ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ဥက္ကဋ္ဌကအသစ်နဲ့ ရုပ်ရှင်အစည်းအရုံးကို ထိထိမိမိ ခွီလိုက်တဲ့ သရုပ်ဆောင် ဆင်မ


ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ဥက္ကဋ္ဌကအသစ်နဲ့ ရုပ်ရှင်အစည်းအရုံးကို ထိထိမိမိ ခွီလိုက်တဲ့ သရုပ်ဆောင် ဆင်မ

“အဖွဲ့အစည်းတစ်ခုဆိုတာ အလုပ်လုပ်ရင် အများသဘောရယူရတယ်ဗျ”ဟုဆိုကာ ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ဥက္ကဋ္ဌကအသစ်နဲ့ ရုပ်ရှင်အစည်းအရုံးကို ထိထိမိမိ ခွီလိုက်တဲ့ သရုပ်ဆောင် ဆင်မ


ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူကို ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌရာထူး ချီးမြှင့်ခဲ့ပြီးနောက်မှာ ပရိသတ်တွေရဲ့ဝေဖန်မှုတွေဟာ မြင့်တက်လာခဲ့ပါတယ်။


ဒီလိုရာထူးအပြောင်းအလဲ ဖြစ်ပေါ်ပြီးတဲ့နောက်မှာတော့ ရုပ်ရှင်အဖွဲ့သားတွေဟာ ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်ကြောင်း ကြောငြာခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ခန့်စည်သူဟာ ဥက္ကဋ္ဌရာထူးကို မထမ်းဆောင်လိုကြောင်း ပြန်လည်ပြောကြားခဲ့တဲ့အပေါ်မှာ ရုပ်ရှင်အဖွဲ့သားတော်တော်များများနဲ့ ပရိသတ်တွေဟာ မိမိတို့ရဲ့ ထင်မြင်ချက်တွေကို လူမှုကွန်ရက်မှာ ဖွင့်ဟလာခဲ့ပါတယ်။



ဒီလိုဖွင့်ဟတဲ့အထဲမှာ ဇာတ်ပို့သရုပ်ဆောင်ဆင်မဟာလည်း သူ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်ကို ” နယကတို့ အုပ်ကြီးတို့အတွင်းမှူးတို့ရေ အချင်းချင်း တိုင်ပင်ဆွေးနွေးကော်ကော်သောက် ဓါတ်ပုံရိုက် လိုင်းပေါ်တင်ပြီးဆွေးနွေးကြပါဦး



အူးတို့လုပ်တာနဲ့ တားတို့က မစူးစမ်းမလေ့လာဘူးပဲဖြစ်ရသေးတယ် တားတို့တွေလည်း သူငယ်တန်းတော့ ကျက်ဖြေအောင်ခဲ့ပါတယ်ဗျ တားတို့က ရှေ့နောက်စဉ်းစားပြီးမှ အလုပ်ကိုလုပ်တာလုပ်ရင်လဲ အများတင်မဟုတ်ဘူးကမ္ဘာကြီးပါသိအောင် fb ပေါ်တင်ပလိုက်တာ အဖွဲ့အစည်းတစ်ခုဆိုတာ အလုပ်လုပ်ရင် အများသဘောရယူရတယ်ဗျ အခုတော့ လား လား လား ထွက်ချီ ဝင်ချီ လားလားလား” ဆိုပြီး ခပ်ပြောင်ပြောင် ပြောပြလာခဲ့ပါတယ်။



ပရိသတ်တွေကိုရသမျိုးစုံပေးနိုင်တဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်သလို အနုပညာလောကရဲ့ ဇာတ်အစုံကိုလည်းသိနေတဲ့သူမို့ သူ့ရဲ့ခံစားချက်တွေကို ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်းဖွင့်ဟလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုပြောကြားလာတဲ့အပေါ်မှာလည်း ပရိသတ်တွေက ဦးဆင်မနဲ့ထပ်တူသဘောတူကြောင်း မှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။