ကိုယ်နဲ့ မွဖူးတဲ့ မင်းသား မော်ဒယ် အတော်ရှားတယ်ဆိုတဲ့ ပိုပို

2020-01-14 13:58:50


ကိုယ်နဲ့ မွဖူးတဲ့ မင်းသား မော်ဒယ် အတော်ရှားတယ်ဆိုတဲ့ ပိုပို

ကိုယ်နဲ့ မွဖူးတဲ့ မင်းသား မော်ဒယ် အတော်ရှားတယ်ဆိုတဲ့ ပိုပို


နိုင်ငံကျော်အမျိုးသမီးအဆိုတော် ပိုပိုကတော့ သူ့ရဲ့သီချင်း MTV တွေကို ပရိသတ်တွေကြားရေပန်းစား မင်းသား၊မော်ဒယ်တွေနဲ့ ရိုက်ကူးလေ့ရှိပြီး တွဲမရိုက်ဖူးတဲ့ နာမည်ကြီး မင်းသား မော်ဒယ် အတော်ရှားတဲ့အကြောင်းကို “တစ်ခါတစ်လေ MV ပြန်ကြည့်ရင် သိပ်ကျေနပ်တယ်။


ကိုယ်နဲ့ မရိုက်ဖူးတဲ့ နာမည်ကြီး မင်းသား မော်ဒယ် အတော်ရှားသား လို့စ် နောက် ဘယ်သူတွေနဲ့ ထပ်ရိုက်ရင်ကောင်းမလဲ??” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။


ပိုပိုဟာ တေးစီးရီ းအယ်ဘမ်တွေနဲ့ တစ်ကိုယ်တော် တေးစီးရီးတော်တော် များများကို ထွက်ရှိ အောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင် အရည်အချင်းကောင်းတွေနဲ့ ဘဝကို ရဲရဲရင်ဆိုင် ကျော်ဖြတ်နေတဲ့ အဆိုတော်မလေးတစ်ယောက်လို့ ဆိုလည်းမမှားပါဘူး။


ပိုပိုရဲ့ သီချင်းတော်တော် များများကလည်း ပရိသတ်တွေရဲ့ ခံစားချက်နဲ့ ထပ်တူကျခဲ့သလို ပိုပိုကိုယ်တိုင်ကလည်း ခံစားချက်အပြည့်နဲ့ သီဆိုထားခဲ့တာဖြစ်ပါတယ်။


အဆိုတော်ကိုယ်စီတိုင်းမှာရှိတဲ့ ပန်းတိုင်လေးတစ်ခုဖြစ်တဲ့ One Lady Show ကို ကျင်းပဖို့အတွက် ပိုပိုတစ်ယောက် စိတ်အားထက်သန် နေခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အကောင်အထည် ဖော်နေပြီလည်းဖြစ်ပါတယ်။


ပရိသတ်ကြီးရေ အလွမ်းသီချင်းလေးတွေနဲ့ ပရိသတ်ရင်ထဲ ရောက်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် ပိုပိုကတော့ ပရိသတ်တွေအကြိုက်တေးသီချင်းတွေကို ပရိသတ်အကြိုက် နာမည်ကြီးမင်းသား၊မော်ဒယ်တွေနဲ့ အမိုက်စားရိုက်ကူးလေ့ရှိသူပဲဖြစ်ပါတယ်။ပိုပိုဟာ နောက်ထပ် ဘယ်မင်းသားတွေနဲ့ ထပ်ရိုက်ရင်ကောင်းမလဲလို့ အကြံတောင်ထားပါသေးတယ်နော်။