နွားတွေရဲ့ ကာမစိတ်ကြွဆေးကို သောက်ခဲ့မိသူ၊ (၃)ရက်တိတိ ထောင်မတ်နေလို့ ဒုက္ခရောက်

2020-01-14 14:02:29


နွားတွေရဲ့ ကာမစိတ်ကြွဆေးကို သောက်ခဲ့မိသူ၊ (၃)ရက်တိတိ ထောင်မတ်နေလို့ ဒုက္ခရောက်

နွားတွေရဲ့ ကာမစိတ်ကြွဆေးကို သောက်ခဲ့မိသူ၊ (၃)ရက်တိတိ ထောင်မတ်နေလို့ ဒုက္ခရောက်


အမျိုးသားတစ်ယောက်ဟာ နွားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကာမစိတ်ကြွဆေးကို သောက်ခဲ့မိလို့ အတော်ဒုက္ခရောက်ခဲ့ကြောင်း သိရပါတယ်။ သူဟာ (၃)ရက်တိတိ ငယ်ပါထောင်မက်နေတဲ့အတွက် ဘယ်ကိုမှ မသွားရဲမလာရဲ အတော်လေး ကသီခဲ့ပါသတဲ့။


ဒီအကြောင်းကို The Sun က ဖော်ပြထားပြီး အဲဒီအမျိုးသားအမည်ကိုတော့ ဖော်ပြထားခြင်းမရှိဘဲ လူရွယ်တစ်ဦးလို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ မက္ကဆီကိုနိုင်ငံ၊ Veracruz မြို့မှာ ဖြစ်ခဲ့တာပါ။ အဲဒီဆေးဟာ နွားသိုးတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆေးဖြစ်ပြီး၊ မွေးမြူရေးသမားတွေ သုံးတဲ့ဆေးပါ။


အဲဒီအမျိုးသားဟာ ဒီဆေးက သူ့ကို တစ်ခြားဘေးထွက်ဆိုးကျိုး မပေးနိုင်လောက်ဘူး အထင်နဲ့ စိုက်ပျိုးမွေးမြူရေးစတိုးတစ်ခုကနေ ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် သောက်ပြီးချိန်မှာတော့ အလွန်ဒုက္ခရောက်ခဲ့ပြီး၊ Reynosa မြို့က Specialised Hospital 270 ဆေးရုံမှာ တက်ရောက်ခဲ့ရပါတယ်။


ဒီမတိုင်ခင်မှာ သူဟာ အိမ်ထဲကအိမ်ပြင်မထွက်ရဲခဲ့ဘဲ နောက်ဆုုံးတော့ သူဟာ သူငယ်ချင်းတစ်ချို့ရဲ့အကူအညီနဲ့ ဆေးခန်းပြဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ယမန်နှစ်တုန်းကလည်း ဗြိတိန်အမျိုးသားတစ်ဦးဟာ ကာမစိတ်ကြွဆေးကို အလွန်အကျွံ သုံးခဲ့လို့ အခုလို ဖြစ်ခဲ့သေးတယ်။


နေသူရိန် (D Nae Khit)