တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း . . 05.12.2019 မှ 11.12.2019

2019-12-07 12:56:14


တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း . . 05.12.2019 မှ 11.12.2019

တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း . . 05.12.2019 မှ 11.12.2019 


တနင်္ဂနွေ


ဒီကာလအတွင်း စိတ်ထဲလိုချင်တာတွေက ထူးခြားစွာလက်တွေ့ရလာတတ်ပါတယ်။မိသားစုကိစ္စတွေ၊ အိမ် တွင်းရေးပြဿနာတွေပြေလည်မှုအထူးရရှိတတ်ပါတယ်။ အခုထက်ပိုတဲ့ ခြေလှမ်းသစ်တွေလှမ်းမယ်ဆိုလှမ်းလို့ သင့်တဲ့နေ့ရက်တွေပါပဲ။ အတိတ်ကတောင်းဆိုတင်ပြထားတဲ့ကိစ္စတွေက ဒီနေ့မှာလက်ခံပေးလိုက်တာမျိုးတွေကြုံ ရတတ်ပါတယ်။အထက်လူကြီးအမျိုးသားအကြီးအကဲတစ်ဦးထံမှ အကြံကောင်းတွေရလာတတ်ပါတယ်။ အိမ်နဲ့ ပက်သက်သောကိစ္စမှန်သမျှဆောင်ရွက်လို့ကောင်းပါတယ်။


ဘာသာရေးကိစ္စတွေမှာ အကြီးအမှူးတွေအဖြစ်ခန့် အပ်ခြင်းခံရတတ်ပါတယ်။လုပ်ငန်းရှင်များအဆက်အသွယ်ကောင်းတွေရလာတတ်ပြီး လုပ်ငန်းတိုးတတ်လာတတ် ပါတယ်။ထီဝါသနာပါသူများ ဒီအပတ်ထဲမှာထီကံစမ်းထားသင့်ပါတယ်။အမည်ဂုဏ်သတင်းကျော်ကြားခြင်းမျိုးတွေ အထူးကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ အနည်းငယ်လောက်ပဲအညံ့အဆိုးတွေဖြစ်တတ်ပါတယ်။ ဆေးမြီး တိုနဲ့တင်ပျောက်နိုင်ပါတယ်။ အချစ်ရေးကံကောင်းနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ သံသယများကြား ပြဿနာတွေကြုံရတတ်ပါတယ်။ပညာသင်ကြားနေသူများ ပညာရေးနဲ့ပက်သက်တဲ့အခွင့်အလမ်းသစ်တွေပေါ်လာ တတ်ပါတယ်။


အကျိုးပေးဂဏန်း 1/6/9 အထူးဟော ကံဇာတာတတ်နေပါလိမ့်မယ်။ယတြာ အကြော်စုံဘုရားကပ်လှူလိုက်ပါ။


တနင်္လာ


ဒီကာလအတွင်း ကံဇာတာတွေပြန်လည်မြင့်မားလာတတ်ပြီး မိမိရည်မှန်းချက်တွေပြည့်ဝအောင်မြင်နေ တတ်ပါတယ်။ လုပ်ငန်းတာဝန်ဝတ္တများနဲ့ပက်သက်ပြီး ဦးနှောက်ခြောက်နေရချိန်လဲဖြစ်ပါတယ်။ လုပ်ငန်းစီးပွားနှင့် ငွေကြေးအကျိူးပေးကံကတော့ အကောင်းဘက်မှာရှိနေတတ်ပါတယ်။ အိမ်၊ခြံ၊မြေ၊ယာဉ်ကိစ္စတွေနဲ့ပက်သက်ပြီး မိသားအတွင်းစကားများရတာမျိုးတော့ရှိနေတတ်ပါတယ်။အပျော်ခရီးတွေသွားလာလို့ကောင်းပေမဲ့ အလုပ်ကြောင့် သွားတဲ့ခရီးစဉ်တွေကတော့ စိတ်အနှောက်အယှက်များရတတ်ပါတယ်။


ဇွဲ၊လုံလ၊ဝီရိယအားစိုက်ကြိုးပမ်းသူများက တော့သိသာထင်ရှားစွာတိုးတတ်နိုင်ပါတယ်။လူချစ်လူခင်များစေတဲ့နေရက်တွေပါပဲ။ မိတ်ဆွေသစ်တွေလဲတိုးပါ လိမ့်မယ်။ အနုပညာနွယ်သောအလုပ်စီးပွားလုပ်သူများ အလုပ်တွေများလာတတ်ပါတယ်။သင်ကြားရေးဆရာများ ကျောင်းသားဦးရေတိုးလာတတ်ပါတယ်။ ကျန်းမာရေးကတော့ စိတ်ချမ်းသာရမယ်။ ကိုယ်ခံအားကောင်းနေတာ ကြောင့် နေထိုင်ကောင်းမဲ့နေ့ပါ။ အချစ်ရေးမှာတော့ အရွယ်လွန်လူလွတ်များ အချစ်ရေးကိစ္စကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရမည်။ အိမ်ထောင်ဘက်ကြောင့်မိမိဂုဏ်တတ်မည်။ ပညာရေးမှာစိတ်ပါဝင်စားမှု ရှိတာကြောင့်သင်ယူရတတ်မြောက်ရလွယ်နေတတ်ပါတယ်။


အကျိုးပေးဂဏန်း 2/3/0  အထူးဟော စိတ်ချမ်းသာစရာများပါတယ်။  ယတြာ ဒိန်ချဉ်လေးဘုရားကပ်ပေးပါ။


အင်္ဂါ


မိမိလုပ်ကိုင်ဆောင်ရွက်သမျှတွေက အနှောက်အယှက်တွေများပြားပြီး အဆင်မပြေမှုများယှဉ်တွဲနေတတ် ပါတယ်။ဝီရိယအကျိုးသာခံစားနေရတတ်ပြီးတော့ ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းတော့မရတတ်ပါဘူး။ ရှင်းရှင်း ပြောရရင် အန္တရာယ်ရှိတဲ့နေရာမသွားနဲ့။ အန္တရာယ်ကြီးတဲ့အလုပ်တွေမလုပ်နဲ့။ အန္တရာယ်ရှိတဲ့ မိတ်ဆွေတွေနဲ့မ ပေါင်းနဲ့ပေါ့ဗျာ။စက်ကားတွေကြောင့်ငွေကုန်ရတတ်ပါတယ်။ အပျက်အစီးတွေများနေတတ်ပါတယ်။ လူအမှား ကြောင့် စက်ပျက်တာမျိုးတွေဖြစ်တတ်ပါတယ်။


အောက်လက်ငယ်သားတွေအရေးကြီးတာတွေမခိုင်းပါနဲ့။ ကိုယ်ပဲ အပင်ပန်းခံလိုက်တာအကောင်းဆုံးပါပဲ။စိတ်ဆိုးဒေါသဖြစ်ရသည့်ကိစ္စများကတော့မကြာခဏကြုံတွေ့ရတတ်ပေမဲ့ မိမိကသာစိတ်လိုက်မာန်ပါမလုပ်ရင် ဘာမှမဟုတ်ပါဘူး။လွဲမှားတဲ့အကြံဉာဏ်တွေလာပေးတတ်ပါတယ်။ သူများက စေတနာစကားပေမယ့် မိမိလက်တွေ့အသုံးတည့်ဖို့အလွန်ခဲယဉ်းပါတယ်။ကျန်းမာရေးကောင်းပါတယ်။ကျန်းမာရေး အတွက်မပူရပါဘူးဗျာ။ အချစ်ရေးမှာတော့ သိသာထင်ရှားစွာစန်းပွင့်နေတတ်ပါတယ်။စိတ်ကောက်နေတဲ့ချစ်သူကို ပြန်ချော့သင့်တဲ့ကာလပါပဲ။အိမ်ထောင်ရေးမှာတော့ ကတောက်ကဆအနည်းငယ်ပဲဖြစ်တတ်ပါတယ်။ပညာရေးမှာ အတိုက်အခံတွေ၊လိုက်ပြိုင်နေတဲ့ သင်ဖော်သင်ဖက်တွေကြောင့်စိတ်ညစ်ရမည်။


အကျိုးပေးဂဏန်း 1/3/4  အထူးဟော ကံအင်အားနည်းနေတတ်ပါတယ်။  ယတြာ ဒဏ်ကြေလိမ်ဆေးတွေ လူကြီးတွေကိုလှူဒါန်းပေးပါ။


ဗုဒ္ဓဟူး/ရာဟု


ဒီကာလအတွင်း ပြဿနာအတားအဆီးတွေများနေတတ်ပါတယ်။မိမိနေရာကိုလုလိုသူတွေ၊ မိမိရနေတဲ့ ရာထူးတာဝန်အပေါ်မနာလိုသူတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ စောင်းမြောင်းပြောဆိုတာမျိုးတွေ ကြုံရတတ်ပါ တယ်။ တရားနည်းလမ်းနဲ့သာရင်ဆိုင်လိုက်ပါ။လုပ်ငန်းတွေလုပ်ကိုင်ရာမှာလဲ ပင်ပန်းပြီးအကျိုးမရှိဆိုတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ငွေကြေးနဲ့ပက်သက်ပြီး ဆုံးဖြတ်ချက်မှားလု့ိ ဆုံးရှုံးတာတွေဖြစ်တတ်သလို ပိုက်ဆံအိတ်ကျ ပျောက်ပြီးဆုံးရှုံးတာမျိုးတွေဖြစ်ရတတ်ပါတယ်။ရာထူးကြီးသူများ လုပ်ငန်းတာဝန်များအတွက် စိတ်ပင်ပန်းနေရ တတ်ပါတယ်။


ကိုယ်ပိုင်လုပ်ငန်းရှင်များ ကံဇာတာအကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။ အိမ်ခြံမြေ ဝယ်ခြင်း၊ ရောင်းခြင်းတွေကိုတော့ ဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်းချက်တွေရှိနေ တတ်ပါတယ်။ အထူးသဖြင့်ထိခိုက်ရှနာရတာမျိုးတွေ ကြုံနေရတတ်ပါတယ်။ချစ်သူနဲ့နားလည်မှုလွဲချော်ပြီးတော့ ပြင်းထန်တဲ့ပဋိပက္ခတွေဖြစ်နေရတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ အဆင်ပြေတိုးတတ်ပါလိမ့်မယ်။နှစ်ယောက် နားလည်မှုရှိရှိရှေ့ဆက်နိုင်လာပါလိမ့်မယ်။ ပညာသင်ကြားနေသူများကတော့ ပင်ပန်းရတတ်ပြီး ဖိအားတွေနဲ့ ကြုံ နေရတတ်ပါတယ်။


အကျိုးပေးဂဏန်း 2/4/5  အထူးဟော အတိုက်အခံရန်များမည်။  ယတြာ လိမ္မော်သီး ဘုရားကပ်လှူလိုက်ပါ။


ကြာသပတေး


ဒီကာလအတွင်း မိမိရင်းနှီးလုပ်ကိုင်ရပြီး အကျိုးအမြတ်မရသေးတဲ့အလုပ်တွေကဒီကာလမှာအကျိုးအမြတ် ရလာတတ်ပါတယ်။ဘုန်းကံမြင့်မားနေပြီးတော့ ရာထူးတိုးပြီးနေရာကောင်းရခြင်းတွေကြုံရတတ်ပါတယ်။လုပ်ငန်း အတွင်း အော်ဒါတွေများနေတတ်ပြီးတော့ အခွင့်အရေးကောင်းတွေလဲပေါ်ပေါက်လာတတ်ပါတယ်။ ငွေဝင်သလို စတင်စုဆောင်းလာနိုင်တဲ့နေ့ရက်တွေလဲဖြစ်ပါလိမ့်မယ်။ ပညာဖြင့်အသက်မွေးရပ်တည်ကြသူများ သိသာထင်ရှား စွာအဆင်ပြေနိုင်ပါတယ်။မိတ်ကောင်းဆွေကောင်းတွေရဲ့အကူအညီတွေ၊အထောက်အပံ့တွေအများကြီးရလွယ် တဲ့ကာလတစ်ခုပါ။ငွေကြေးကုန်ကျမှုတွေများစွာလျှော့ချသွားနိုင်ပါလိမ့်မယ်။


ထီကံစမ်းလို့ကောင်းတဲ့နေ့ရက်တွေ ပါပဲ။ဘာသာရေးအလှူအတန်းတွေကြုံရတတ်ပါတယ်။ ဆရာကန်တော့ပွဲတွေလဲ ကြုံကြိုက်ရတတ်ပါတယ်။ ကျန်းမာရေးကတော့ ရာသီအပြောင်းအလဲကြောင့် အဆုတ်ပွပြီး ချောင်းဆိုးနှာစေးဖြစ်နေရတတ်ပါတယ်။အချစ်ရေးမှာတော့အချစ်ရေးကံတိုးတတ်မြင့်မားနေတတ်ပြီးတော့ မိမိလိုအင်ဆန္ဒတွေကိုချစ်သူက တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါလိမ့်မယ်။ အိမ်ထောင်သည်များ နားလည်မှုတွေနဲ့ ရှေ့ဆက်နိုင်တာကိုတွေ့ရပါလိမ့်မယ်။ ပညာရေးတိုးတတ်နေပြီးတော့ ကြိုးစားသလောက် ထွန်းပေါက်နိုင်တာတွေ့ရပါတယ်။


အကျိုးပေးဂဏန်း 3/6/5  အထူးဟော အလုပ်အကိုင်တွေတိုးတတ်မည်။ လူမှုရေးတွေအဆင်ပြေမည်။  ယတြာ ဆန်ပြုတ်ဘုရားကပ်လှူလိုက်ပါ။


သောကြာ


ဒီကာလအတွင်းစိတ်အနှောက်အယှက်ဖြစ်စရာတွေများနေတတ်ပါတယ်။အဓိကတော့မိတ်ဆွေသူငယ်ချင်း တွေကြောင့် စိတ်ညစ်ရတတ်ပါတယ်။ မကောင်းတဲ့မိတ်ဆွေတွေကြောင့် မိမိပါဒုက္ခရောက်လွယ်ပါတယ်။ ခရီးကိစ္စ တွေလွဲချော်ရက်ရွှေ့ရတတ်ပါတယ်။ စီးပွားရေးတွေမှာတော့ မိတ်မပျက်ဖို့ပဲလိုပါတယ်။ ဖောက်သည်တွေနဲ့ပက် သက်ပြီး ဆက်ဆံရေးမှားသွားတတ်ပါတယ်။ ဒါကြောင့်ပဲ အွန်လိုင်းကနေ မိမိလုပ်ငန်းကိုအပုပ်ချတာမျိုးတွေခံံရ တတ်ပါတယ်။ ရှေ့တိုးဆောင်ရွက်လုပ်ကိုင်ရမဲ့ကိစ္စတွေကိုဆင်ခြင်သုံးသပ်ပြီးမှလုပ်ကိုင်ဆောင်ရွက်တာက အကောင်းဆုံးဖြစ်နေပါလိမ့်မယ်။


အိမ်ခြံမြေနဲ့ပက်သက်ပြီး မိသားစုအတွင်းပဋိပက္ခလေးတွေဖြစ်ရတတ်ပါတယ်။ လုပ်ကိုင်ဆောင်ရွက်သမျှအဆင်ပြေစေဖို့အတွက် သည်းခံစိတ်ရှည်ဖို့လိုပါတယ်။အစားအသောက်မှားယွင်းမှု ကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တာမျိုးတွေ့ရပါတယ်။ သွေးတိုးသမား၊ဆီးချိုးသမားတွေအထူးသတိထား ပေါ့ဗျာ။အိမ်ထောင်သည်များကတော့ အေးချမ်းတည်ငြိမ်တဲ့ မိသားစုဘဝနေ့ရက်များကိုဖန်တီးနိုင်ပါလိမ့်မယ်။ အချစ်ရေးမှာတော့ ချစ်သူအပြင်အခြားတစ်ယောက်ကိုပိုမိုစိတ်ဝင် စားနေတတ်ပါတယ်။ ပညာရေးမှာတော့ပညာ သင်ကြားနေသူများ စိတ်အားတတ်ကြွပြီး ကြိုးစားချင်စိတ်တွေပေါ်လာတတ်ပါတယ်။


အကျိုးပေးဂဏန်း 4/6/0 အထူးဟော စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။  ယတြာ ရှောက်သီးသုပ်ဘုရားကပ်လှူပြီးလိုရာဆုတောင်းလိုက်ပါ။


စနေ


ဒီကာလအတွင်းမိမိကိုယ်ရေးကိုယ်တာပြဿ နာတွေကြောင့်ပဲလုပ်ငန်းပိုင်းတွေ၊ရာထူးပိုင်းတွေမှာ အနှောင့် အယှက်ရှိတတ်ပါတယ်။ရွှေငွေရတနာပစ္စည်းများ ထွက်တာ၊ပျောက်တာအလွန်ဖြစ်လွယ်ပါတယ်။လုပ်ငန်း တွင် ဝီရိယစိုက်ထုတ်မှုအားနည်းနေတာကြောင့် အခွင့်အရေးကောင်းများဆုံးရှုးံရတတ်ပါတယ်။ စိတ်ပင်ပန်းမှုများ ပြားသလို အလုပ်တာဝန်တွေလဲ ပိနေတတ်ပါတယ်။ကျန်းမားရေးအညံ့ကိစ္စများအတွက် ငွေကုန်ကြေးကျလဲများရ တတ်ပါတယ်။ အပူအအေးမမျှတမှုကြောင့်ဖြစ်ရတဲ့ရောဂါတွေကို ပိုဂရုစိုက်စေချင်ပါတယ်။


အမှုအခင်းကိစ္စတွေမှာ တော့သက်သေလိုက်ပေးတာမျိုးတွေ၊အာမခံတာမျိုးတွေအထူးရှောင်လိုက်ပါ။ ဘာလုပ်လုပ်ခေါင်းအေးအေးထား ပြီးအရေးကြီးတာတွေကိုအရင်စလုပ်ပါ။ အချိန်မဖြုန်းမှအဆင်ပြေမယ်။ အချိန်ဖြုန်းမိရင်အလုပ်တာဝန်တွေအကြွေး များလာတတ်ပါတယ်။တတ်နိုင်သမျှ မိမိအောက်လက်ငယ်သားတွေကိုတာဝန်တွေခွဲဝေပေးစေချင်ပါတယ်။ အိမ် ထောင်ရှင်များကတော့ မိသားစုငြိုငြင်မှုကိုခံရမဲ့ကာလပဲဖြစ်ပါတယ်။ အချစ်ရေးမှာချစ်သူရဲ့ငွေကြေးပြဿနာတွေ ကြောင့်မိမိပါရောပြီးစိတ်ညစ်ရတတ်ပါတယ်။ ပညာရေးမှာတော့ ကျန်းမာရေးအညံ့ကြောင့်ပဲ ပညာရေးကိုထိခိုက် စေနိုင်ပါတယ်။


အကျိုးပေးဂဏန်း 1/5/7  အထူးဟော သူများကိစ္စတွေကြားမဝင်လိုက်ပါနဲ့။  ယတြာ ဒန်ပေါက်ဝယ်ပြီး ဘုရားကပ်လှူပေးပါ။


၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ


ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 . .09 44 5555 695