အန္တရာယ်ကြီးလွန်းတဲ့ မီးတောင်ပေါက်ပွဲမူဖြစ်လာနိုင်တာကြောင့် လူပေါင်း ၈၀၀၀ ကျော်ကို ဘေးလွဝ်ရာ ရွှေ့ပြောင်းနေရ

2020-01-14 10:38:35

ဖိလစ်ပိုင်နိုင်ငံက မီးတောင်တစ်တောင်ဟာ အန္တရာယ်ကြီးတဲ့ ပေါက်ကွဲမှု နာရီပိုင်းအတွင်း ထဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက သတိပေးနေချိန်မှာပဲ ချော်ရည်ပူတွေ စတင်မှုတ်ထုတ်လာပါတယ်။

မြို့တော် မနီလာက တောင်ဖက် ၄၅ မိုင်အကွာခန့် တဲလ်မီးတောင်ဟာ ဒီကနေ အစောပိုင်းမှာ ချော်ရည်တွေ စတင်စီးဆင်းလာတာပါ။

ဒီလို ချော်ရည်တွေ မစီးဆင်းခင် မီးတောင်ပြာမှုန်တွေ မှုတ်ထုတ်နေတာကြောင့် ဧရိယာအဝန်းအဝိုင်းက လူပေါင်း ၈၀၀၀ ကျော်ကို ဘေးလွဝ်ရာ ရွှေ့ပြောင်းထားရပါတယ်။

တဲလ်မီးတောင်ဟာ ဖိလစ်ပိုင်မှာ ဒုတိယလှုပ်ရှားမှုအများဆုံး မီးတောင်ပဲ ဖြစ်ပါတယ်။

ကန်ကြီးတစ်ကန်ရဲ့အလယ် ကျွန်းတစ်ကျွန်းပေါ်မှာ တည်ရှိတဲ့ ဒီမီးတောင်ဟာ ကမ္ဘာအသေးငယ်ဆုံး မီးတောင်တွေထဲက တစ်ခုဖြစ်ပြီး ကုန်လွန်ခဲ့တဲ့ နှစ် ၄၅၀ အတွင်း ၃၄ ကြိမ် အနည်းဆုံး ပေါက်ကွဲမှု ဖြစ်ထားတာ ဖြစ်ပါတယ်။

“တဲလ်မီးတောင်ဟာ ပြင်းထန်တဲ့ လှုပ်ရှားမှု ဖြစ်ပေါ်နေပြီ။ နာရီပိုင်းအတွင် ပေါက်ကွဲမှု ထဖြစ်နိုင်ပြီး အန္တရာယ်ရှိနေတယ်။”လို့ ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်သိပ္ပံကျောင်းက ထုတ်ပြန်ပါတယ်။

အန္တရာယ်အဆင့် ငါးဆင့် ရှိရာမှာ ယခင် သုံးဆင့်ကနေ ခုဆိုရင် အဆင့်လေးအထိ တိုးမြှင့်သတိပေးထားရပြီ ဖြစ်ပါတယ်။

Rf; BBC

Writer_ မောင်သံဆင့်(XYZ News)