လိဒ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူဖို့ စီစဥ်နေတဲ့ ယူနိုက်တက်


လိဒ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ခေါ်ယူဖို့ စီစဥ်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်း သည် လိဒ် အသင်းမှ ဘရာဇီးကြယ်ပွင့် ကွင်းလယ် ကစားသမား ရာဖင်ဟာကို မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ လာမယ့် နွေရာသီ အပြောင်းအရွေ့ စျေးကွက်မှာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။


လိဒ် အသင်း သည် ရာဖင်ဟာကို 2020 ခုနစ်တုန်းက ရင်းနက် အသင်းကနေ 17 သန်းနဲ့ခေါ်ယူခဲ့ပြီး 4 နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်၊ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲပေါင်း 30 ကစား 6 ဂိုးသွင်း၊ ဂိုးဖန်တီးမှု 9 ဂိုးပြုလုပ်ခဲ့တဲ့ ရာဖင်ဟာကို ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။


ယူနိုက်တက် အသင်းမှ ပေါ်တူဂီ ကြယ်ပွင့် ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်နဲ့ ရာဖင်ဟာတို့ သည် စပို့တင်းလစ်စ္စဘွန်းအသင်းမှာ အတူတကွကစားခဲ့ဖူးသလို ရင်းနှီးတဲ့သူတွေ ဖြစ်တာကြောင့် ယူနိုက်တက်အသင်းက အဲဒီအချက်ကို အသုံးချပြီး ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။


ဒါပေမဲ့လည်း လိဒ် အသင်းက သူတို့ရဲ့အဓိက ကစားသမားကို လွယ်လွယ်နဲ့လက်လွတ်ခံဖို့မရှိတာကြောင့် ယူနိုက်တက်အသင်း ခက်ခက်ခဲခဲကြိုးပမ်းရဖို့ရှိနေပါပြီ။


ခ ရက် ဒစ်