မြိတ်တွင် ၉ တန်း ကျောင်းသား ၃ ဦး ပျောက်ဆုံးနေ

2020-01-14 10:13:38


မြိတ်တွင် ၉ တန်း ကျောင်းသား ၃ ဦး ပျောက်ဆုံးနေ

မြိတ်တွင် ၉ တန်း ကျောင်းသား ၃ ဦး ပျောက်ဆုံးနေ


13.1.2020


မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေရှိ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ၉ တန်းကျောင်းသား၁ ဦး နှင့် ကျောင်းသူ ၂ ဦး ဇန်နဝါရီလ ၁၂ ရက် နေ့က ပျောက်ဆုံးသွားကြောင်းသိရပါတယ်။


မြိတ်တောင်ကျေးရွာအုပ်စု၊ ရာပြည့် ၆ လမ်းမှာနေထိုင်တဲ့ မမိုးမိုးလှိုင်(၁၅)နှစ်၊ဆိုသူက ၁၂ ရက်နေ့၊ညနေ ၃ နာရီ အချိန်က ကျူရှင်သွားမည်ဟုပြောဆိုပြီး နေအိမ်မှထွက်သွားရာ အိမ်ပြန်ချိန်ရောက်တဲ့အထိ ပြန်မရောက်လာတာကြောင့် အုပ်ထိန်းသူများက လိုက်လံစုံစမ်းရာ ၎င်းနှင့်အတူ အ.ထ.က(၂)မှာ တစ်ခန်းတည်းအတူပညာသင်ကြားနေတဲ့ ပါရမီ ၂ ရပ်ကွက်မှမောင်ကောင်းသြဇာထက်(၁၆)နှစ်၊ နှင့် မဆွေဇင်ဝင်း (၁၆)နှစ် တို့ ၃ ဦးစလုံး အဆက်အသွယ်မရပဲပျောက်ဆုံးနေကြောင်းသိရပါတယ်။





ဖြစ်စဉ်နှင့်ပတ်သက်ပြီးအုပ်ထိန်းသူများမှမြိတ်မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီး၊ ပုံပါ ကျောင်းသား/ သူ ၃ ဦးအား တွေ့ရှိပါက သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားပေးကြပါရန် အကူအညီတောင်းခံအပ်ပါတယ်။