ကော့သောင်းတွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၁၇ ဦး နေရပ်ပြန်လည်ရောက်ရှိ

2020-01-14 10:18:30


ကော့သောင်းတွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၁၇ ဦး နေရပ်ပြန်လည်ရောက်ရှိ

ကော့သောင်းတွင် ဖမ်းမိခဲ့သည့် ဘင်္ဂါလီ ၁၇ ဦး နေရပ်ပြန်လည်ရောက်ရှိ


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း ပင်လယ်ပြင်မှာ တပ်မတော် ရေတပ်က ဖမ်းဆီးခဲ့တဲ့ ဘင်္ဂါလီ ၁၇၃ ဦးထဲက ၁၇ ဦးဟာ ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက စစ်တွေမြို့၊ သဲချောင်း- ဗေဒါကျေးရွာရဲ့ ဆိပ်ကမ်းကို ရောက်ရှိလာပါတယ်။


ရောက်ရှိလာတဲ့အထဲမှာ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသား ၇ ဦးတို့ ပါဝင်ပြီး အဲဒီထဲမှာ ၆ နှစ်ကနေ ၁၀ နှစ် အသက်အရွယ်ရှိ ယောကျ်ားလေး ၃ ဦးနဲ့ မိန်းကလေး ၁ ဦးတို့ ပါဝင်ပါတယ်။


အဆိုပါ ၁၇ ဦးကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ လက်ထဲကို အပ်နှံခဲ့တယ်လို့ သိရပါတယ်။


ကျန်ရှိနေတဲ့သူတွေကို ဘယ်မှာ နေရာချထားမယ်ဆိုတာကို သိရှိနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေး ဝန်ကြီးဦးဝင်းမြင့်ကို မေးမြန်းရာမှာ သူ့အနေနဲ့ အတိအကျ မသိရှိကြောင်းနဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို မေးမြန်းဖို့ ပြန်လည်ဖြေဆိုပါတယ်။


ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကို ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။


လူပေါင်း ၁၇၀ ကျော် တင်ဆောင်လာတဲ့ စက်လှေကို မြန်မာအမျိုးသား ၇ ဦးနဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က ကော့သောင်းမြို့နယ် ပင်လယ်ပြင်ကနေ ရေတပ်က ဖမ်းဆီးလိုက်ပြီးနောက်မှာ ရခိုင်ပြည်နယ်ကို ဇန်နဝါရီ ၈ ရက်က သင်္ဘောနဲ့ ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။


DVB TV News