ညီအစ်ကိုလိုမျိုး ခင်မင်ရင်းနှီးရတဲ့ ပြေတီဦးကို ထူးထူး ခြားခြားသတိရနေမိကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ကျော် ကျော်


ညီအစ်ကိုလိုမျိုး ခင်မင်ရင်းနှီးရတဲ့ ပြေတီဦးကို ထူးထူး ခြားခြားသတိရနေမိကြောင်း ရင်ဖွင့်ပြောပြလာတဲ့ ကျော် ကျော်

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင် များစွာကလည်း ပူးပေါင်းပါဝင် ကာ အစွမ်းကုန် ရပ်တည်ပေးခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ပြည်သူတွေနဲ့ တစ်သားတည်း လမ်းပေါ် နေ့စဉ်တိုင်းထွက်ကာ လှုပ်ရှား ပါဝင်ကြသလို Follower သိန်းချီရှိတဲ့ အကောင့်တွေကနေလည်း နိုင်ငံတကာက မီဒီယာတွေ သိအောင် speak out လုပ်ပေးခဲ့ကြတာပါ ။ 


ဒါ့အပြင် တော်လှန်ရေးကြီးမှာ အသက်ပေးကြတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေဆီလည်း သွားရောက်ကာ ဂုဏ်ပြုငွေများ ချီးမြှင့် ရင်း အားပေးစကားတွေလည်း ပြောကြားခဲ့တာလည်း တွေ့ရပါတယ် ။ တစ်ချို့အနုပညာရှင်တွေဆိုရင် အောင်မြင်မှုတွေကို စွန့်ခွာပြီး တိုင်း ရင်း သားတွေ ဆီသွားရောက်ကာ စစ်သင်တန်းများ တက်ရောက်လျက်ရှိနေကြပါပြီ ။ တစ်ချို့ကလည်း ဖမ်းဆီးထိန်းသိမ်းခံထား ရတာတွေ လည်း ရှိနေပါတယ်။ 


ဒီနေ့မှာတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးဇင်ဝိုင်း ပြန်လည် လွတ်မြောက်လာ တာကြောင့် အနုပညာရှင်တွေကော ပြည်သူ အားလုံးကပါ ဝမ်းသာပီတိ ဖြစ်နေကြတာပါ ။ ဒီသတင်းလေးနဲ့ ပတ်သက်ပြီး ကျော်ကျော်ကလည်း တိုက်ဆိုင်စွာ ဒီနေ့မှာပဲ ညီအစ်ကိုလိုခင်မင်ရတဲ့ ပြေတီ ဦး ကို သတိ အရမ်းရမိကြောင်း ပြောကြားလာပါတယ်။ ဒါ့အပြင်  ဦးတီတို့ ဇနီးမောင်နှံအပါအဝင် ဖမ်းဆီးခံထားရသူတိုင်းလည်း အမြန် လွတ် မြောက်စေချင်ကြောင်းကို ”


ဒီနေ့တော့ အကိုတီ ကိုထူးထူးခြားခြားသတိရနေမိတယ်…သာမာန်ဆိုရင်တော့ အကိုနဲ့သွားလိုက် စားလိုက်…ပျော်ပျော်ပါးပါးနဲ့ညီအကိုတွေ အလုပ်တွေလဲလုပ်နေကြပီပေါ့လေ…ခုတော့ ဦးဌေး အိမ်ပြန်ရောက်ပီကြားတော့ ကိုတီနဲ့အစ်မ အန်ကယ်လေး ညီလေးပိုင်တံခွန်အပါအဝင် ဖမ်းစီးခံထားရတဲ့သူတွေလဲ ပြန်လည်လွတ်မြောက်လာမလားလို့ မျှော်နေမိတယ်…အမြန်သာလွှတ်ပေးလိုက်ကြပါတော့ဗျာ ”  ဆိုပြီး ရေး သား ထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။