မန်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်ဆက်မှောက်မည်

2020-01-13 17:28:43


မန်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်ဆက်မှောက်မည်

မန်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ်ဆက်မှောက်မည်


မန္တလေးတက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို အရေးမယူမချင်း သပိတ်ဆက်မှောက်သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ သပိတ်မှောက် ဦးဆောင်ကော်မတီဝင် တဦးက ပြောပါတယ်။


မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အနေနဲ့ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်ကို ချိုးဖောက်ပြီး သူနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လုပ်ငန်းရှင်တစ်ဦးကို Food Court လုပ်ပိုင်ခွင့်ပေးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၉ ရက်နေ့က ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှုကို ပြန်လည်စတင်ခဲ့ပါတယ်။


Food Court လုပ်ပိုင်ခွင့် ပေးတာကို ပြင်းထန်စွာ အရေးယူပေးဖို့ တိုင်ကြားခဲ့တဲ့အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု အဆင့် ဒုဝန်ကြီးပါတဲ့ စစ်ဆေးရေးအဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာ ၇ ရက်က စတင်စစ်ဆေးခဲ့ပေမယ့် အခု အချိန်ထိ ဆုံးဖြတ်ချက် တစုံတရာ မရသေးဘူးလို့ သိရပါတယ်။


ကျောင်းသားသပိတ်မှောက်လှုပ်ရှားမှု ပြန်လည်စတင်တဲ့ ဒုတိယနေ့ ကနေစပြီး မန္တလေး တက္ကသိုလ်ပင်မဆောင် အဝင်လမ်းတချို့ကို ယာယီပိတ်တာတွေ၊ အဆောင်တွေကို နေ့ခင်းဘက်တွေမှာပါ ပိတ်တာတွေနဲ့ ပင်မဆောင်တံခါးတွေ ပိတ်တာတွေရှိနေပါတယ်။ ဒါကြောင့်ကျောင်းက ထောင်နဲ့တူနေတယ်လို့ ကျောင်းသားတဦးက က ပြောပါတယ်။


မန္တလေးတက္ကသိုလ်အတွင်းမှာ ဆောက်လုပ်ထားတဲ့ Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်းက စတင်ဆောက်လုပ်တာဖြစ်ပြီး အခုအခါမှာ ပြီးစီးနေပြီဖြစ်ပါတယ်။


DVB TV News