ညကြီးမင်းကြီး အိမ်ထဲကိုကျူးကျော်ဝင်လာပြီး အိမ်ရှင်ရဲ့ခြေထောက်ကိုစုပ်နေတဲ့ ဖောက်ထွင်းသူ

2020-01-14 10:41:11


ညကြီးမင်းကြီး အိမ်ထဲကိုကျူးကျော်ဝင်လာပြီး အိမ်ရှင်ရဲ့ခြေထောက်ကိုစုပ်နေတဲ့ ဖောက်ထွင်းသူ

ညကြီးမင်းကြီး အိမ်ထဲကိုကျူးကျော်ဝင်လာပြီး အိမ်ရှင်ရဲ့ခြေထောက်ကိုစုပ်နေတဲ့ ဖောက်ထွင်းသူ


အမျိုးသားတစ်ယောက်က ညသန်းခေါင်ကြီးမှာ နိုးလာခဲ့ရာမှာ ဖောက်ထွင်းသူခိုးက သူ့ခြေချောင်းတွေကို စုပ်နေတာကို တွေ့လိုက်ရလို့ ထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။

 

ရဲမှတ်တမ်းမှာတော့ ဖောက်ထွင်းခံရသူဟာ အသက်၂၀အရွယ်ဖြစ်ပြီး သူက ကျူးကျော်လာသူကို ပိုက်ဆံမရှိကြောင်း ပြောပေမယ့်လည်း ကျူးကျော်လာသူက ပိုက်ဆံမလိုချင်ကြောင်း ခြေချောင်းတွေကိုသာ စုပ်ချင်ကြောင်း ပြန်ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တရားခံက သေနက်ကို ဆွဲထုတ်လိုက်မယ်လို့ပြောပြီး သူ့လိင်အင်္ဂါကို ဆုပ်ကိုင်လာတာကြောင့် သူတို့ လုံးထွေးသတ်ပုတ်ကြတယ်လို့ ဆိုပါတယ်။


ကံကောင်းထောက်မစွာပဲ ကျူးကျော်သူက သေနတ်ကို တကယ်တမ်း ဆွဲမထုတ်ခဲ့တာကြောင့် ဖောက်ထွင်းခံရသူဟာ ကျူးကျော်လာသူကို အပြင်ဘက်အထိ တွန်းထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကံကောင်းထောက်မစွာနဲ့ သူသေနတ်ကိုဆွဲမထုတ်ခဲ့ဘူး၊ ပြီးတော့ သူ့ကိုအပြင်ထိတွန်းထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် သူဟာ အကြမ်းဖက်ခံရသူရဲ့ကားရှေ့မှန်ကိုရိုက်ခွဲပြီး ထွက်ပြေးသွားတယ်လို့ Brandenton Herald က ဖော်ပြခဲ့ပါတယ်။


ခရစ္စမတ်အကြိုညနေခင်းမှာ ဖလော်ရီဒါပြည်နယ် Bradenton မြို့က အခင်းဖြစ်ပွားရာနေရာကနေ ရဲကိုဖုန်းဆက်ခေါ်ခဲ့တာကြောင့် ခြေထောက်စွဲကာမစိတ်ပြင်းထန်တဲ့ ထိုကျူးကျော်သူကိုခြေရာခံဖို့ ရဲတပ်ဖွဲ့က ခွေးများကို တပါတည်းခေါ်ဆောင်လာခဲ့ပေမယ့်လည်း ကျူးကျော်သူကိုမဖမ်းမိသေးဘူးလို့ဆိုပါတယ်။


ရဲတပ်ဖွဲ့က သူ့ကိုရှာဖွေဖို့ ကျူးကျော်ခံရသူရဲ့ခြေချောင်းတွေအကြားကနေ ဒီအန်အေနမူနာကိုယူသွားခဲ့ပေမယ့်လည်း အချက်အလက်နဲ့ကိုက်ညီတဲ့တစ်ဦးတစ်ယောက်မျှ ထွက်ပေါ်မလာသေးပါဘူး။ ထို့ပြင် အလားတူဖြစ်ရပ်မျိုးတိုင်းကြားခဲ့တာလည်းမရှိသေးဘူးလို့ဆိုပါတယ်။


Writer_Aung Moe ( XYZ NEWS )