ဗြိတိန်သံရုံး ပိတ်သိမ်းရန် အီရန် ပြည်သူများ ဆန္ဒပြတောင်းဆို

2020-01-14 10:19:06


ဗြိတိန်သံရုံး ပိတ်သိမ်းရန် အီရန် ပြည်သူများ ဆန္ဒပြတောင်းဆို

ဗြိတိန်သံရုံး ပိတ်သိမ်းရန် အီရန် ပြည်သူများ ဆန္ဒပြတောင်းဆို


အီရန်နိုင်ငံရဲ့မြို့တော် တီရန်က ဗြိတိန်သံရုံးရှေ့မှာ အီရန်ပြည်သူအများအပြား ဇန်နဝါရီ ၁၂ ရက်က စုရုံးခဲ့ပြီး သံရုံးကို ပိတ်ပစ်ဖို့ တောင်းဆိုနေကြပါတယ်။


ကျောင်းသားတွေ အပါအဝင် ဆန္ဒပြသူတွေဟာ သံရုံးအပြင်မှာ စုရုံးခဲ့ကြပြီး ဗြိတိန်အစိုးရနဲ့ အီရန်ဆိုင်ရာ ဗြိတိန် သံအမတ်ကြီးတို့ကို ဝေဖန်တဲ့ ဆောင်ပုဒ်တွေကို ဟစ်ကြွေးရင်း ဆိုင်းဘုတ်တွေကို ဝှေ့ယမ်း ဆန္ဒပြခဲ့ကြပါတယ်။


ဗြိတိန်အစိုးရက သူ့သံအမတ်ကြီး ဇန်နဝါရီ ၁၁ ရက်မှာ အဖမ်းခံထားရတယ်လို့ ပြောပါတယ်။


အီရန်မီဒီယာကတော့ သံအမတ်ကြီးဟာ ဆန္ဒပြပွဲတွေကို သွေးထိုးလှုံ့ဆော်လို့ ဖမ်းထားတယ်လို့ ပြောပါတယ်။


သံအမတ်ကြီးကတော့ လေယာဉ်ပျက်ကျရာမှာ သေဆုံးတဲ့ လူတွေအတွက် ဆုတောင်းပွဲကို တက်ခဲ့တာလို့ ပြောပါတယ်။


သံအမတ်ကြီးကို အီရန်က ဖမ်းထားတာကို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရဘ်က ပြစ်တင်ရှုတ်ချပါတယ်။


အီရန်အနေနဲ့ တင်းမာမှု ဖြေလျှော့ရေး ခြေလှမ်းကို ယူနိုင်သလို အပယ်ခံ အခြေအနေကို ဆက်ချီတက်နိုင်တယ်လို့ လည်း ပြောခဲ့ပါတယ်။


DVB TV News