မကွေး လေတပ်စခန်းဌာနချုပ်အတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွား


မကွေး လေတပ်စခန်းဌာနချုပ်အတွင်း  သေနတ်ပစ်ခတ်မှု ဖြစ်ပွား

မကွေးလေတပ်စခန်း ဌာနာချုပ်ဝင်းအတွင်းမှာ ဇွန်လ ၇ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ လေတပ်စခန်းနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေတပ်စခန်းထဲမှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ကြားရပြီးတော့ ညနေ ၆ နာရီ ၄၅ မိနစ်လောက်မှာ ပစ်ခတ်သံတွေ ရပ်သွားတယ်လို့ လေတပ်စခန်းနဲ့ နီးစပ်သူတစ်ယောက်က ဒီဗွီဘီ ကို ပြောပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်တဲ့ အကြောင်းရင်းနဲ့  ထိခိုက်ဒဏ်ရာရတာရှိ မရှိ  အတည်ပြုလို့ မရသေးဘဲ တပ်ထဲမှာ သဘောထားကွဲလွဲပြီးတော့ ထွက်ပြေးဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြော ဆိုနေကြပါတယ်။

မကွေးလေတပ်စခန်းဌာနချုပ်မှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတော့ လေယာဉ် အတက်အဆင်း ဆက်တိုက်များပြားခဲ့ပြီး  အခုရက်ပိုင်းတွေမှာ နည်းနည်းငြိမ်သွားတယ်လို့ သိရပါတယ်။

Crd. DVB