လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း ( ၈ ) ခု

2020-01-14 10:39:19


လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း ( ၈ ) ခု

လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း ( ၈ ) ခု


သင်ဟာ အမြဲလိုလိုခေါင်းကိုက်ခြင်း၊ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းခြင်း(သတိမေ့ခြင်း၊အာရုံစိုက်မရခြင်း)၊နုန်းချိခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရပါက သင့်ဦးနှောက်ကိုသွေးစီးဆင်းမှုအားနည်းနေတာကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ စိတ်ဖိစီးမှုကြောင့်သော်လည်းကောင်း၊သွေးပေါင်တက်ခြင်းကြောင့်သော်လည်းကောင်း၊ဦးနှောက်အတွင်းသွေးခဲနေခြင်းကြောင့်သော်လည်းကောင်းဖြစ်တတ်ပြီး အချိန်ကြာကြာသွေးလှည့်ပတ်မှုမကောင်းပါက ဦးနှောက်တွင်းအောက်စီဂျင်ပြတ်လပ်မှုဖြစ်ပေါ်ပြီး သင့်ဦးနှောက်ဆဲလ်များသေကြေပျက်စီးရာမှ ဦးနှောက်အလုပ်မလုပ်ခြင်းထိ ဖြစ်ပွားနိုင်ပါတယ်။

 

ဦးနှောက်သွေးလှည့်ပတ်မှုကောင်းမွန်စေဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းများကိုဖော်ပြပေးလိုက်ပါတယ်။


(၁)ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ


လွယ်ကူပြီး တအားမပင်ပန်းတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးကိုဆိုလိုပါတယ်။တအားပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကတော့ သွေးလှည့်ပတ်မှုကိုတောင်ထိခိုက်စေပါတယ်။ယေဘူယျအားဖြင့် အေရိုးဘစ်လေ့ကျင့်ခန်းများကိုနေ့စဉ်ပြုလုပ်ခြင်းဖြင့် ဦးနှောက်သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ကခြင်း၊စက်ဘီးစီးခြင်း၊ရေကူးခြင်းတို့ ပြုလုပ်နို်င်ပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိပါက တစ်နေ့လျှင် မိနစ်၃၀ခန့်လမ်းလျှောက်ပေးခြင်းဖြင့် ခြေဖဝါးကိုမြေကြီးဖြင့်ထိစေပြီး ထို ဖိအားလှိုင်းများမှတဆင့် ဦးနှောက်ကိုအောက်ဆီဂျင်ပို့ပေးစေပါတယ်။


(၂)အကြောဆန့်ပါ


အကြောဆန့်ခြင်းဖြင့်သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် သင့်အရိုးအဆစ်တွေတောင့်တင်းခြင်းကို ပြေလျော့စေပါတယ်။ဦးနှောက်သွေးလည်ပတ်မှုကောင်းစေဖို့ ပုံပါအတိုင်း သင့်ခေါင်းကို နှလုံးနေရာ ထက်နိမ့်တဲ့နေရာမှာထားပြီး အကြောဆန့်ပါက ပိုထိရောက်မှုရှိစေပါတယ်။




(၃)တရားထိုင်ပါ


လေ့လာချက်များအရ တရားထိုင်ခြင်းဟာ ဦးနှောက်သွေးစီးဆင်းမှုအားကောင်းစေပါတယ်။ တစ်နေ့ကို ၁၂မိနစ်ခန့်တရားထိုင်ပါက သင့်စိတ်ကိုကြည်လင်စေတဲ့အပြင် သင့်ကျန်းမာရေးအတွက်လဲ များစွာ ကောင်းကျိူးရှိစေပါတယ်။


(၄)ရေအေးကိုမကြောက်ပါနဲ့


ရေအေးအေးလေးနဲ့ ထိတွေ့ခြင်းဟာ သင့်ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းမွန်စေတာအမှန်ပါ။လေ့လာချက်များအရ သင့်လက် သို့ ခြေထောက်ကို ရေအေးထဲ မိနစ်အနည်းငယ်စိမ်ခြင်းဟာ သင့်နှလုံးခုန်နှုန်းကိုနှေးစေပြီး သင့်ဦနှောက်ကို သွေးကောင်းကောင်းစီးဆင်းစေပါတယ်။


(၅)နေပူဆာလှုံပါ


နေရောင်ခြည်နဲ့ထိတွေ့ခြင်းဖြင့် သဘာဝအတိုင်း နိုက်ထရစ်အောက်ဆိုဒ်များကို ထွက်စေပြီး ဦးနောက်စွမ်းဆောင်ရည်ကိုတိုးတက်စေပါတယ်။သွေးပေါင်ကိုလဲ ကျစေပါတယ်။ထို့ပြင် ဗီတာမင်ဒီကိုပိုမိုရရှိစေတဲ့အတွက် ကျန်းမာရေးကောင်းကျိူးများရစေမှာပါနော်


(၆)ကျန်းမာရေးနဲ့ညီညွတ်သော စားသောက်မှုပုံစံကို လိုက်နာပါ


-အနက်ရောင်ချောကလက်များများစားပါ

အနက်ရောင်ချောကလက်မှာပါသော ဖလေဘိုုးနွိုက်ကသင့်ဦးနှောက်မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ဦးနှောက်သွေးစီးအားကိုလဲကောင်းစေပါတယ်။

-အစေ့အဆန်များစားပါ။အသီးအနှံများစားပါ။

အစေ့အဆန်များ၊ထောပတ်သီးနဲ့ဘလူးဘယ်ရီးသီးများစားခြင်းဖြင့် သွေးတွင်းအဆီများကျစေပြီး နှလုံးရောဂါနဲ့လေဖြတ်ရောဂါများကို ကာကွယ်ပေးပါတယ်။


(၇)ပီကေဝါးပါ


ပီကေဝါးခြင်းသည် သင့်ဦးနှောက်သွေးစီးဆင်းမှုကို ၂၅ ရာနှုန်းမှ ၄၀ရာနှုန်းထိ တိုးတက်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ဥိးနှောက်တွင်းအောက်ဆီဂျင်ကောင်းကောင်းရောက်ရှိစေပြီး စွမ်းဆောင်ရည်မြင့်တက်စေပါတယ်။ထို့ပြင် ပီကေဝါးခြင်းကြောင့် အာရုံကြောများနိုးကြားစေပြီး သင့်ကိုလန်းဆန်းစေပါတယ်။


(၈)ဗီတာမင်အားဆေးများမှီဝဲပါ


ဗီတာမင် ဘီ ၁ ဘီ၆ ဘီ၁၂ပါ၀င်သော အားဆေးများသောက်သုံးပါ။

-အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါသောအားဆေးများစားသုံးပါ။အိုမီဂါ၃ဟာ သင့်ဦးနှောက်အာရုံကြောစနစ်ကိုကောင်းမွန်စေတဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါကိုပါကာကွယ်ပေးပါတယ်။


Writer_ Dr Jue ( XYZ NEWS )