


တနင်္လာ


ဒီကာလအတွင်း ကံဇာတာတွေပြန်လည်မြင့်မားလာတတ်ပြီး မိမိရည်မှန်းချက်တွေပြည့်ဝအောင်မြင်နေ တတ်ပါတယ်။ လုပ်ငန်းတာဝန်ဝတ္တများနဲ့ပက်သက်ပြီး ဦးနှောက်ခြောက်နေရချိန်လဲဖြစ်ပါတယ်။ လုပ်ငန်းစီးပွားနှင့် ငွေကြေးအကျိူးပေးကံကတော့ အကောင်းဘက်မှာရှိနေတတ်ပါတယ်။ အိမ်၊ခြံ၊မြေ၊ယာဉ်ကိစ္စတွေနဲ့ပက်သက်ပြီး မိသားအတွင်းစကားများရတာမျိုးတော့ရှိနေတတ်ပါတယ်။ အပျော်ခရီးတွေသွားလာလို့ကောင်းပေမဲ့ အလုပ်ကြောင့် သွားတဲ့ခရီးစဉ်တွေကတော့ စိတ်အနှောက်အယှက်များ ရတတ်ပါတယ်။ ဇွဲ၊လုံလ၊ဝီရိယအားစိုက်ကြိုးပမ်းသူများက တော့သိသာထင်ရှားစွာတိုးတတ်နိုင်ပါတယ်။


လူချစ်လူခင်များစေတဲ့နေရက်တွေပါပဲ။ မိတ်ဆွေသစ်တွေလဲတိုးပါ လိမ့်မယ်။ အနုပညာနွယ်သောအလုပ်စီးပွားလုပ်သူများ အလုပ်တွေများလာတတ်ပါတယ်။ သင်ကြားရေးဆရာများ ကျောင်းသားဦးရေတိုးလာတတ်ပါတယ်။ ကျန်းမာရေးကတော့ စိတ်ချမ်းသာရမယ်။ ကိုယ်ခံအားကောင်းနေတာ ကြောင့် နေထိုင်ကောင်းမဲ့နေ့ပါ။ အချစ်ရေးမှာတော့ အရွယ်လွန်လူလွတ်များ အချစ်ရေးကိစ္စကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရမည်။ အိမ်ထောင်ဘက်ကြောင့်မိမိဂုဏ်တတ်မည်။ ပညာရေးမှာစိတ်ပါဝင်စားမှု ရှိတာကြောင့်သင်ယူရတတ်မြောက်ရလွယ်နေတတ်ပါတယ်။


အကျိုးပေးဂဏန်း 2/3/0 အထူးဟော စိတ်ချမ်းသာစရာများပါတယ်။


ယတြာ ဒိန်ချဉ်လေးဘုရားကပ်ပေးပါ။


အင်္ဂါ


မိမိလုပ်ကိုင်ဆောင်ရွက်သမျှတွေက အနှောက်အယှက်တွေများပြားပြီး အဆင်မပြေမှုများယှဉ်တွဲနေတတ် ပါတယ်။ ဝီရိယအကျိုးသာခံစားနေရတတ်ပြီးတော့ ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းတော့မရတတ်ပါဘူး။ ရှင်းရှင်း ပြောရရင် အန္တရာယ်ရှိတဲ့နေရာမသွားနဲ့။ အန္တရာယ်ကြီးတဲ့အလုပ်တွေမလုပ်နဲ့။ အန္တရာယ်ရှိတဲ့ မိတ်ဆွေတွေနဲ့မ ပေါင်းနဲ့ပေါ့ဗျာ။ စက်ကားတွေကြောင့် ငွေကုန်ရတတ်ပါတယ်။ အပျက်အစီးတွေများနေတတ်ပါတယ်။ လူအမှား ကြောင့် စက်ပျက်တာမျိုးတွေဖြစ်တတ်ပါတယ်။ အောက်လက်ငယ်သားတွေအရေးကြီးတာတွေမခိုင်းပါနဲ့။ ကိုယ်ပဲ အပင်ပန်းခံလိုက်တာအကောင်းဆုံးပါပဲ။


စိတ်ဆိုးဒေါသဖြစ်ရသည့်ကိစ္စများကတော့ မကြာခဏကြုံတွေ့ရတတ်ပေမဲ့ မိမိကသာစိတ်လိုက်မာန်ပါမလုပ်ရင် ဘာမှမဟုတ်ပါဘူး။ လွဲမှားတဲ့ အကြံဉာဏ်တွေ လာပေးတတ်ပါတယ်။ သူများက စေတနာစကားပေမယ့် မိမိလက်တွေ့အသုံးတည့်ဖို့ အလွန်ခဲယဉ်းပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ ကျန်းမာရေး အတွက်မပူရပါဘူးဗျာ။ အချစ်ရေးမှာတော့ သိသာထင်ရှားစွာစန်းပွင့်နေတတ်ပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကို ပြန်ချော့သင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ ကတောက်ကဆ အနည်းငယ်ပဲဖြစ်တတ်ပါတယ်။ ပညာရေးမှာ အတိုက်အခံတွေ၊ လိုက်ပြိုင်နေတဲ့ သင်ဖော်သင်ဖက်တွေကြောင့်စိတ်ညစ်ရမည်။


အကျိုးပေးဂဏန်း 1/3/4 အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။


ယတြာ ဒဏ်ကြေလိမ်ဆေးတွေ လူကြီးတွေကိုလှူဒါန်းပေးပါ။


ဗုဒ္ဓဟူး/ရာဟု


ဒီကာလအတွင်း ပြဿနာအတားအဆီးတွေများနေတတ်ပါတယ်။ မိမိနေရာကိုလုလိုသူတွေ၊ မိမိရနေတဲ့ ရာထူးတာဝန်အပေါ်မနာလိုသူတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ စောင်းမြောင်းပြောဆိုတာမျိုးတွေ ကြုံရတတ်ပါ တယ်။ တရားနည်းလမ်းနဲ့သာရင်ဆိုင်လိုက်ပါ။လုပ်ငန်းတွေ လုပ်ကိုင်ရာမှာလဲ ပင်ပန်းပြီးအကျိုးမရှိဆိုတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီး ဆုံးဖြတ်ချက်မှားလို့ ဆုံးရှုံးတာတွေဖြစ်တတ်သလို ပိုက်ဆံအိတ်ကျ ပျောက်ပြီးဆုံးရှုံးတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ရာထူးကြီးသူများ လုပ်ငန်းတာဝန်များအတွက် စိတ်ပင်ပန်းနေရ တတ်ပါတယ်။


ကိုယ်ပိုင်လုပ်ငန်းရှင်များ ကံဇာတာအကောင်း အဆိုးဒွန်တွဲနေတတ်ပါတယ်။ အိမ်ခြံမြေ ဝယ်ခြင်း၊ ရောင်းခြင်းတွေကိုတော့ ဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်းချက်တွေရှိနေ တတ်ပါတယ်။ အထူးသဖြင့် ထိခိုက်ရှနာရတာမျိုးတွေ ကြုံနေရတတ်ပါတယ်။ ချစ်သူနဲ့နားလည်မှုလွဲချော်ပြီးတော့ ပြင်းထန်တဲ့ ပဋိပက္ခတွေဖြစ်နေရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ နှစ်ယောက် နားလည်မှုရှိရှိ ရှေ့ဆက်နိုင်လာပါလိမ့်မယ်။ ပညာသင်ကြားနေသူများကတော့ ပင်ပန်းရတတ်ပြီး ဖိအားတွေနဲ့ ကြုံ နေရတတ်ပါတယ်။


အကျိုးပေးဂဏန်း 2/4/5 အထူးဟော အတိုက်အခံရန်များမည်။


ယတြာ လိမ္မော်သီး ဘုရားကပ်လှူလိုက်ပါ။


ကြာသပတေး


ဒီကာလအတွင်း မိမိရင်းနှီးလုပ်ကိုင်ရပြီး အကျိုးအမြတ်မရသေးတဲ့ အလုပ်တွေက ဒီကာလမှာအကျိုးအမြတ် ရလာတတ်ပါတယ်။ ဘုန်းကံမြင့်မားနေပြီးတော့ ရာထူးတိုးပြီးနေရာကောင်းရခြင်းတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်း အတွင်း အော်ဒါတွေများနေတတ်ပြီးတော့ အခွင့်အရေးကောင်းတွေလဲ ပေါ်ပေါက်လာတတ်ပါတယ်။ ငွေဝင်သလို စတင်စုဆောင်းလာနိုင်တဲ့နေ့ရက်တွေလဲ ဖြစ်ပါလိမ့်မယ်။ ပညာဖြင့်အသက်မွေးရပ်တည်ကြသူများ သိသာထင်ရှား စွာအဆင်ပြေနိုင်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေရဲ့အကူအညီတွေ၊အထောက်အပံ့တွေ အများကြီးရလွယ် တဲ့ကာလတစ်ခုပါ။ ငွေကြေးကုန်ကျမှုတွေများစွာ လျှော့ချသွားနိုင်ပါလိမ့်မယ်။ ထီကံစမ်းလို့ကောင်းတဲ့နေ့ရက်တွေ ပါပဲ။ဘာသာရေး အလှူအတန်းတွေ ကြုံရတတ်ပါတယ်။ ဆရာကန်တော့ပွဲတွေလဲ ကြုံကြိုက်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ရာသီအပြောင်းအလဲကြောင့် အဆုတ်ပွပြီး ချောင်းဆိုးနှာစေး ဖြစ်နေရတတ်ပါတယ်။ အချစ်ရေးမှာတော ့အချစ်ရေးကံတိုးတတ်မြင့်မားနေတတ်ပြီးတော့ မိမိလိုအင်ဆန္ဒတွေကိုချစ်သူက တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါလိမ့်မယ်။ အိမ်ထောင်သည်များ နားလည်မှုတွေနဲ့ ရှေ့ဆက်နိုင်တာကိုတွေ့ရပါလိမ့်မယ်။ ပညာရေးတိုးတတ်နေပြီးတော့ ကြိုးစားသလောက် ထွန်းပေါက်နိုင်တာတွေ့ရပါတယ်။


အကျိုးပေးဂဏန်း 3/6/5 အထူးဟော အလုပ်အကိုင်တွေတိုးတတ်မည်။ လူမှုရေးတွေအဆင်ပြေမည်။


ယတြာ ဆန်ပြုတ်ဘုရားကပ်လှူလိုက်ပါ။


သောကြာ


ဒီကာလအတွင်း စိတ်အနှောက်အယှက်ဖြစ်စရာတွေများ နေတတ်ပါတယ်။ အဓိကတော့ မိတ်ဆွေသူငယ်ချင်း တွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။ မကောင်းတဲ့မိတ်ဆွေတွေကြောင့် မိမိပါဒုက္ခရောက်လွယ်ပါတယ်။ ခရီးကိစ္စ တွေလွဲချော်ရက်ရွှေ့ရတတ်ပါတယ်။ စီးပွားရေးတွေမှာတော့ မိတ်မပျက်ဖို့ပဲ လိုပါတယ်။ ဖောက်သည်တွေနဲ့ပက် သက်ပြီး ဆက်ဆံရေး မှားသွားတတ်ပါတယ်။ ဒါကြောင့်ပဲ အွန်လိုင်းကနေ မိမိလုပ်ငန်းကို အပုပ်ချတာမျိုးတွေခံံရ တတ်ပါတယ်။ ရှေ့တိုးဆောင်ရွက် လုပ်ကိုင်ရမဲ့ကိစ္စတွေကို ဆင်ခြင်သုံးသပ်ပြီးမှ လုပ်ကိုင်ဆောင်ရွက်တာက အကောင်းဆုံးဖြစ်နေပါလိမ့်မယ်။ အိမ်ခြံမြေနဲ့ပက်သက်ပြီး မိသားစုအတွင်း ပဋိပက္ခလေးတွေဖြစ်ရတတ်ပါတယ်။


လုပ်ကိုင်ဆောင်ရွက်သမျှ အဆင်ပြေစေဖို့အတွက် သည်းခံစိတ်ရှည်ဖို့ လိုပါတယ်။ အစားအသောက်မှားယွင်းမှု ကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တာမျိုးတွေ့ရပါတယ်။ သွေးတိုးသမား၊ ဆီးချိုးသမားတွေ အထူးသတိထား ပေါ့ဗျာ။ အိမ်ထောင်သည်များကတော့ အေးချမ်းတည်ငြိမ်တဲ့ မိသားစုဘဝနေ့ရက်များကို ဖန်တီးနိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူအပြင် အခြားတစ်ယောက်ကို ပိုမိုစိတ်ဝင် စားနေတတ်ပါတယ်။ ပညာရေးမှာတော့ပညာ သင်ကြားနေသူများ စိတ်အားတတ်ကြွပြီး ကြိုးစားချင်စိတ်တွေပေါ်လာတတ်ပါတယ်။


အကျိုးပေးဂဏန်း 4/6/0 ထူးဟော စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။


ယတြာ ရှောက်သီးသုပ်ဘုရားကပ်လှူပြီးလိုရာဆုတောင်းလိုက်ပါ။


စနေ


ဒီကာလအတွင်းမိမိကိုယ်ရေးကိုယ်တာပြဿ နာတွေကြောင့်ပဲလုပ်ငန်းပိုင်းတွေ၊ရာထူးပိုင်းတွေမှာ အနှောင့် အယှက်ရှိတတ်ပါတယ်။ရွှေငွေရတနာပစ္စည်းများ ထွက်တာ၊ပျောက်တာအလွန်ဖြစ်လွယ်ပါတယ်။လုပ်ငန်း တွင် ဝီရိယစိုက်ထုတ်မှုအားနည်းနေတာကြောင့် အခွင့်အရေးကောင်းများဆုံးရှုးံရတတ်ပါတယ်။ စိတ်ပင်ပန်းမှုများ ပြားသလို အလုပ်တာဝန်တွေလဲ ပိနေတတ်ပါတယ်။ကျန်းမားရေးအညံ့ကိစ္စများအတွက် ငွေကုန်ကြေးကျလဲများရ တတ်ပါတယ်။ အပူအအေးမမျှတမှုကြောင့်ဖြစ်ရတဲ့ရောဂါတွေကို ပိုဂရုစိုက်စေချင်ပါတယ်။အမှုအခင်းကိစ္စတွေမှာ တော့သက်သေလိုက်ပေးတာမျိုးတွေ၊အာမခံတာမျိုးတွေအထူးရှောင်လိုက်ပါ။


ဘာလုပ်လုပ်ခေါင်းအေးအေးထား ပြီးအရေးကြီးတာတွေကိုအရင်စလုပ်ပါ။ အချိန်မဖြုန်းမှအဆင်ပြေမယ်။ အချိန်ဖြုန်းမိရင်အလုပ်တာဝန်တွေအကြွေး များလာတတ်ပါတယ်။တတ်နိုင်သမျှ မိမိအောက်လက်ငယ်သားတွေကိုတာဝန်တွေခွဲဝေပေးစေချင်ပါတယ်။ အိမ် ထောင်ရှင်များကတော့ မိသားစုငြိုငြင်မှုကိုခံရမဲ့ကာလပဲဖြစ်ပါတယ်။ အချစ်ရေးမှာချစ်သူရဲ့ငွေကြေးပြဿနာတွေ ကြောင့်မိမိပါရောပြီးစိတ်ညစ်ရတတ်ပါတယ်။ ပညာရေးမှာတော့ ကျန်းမာရေးအညံ့ကြောင့်ပဲ ပညာရေးကိုထိခိုက် စေနိုင်ပါတယ်။


အကျိုးပေးဂဏန်း 1/5/7 အထူးဟော သူများကိစ္စတွေကြားမဝင်လိုက်ပါနဲ့။


ယတြာ ဒန်ပေါက်ဝယ်ပြီး ဘုရားကပ်လှူပေးပါ။


ရရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ


ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 / 09 44 5555 695