အငှား ကွင်းလယ်သမားတွေ ပြန်လွှတ်ရပြီးနောက် ဝုဗ်ကြယ်ပွင့် ကစားသမားကို အာဆင်နယ် ချိတ်ဆက်နေ


အငှား ကွင်းလယ်သမားတွေ ပြန်လွှတ်ရပြီးနောက် ဝုဗ်ကြယ်ပွင့် ကစားသမားကို အာဆင်နယ် ချိတ်ဆက်နေ

အငှား ကွင်းလယ်သမားတွေ ပြန်လွှတ်ရပြီးနောက် ဝုဗ်ကြယ်ပွင့် ကစားသမားကို အာဆင်နယ် ချိတ်ဆက်နေ


အာဆင်နယ်အသင်းဟာ အငှား ခေါ်ထားခဲ့တဲ့ ကွင်းလယ်ကစားသမား ဒန်နီ စီဘယ်လော့စ်နှင့် မာတင် အိုဒီဂတ်တို့ကို လက်လွတ်ခဲ့ရပြီးနောက် ပေါင်၃၄သန်းတန် တန်ကြေးရှိတဲ့ ဝုဗ်ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ချဉ်းကပ်နေကြောင်း သိရသည်။


ပြီးခဲ့တဲ့ ရသာီက အာဆင်နယ်မှာ အငှားကစားပြီးနောက် စီဘယ်လော့စ်နှင့် အိုဒီဂတ်တို့ဟာ မိခင်ကလပ် ရီးရဲလ်အသင်းထံ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ယမန်နှစ်က အငှားချထားတဲ့ လူးကပ်စ် တော်ရဲယားနှင့် ဂမ်ဒိုဇီတို့ကိုလည်း အသင်းက ရောင်းချသွားရန် ရှိနေပါတယ်။


အင်္ဂလန် သတင်းတွေ အဆိုအရတော့ ဂန်းနားမန်နေဂျာ အာတီတာဟာ ကွင်းလယ်ပိုင်း အားဖြည့်ရန် နီဗက်စ်ကို မျက်စိကျနေပြီး အသင်းကနေ ထွက်ခွာဖို့တောင်းဆိုထားတဲ့ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကိုလည်း ဆက်လက် စိတ်ဝင်စားလျက် ရှိနေပါတယ်။


အသက်၂၄နှစ်အရွယ် နီဗက်စ်ဟာ ဝုဗ်အသင်း ချန်ပီယံရှစ်တွင် ရှိစဉ် ဂျူလိုင်လ ၂၀၁၇မှာ ပေါင်၁၅သန်းဖြင့် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၇၆ပွဲကစား ၄ရာသီကြာ ဖြတ်သန်းထားကာ ဂိုး၂၀ သွင်းယူပေးထားပါတယ်။


ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင်ဟာ ပရီးမီးယားလိဂ်တွင် သူရဲ့ တိကျတဲ့ အဝေးဘော၊ တိကျတဲ့ ဘောလုံးထိန်းသိမ်းဟန်၊ ပေါက်ကွဲအားကောင်းတဲ့ ကစားဟန်တွေကြောင့် အသင်းကြီးတစ်ချို့က ၎င်းကို ခေါ်ယူရန် မျက်စိကျနေကြပါတယ်။ အဲဒီ အသင်းတွေထဲမှာ အာဆင်နယ်ပါဝင်လာခဲ့ပြီး အက်သလက်တီကိုကနေ ပေါင်၄၅သန်းဖြင့် ခေါ်ယူထားတဲ့ သောမတ်စ် ပါတေးနဲ့ တွဲဖက်ရန် နည်းပြအာတီတာ ရည်ရွယ်ထားပုံ ရပါတယ်။


ဝုဗ်နဲ့ နီဗက်စ်ဟာ ၂၀၂၄ခုနှစ် နွေရာသီကာလအထိ စာချုပ်ကျန်နေသေးတာကြောင့် အာဆင်နယ်အနေနဲ့ ပေါင် သန်း၃၀ နဲ့ အထက်ကို ပေးကာ ခေါ်ယူရဖွယ် ရှိပါတယ်။