အရမ်းလှတဲ့ ကောင်မလေး နဲ ့ကိုယ်အင်္ဂါ ချို့တဲ့နေတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း

2020-01-14 10:40:27


အရမ်းလှတဲ့ ကောင်မလေး နဲ ့ကိုယ်အင်္ဂါ ချို့တဲ့နေတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း

အရမ်းလှတဲ့ ကောင်မလေး နဲ ့ကိုယ်အင်္ဂါ ချို့တဲ့နေတဲ့ ကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်း


ပျော်စရာ အဆုံးသတ် ဆိုတာ ရှိကြောင်း သူတို့ရဲ့ အချစ်က သက်သေပြနေပါတယ် ။ အချစ်ဆိုတာ ဘာလဲ ဆိုတာကို ဘယ်သူမှ သေချာ ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး ။ တချို့ လူတွေကလည်း အရာအားလုံးကို လက်ခံ ပေးနိုင်ခြင်းလို့ အဓိပ္ပါယ် ဖွင့်ကြသလို တချို့ကြတော့လည်း မည်သည့် အခြေအနေ မည်သည့် အကြောင်းပြချက်နဲ့ မသက်ဆိုင်ပဲ ပွင့်ဖူးလာတဲ့ အရာတစ်ခုလို့ ပြောကြပါတယ် ။ တကယ်တော့ အချစ်ဆိုတာကို သဘာဝအတိုင်း ခံစားရုံပါပဲ ။ လူအများစုကတော့ အပြင်ပိုင်းကို ကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် ရွေးချယ်ကြတယ် ။ ဒါပေမယ့် လူအားလုံးတော့ မဟုတ်ပါဘူး ။


ဘာကြောင့်လဲ ဆိုတော့ သေချာတာတစ်ခုက အချစ်ဆိုတာ တကိုယ်ကောင်း ဆန်ခြင်း မဟုတ်ဘူး ။ မပြည့်စုံတဲ့ အတွဲတွေကို ကြည့်မှသာ ဒီအချက်ကို သေချာမြင်နိုင်မှာပါ ။ အခု Elo နဲ့ Mara စုံတွဲ ရဲ့အချစ်ဇာတ်လမ်းကို တစ်ချက်လောက် ကြည့်ရှုလိုက်ပါ ။ Mara ဟာ ချောမောလှပပြီးတော့ ယောကျာ်းတွေ လိုချင်ကြတဲ့ အိမ်မက်ထဲက မိန်းကလေးလိုမျိုး ပြည့်စုံတဲ့ သူတစ်ယောက် ဖြစ်ပါတယ် ။


Elo ကတော့ အရပ်အရမ်းပုတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပြီးတော့ သူ့ကိုယ်သူ မပြည့်စုံသလို ခံစားနေရတဲ့သူ တစ်ယောက်ပါ ။ ဒါပေမယ့် ကံကြမ္မာက သူတို့နှစ်ယောက်ကို တွဲဖက်ပေးခဲ့ပါတယ် ။ နောက်ဆုံးတော့ သူတို့နှစ်ယောက် အိမ်ထောင် ပြုခဲ့ကြပြီး မင်္ဂလာပွဲဟာ ခမ်းနားခဲ့ပါတယ် ။ သူတို့နှစ်ဦးဟာ ဧည့်သည်တွေရဲ့ ရှေ့မှောက်မှာ အခုလို သစ္စာပြုခဲ့ကြပါတယ် ။


“ကိုယ် ဘုရားသခင်ကို မေးခဲ့တယ်… ဘာကြောင့်လဲ… ဘာကြောင့် ကျွန်တော့်ကို ဒီလို လုပ်ရတာလဲ ဆိုပြီးတော့.. ဒါပေမယ့် မင်းကိုယ့်ရှေ့ ရောက်လာတဲ့ အခါမှာတော့ ဒီမေးခွန်း အားလုံးရဲ့ အဖြေဟာ မင်းပဲဆိုတာ ကိုယ် သိလိုက်တယ် ။ မပြည့်စုံတဲ့ Elo အတွက် ပြည့်စုံလွန်းတဲ့ Mara ကို ပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ် ဘုရားသခင်” လို့ Elo ကပြောကြားခဲ့ပါတယ် ။




Mara ကလည်း သူဟာ ပြီးပြည့်စုံတဲ့သူ တစ်ယောက် မဟုတ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ် ။


“ရှင့်ကို တစ်နေ့ထက် တစ်နေ့ ပိုချစ်သွားမှာပါ ၊ ကျွန်မတို့ရဲ့ အချစ်ထက် ဘယ်အရာမှ ပိုအရေးမပါပါဘူး ၊ ကျွန်မရဲ့ မပြည့်စုံမှုတွေ ရှိနေတာတောင်မှ ကျွန်မကို ရွှေလိုမျိုး တန်ဖိုးထားတဲ့ အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ် ၊ ဘုရားသခင်က ကျွန်မကို ရှင့်အတွက် ကူညီပေးဖို့ ဖန်တီးပေးလိုက်တာ ဆိုတာ ကျွန်မ ယုံကြည်ပါတယ် ၊ ကြယ်တွေကို ဆွတ်ခူးနိုင်မယ့် လက်တစ်ခုအဖြစ် အဝေးကြီးကို လှမ်းလျောက်နိုင်မယ့် ခြေတစ်ခုအဖြစ် ကျွန်မ ရှင့်ဘေးမှာ နေသွားပေးမှာပါ ၊ ကျွန်မရဲ့ လက်တွေခြေတွေဟာ ရှင့်အတွက် ဖြစ်တည်ခဲ့တာပါ” လိုိ့ Mara ကပြောကြားခဲ့ပါတယ် ။




ဒီလက်ထက်ပွဲ အခမ်းအနားဟာ အခြား လက်ထပ်ပွဲတွေလို ငိုသံတွေ ဆို့နင့်သံတွေနဲ့ အဆုံးသတ်ခဲ့တာ မဟုတ်ပါဘူး ။ Church ကျောင်းကို လာတဲ့ လူတွေရဲ့ နှလုံးသားကို အရည်ပျော်သွားစေပြီးတော့ အပျော်လွန်ပြီး မျက်ရည်တွေ ပြည့်နှက်နေစေခဲ့ပါတယ် ။ ခရီးစဉ်တစ်ခုလုံး သူတိုရဲ့ မိဘတွေဟာ သူတို့နဲ့အတူ လိုက်ပါမှာဖြစ်ပြီး Elo နဲ့ Mara ရဲ့မိဘတွေဟာ သူတို့ကို အရမ်းချစ်ခင်ပြီး အရမ်း ဂရုစိုက်တယ်လို့ ပြောနိုင်ပါတယ် ။


Elo နဲ့ Mara ရဲ့အချစ်ဇာတ်လမ်းဟာ ကြီးမြတ်တဲ့ အချစ်စစ်ရှိကြောင်းကို သက်သေပြနိုင်ခဲ့တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ် ။ အခုဆိုရင် Elo နဲ့ Mara မှာ ကျန်းမာပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေး Liam လည်းရှိနေပြီ ဖြစ်ပါတယ် ဘယ်လောက် လိုက်ဖက်တဲ့စုံတွဲလဲ….


Writer – Min Thu ( XYZ NEWS )