ဇာတ်ကား(၂၀)မပြည့်သူတွေ ရုပ်ရုင်အစည်းအရုံးကဒ် ရပြီး နှုတ်ထွက်တယ်ဆိုတာကို အံ့သြတယ်လို့ ရွှေရူပါဦး ပြော….


ဇာတ်ကား(၂၀)မပြည့်သူတွေ ရုပ်ရုင်အစည်းအရုံးကဒ် ရပြီး နှုတ်ထွက်တယ်ဆိုတာကို အံ့သြတယ်လို့ ရွှေရူပါဦး ပြော….

ရုပ်ရှင်ဇာတ်ကားပေါင်း(၂၀) ရိုက်ဖူးသူကိုမှ ရုပ်ရှင်အစည်းအရုံးကဒ်ပေးတာဖြစ်လို့ ဇာတ်ကား(၂၀)မပြည့်ဘဲ အစည်းအရုံးဝင်ဖြစ်ပြီး နှုတ် ထွက်စာတင်တဲ့သူတွေကို တွေ့ရတယ်လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။






“သရုပ်ဆောင်လောကထဲဝင်မယ့်သူမို့ ရုပ်ရှင်အစည်းအရုံးဝင်တစ်ယောက်ဖြစ်အောင် အစည်းအရုံးဝင်ကတ်သွားလျှောက်ဖူးပါတယ်၊ ရုပ်ရှင် ဇာတ်ကား (၂၀) ပြည့်အောင်ရိုက်ဖူးသူကိုမှ အစည်းအရုံးဝင်ကတ် တရားဝင်ပေးပါတယ်ဆိုတဲ့စည်းကမ်းချက်ကြောင့် ခုချိန်ထိအစည်းအရုံးဝ င်မဖြစ်နိူင်သေးပါ၊ အံ့ဩတာက ဇာတ်ကား ၂၀ မပြည့်တဲ့သူတွေက အစည်းအရုံးဝင်ကတ်တွေရထားပြီး နှုတ်ထွက်ကြတယ်ဆိုလို့ပါ “လို့ သူ မ ကရေးသားထားတာပါ။








စစ်ကောင်စီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌအဖြစ် သရုပ်ဆောင်အကယ်ဒမီခန့်စည်သူ ကိုခန့်အပ်ခဲ့တာကြောင့် အနုပညာ လော ကသားတွေကြား အငြင်းပွားတာတွေဖြစ်ပေါ်ခဲ့ပြီး အနုပညာရှင်တချို့ ရုပ်ရှင်အစည်းအရုံးမှ နှုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။
Crd...