ယူနိုက်တက်အသင်းအနေနှင့် ဆုံးရှုံးရဖွယ်ရှိတဲ့ ပေါ်တူဂီကြယ်ပွင့်


ယူနိုက်တက်အသင်းအနေနှင့် ဆုံးရှုံးရဖွယ်ရှိတဲ့ ပေါ်တူဂီကြယ်ပွင့်

ယူနိုက်တက်အသင်းအနေနှင့် ဆုံးရှုံးရဖွယ်ရှိတဲ့ ပေါ်တူဂီကြယ်ပွင့်


ယူနိုက်တက်အသင်းဟာ အသင်းရယ့်ကစားသမားဖြစ်တဲ့ ဒါလော့ကို ဆုံးရှုံးရဖွယ်ရှိလာခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံသား တစ်ဦး‌ဖြစ်တဲ့ ဒါလော့ကတော့ ယူနိုက်တက်အသင်းကနေ စီးရီးအေကလပ် အေစီမီလန်အသင်းကို အငှားဖြင့် သွားရောက်ကစားနေသူလည်းဖြစ်ပါတယ်။ အေစီမီလန်အသင်းအနေနဲ့ကတော့ ‌ပေါ်တူဂီသားကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့ပါတယ်။




ယူနိုက်တက်ဘက်ကတော့ လာဇီယိုမှာ အငှားချထားတဲ့ ပါရဲယားနှင့် ဒါလော့တို့ကို နေရာပေးနိုင်သေးတဲ့ အခြေအနေမရှိတဲ့ ပုံစံပြနေခဲ့တဲ့အတွက် ဒါလော့ကို လက်လွတ်ဆုံးရှုံးရဖွယ်ရှိတဲ့ အခြေအနေရှိပါတယ်။ ပေါ်တူဂီသား ဒါလော့ ကတော့ နောက်တန်း အပြင် ကွင်းလယ်ပါကစားနိုင်သူဖြစ်တဲ့အတွက် သူ့ကိုဆုံးရှုံးရမှာက ယူနိုက်တက်အတွက် နှမျောစရာပါ။




ယူနိုက်တက်နည်းပြဆိုးရှားလ်အနေနဲ့လည်း နေရာပေးဖို့ အစီးအစဉ်မရှိတဲ့ အခြေအနေပါ။အသက်22နှစ်သာရှိသေးတဲ့ ဒါလော့ကို အချိန်ပေးပြီး အသုံးချရင် ယူနိုက်တက်အတွက် အသုံး၀င်လာမှာပါ။ ဒါလော့ကတော့ ‌အေစီမီလန်အသင်းမှာ 34ပွဲကစားထားပြီး 2ဂိုးသွင်း တစ်ဂိုးဖန်တီးကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ဒါလော့တစ်ယောက် ယူနိုက်တက်နှင့် အပြီးတိုင်နှုတ်ဆက်ရတော့မလားဆိုတာ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။


TTSoe

Sports Gaber

internet Source