ရွှေဘောလုံးဆုအတွက် စကားတင်လူစာရင်းထဲပါ၀င်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်


ရွှေဘောလုံးဆုအတွက် စကားတင်လူစာရင်းထဲပါ၀င်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်

ရွှေဘောလုံးဆု (Balloon D’or) ဆိုတာနဲ့ ဘောလုံးပရိတ်သတ်တွေနှစ်တိုင်းစိတ်၀င်တစားရှိခဲ့ပါတယ်။ 2019ခုနှစ်မှာ ထိုဆု မက်ဆီရရှိခဲ့ပြီး 2020ခုနှစ်မှာက ကိုဗစ်ကြောင့် ရွှေဘောလုံးဆုကို မပေးအပ်ဖြစ်ခဲ့ ပါဘူး။ ဒီနှစ်မှာတော့ ပေးအပ်ဖြစ်ဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။


ကျွန်တော်တို့ယူနိုက်တက်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ရွှေဘောလုံးဆုရယ့် စကားတင်စာရင်း အယောက်နှစ်ဆယ်မှာ ပါ၀င်လာခဲ့ပါတယ်။ ဘရူနိုဟာ ယူနိုက်တက်အတွက် 14ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ကိုးကြိမ်အထိရှိခဲ့ပါတယ်။ ယူရိုပါလိဒ်ဖလား ဆုံးရှုံးမှုဟာ သူ့အတွက် နစ်နာမှုတစ်ခုဟု ဆိုနိုင်ပါတယ်။ ဘရူနိုဟာ ရွှေဘောလုံးဆု အတွက် အဆင့်13မှာ ရပ်တည်နေပါတယ်။



အဆင့်11မှာတော့ ဂျူဗင်တပ်စ်ကစားသမား ရော်နယ်ဒိုရှိ နှင်ြ 11မှာတော့ ဒေါ့မွန်ကစားသမားဟာလန်း တို့ရှိနေပါတယ်။ ထိပ်ဆုံးဆယ်ဦးစာရင်းမှာတော့ နောက်ဆုံးကနေဆိုလျှင် ဂန်ဒိုဂန်(မန်စီးတီး)၊ ဖိုဒန်(မန်စီးတီး)၊ ကန်တီ(ချဲလ်ဆီး)၊ လူကာကူ(အင်တာမီလန်)၊ မက်ဆီ(ဘာစီလိုနာ)၊ ရူဘင်ဒက်စ်(မန်စီးတီး)၊ လီ၀န်ဒေါ့စကီး(ဘိုင်ယန်မြူးနစ်)၊ အမ်မက်ပီ (PSG)တို့က အသီးသီးရပ်တည်နေပါတယ်။




မက်ဆီ၊ ရိုနယ်ဒိုတို့သာ အကြိမ်ကြိမ်ရယူနေခဲ့တဲ့ ရွှေဘောလုံးဆုဟာ ဒီနှစ်မှာတော့ စိတ်၀င်စားဖို့အလွန် ကောင်းနေခဲ့ပါတယ်။


TTSoe

Sports Gaber

internet Source