ပါကစ္စတန်သမ္မတဟောင်း မူရှာရက်ဖ်အပေါ် ချမှတ်တဲ့သေဒဏ်ကို တရားရုံးပယ်ဖျက်ပေး

2020-01-14 22:27:16


ပါကစ္စတန်သမ္မတဟောင်း မူရှာရက်ဖ်အပေါ် ချမှတ်တဲ့သေဒဏ်ကို တရားရုံးပယ်ဖျက်ပေး

ပါကစ္စတန်သမ္မတဟောင်း မူရှာရက်ဖ်အပေါ် ချမှတ်တဲ့သေဒဏ်ကို တရားရုံးပယ်ဖျက်ပေး


ပါကစ္စတန်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကို ချမှတ်ထားတဲ့ သေဒဏ်ကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ ပါကစ္စတန်သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ဟာ (၂၀၀၁)ခုနှစ်မှ (၂၀၀၈)ခုနှစ်အထိ သမ္မတ တာဝန်ယူခဲ့သူပါ။


သူဟာ ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးဘဝကနေ သမ္မတဖြစ်လာခဲ့သူဖြစ်ပြီး၊ လက်ရှိအချိန်မှာ အသက်(၇၆)နှစ်ဖြစ်ပါတယ်။ သူ့အနေနဲ့ (၁၉၉၉)ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး၊ သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ပြီး (၂၀၀၇) ခုနှစ်တွင် အရေးပေါ်အုပ်ချုပ်ရေး ပြဋ္ဌာန်းခဲ့ပါတယ်။


ဒီလုပ်ရပ်တွေအတွက် သမ္မတဟောင်း မူရှာရက်ဖ်ကို အာဏာမျက်ကွယ်ဖြစ်ချိန်မှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။ သူ့ကို တရားရုံးက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ(၁၇)ရက်မှာ သေဒဏ်စီရင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တနင်္လာနေ့က လာဟိုးမြို့အဆင့်မြင့်တရားရုံးက သေဒဏ်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။




မူရှာရက်ဖ်ဟာ ဒူဘိုင်းမှာ (၂၀၁၆)ခုနှစ်ကတည်းက နေထိုင်နေသူဖြစ်ပြီး၊ အခုဆိုရင် ပြစ်ဒဏ်က လွတ်ကင်းသွားပြီမို့ ပါကစ္စတန်ကို ပြန်လာမယ်ဆိုတဲ့သတင်းတွေကလည်း တစ်ပါတည်းထွက်ပေါ်လာခဲ့ပါတယ်။ သူဟာ နိုင်ငံတော်က တရားစွဲဆိုမှုကို (၆)နှစ်ကြာ ရင်ဆိုင်ခဲ့ရပါတယ်။


မူရှာရက်ဖ်ဟာ (၂၀၁၃)မှာ ပါကစ္စတန်ကို ပြန်လာခဲ့ပြီးနိုင်ငံရေးလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တရားစွဲဆိုခံရလို့ ပြည်ပြေးဖြစ်ခဲ့ရသူပါ။ အခုအခါမှာတော့ သမ္မတဟောင်း မူရှာရက်ဖ်အနေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုစွပ်စွဲချက်မှာ တစ်ဦးတစ်ယောက်တည်း ကျူးလွန်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း အဆင့်မြင့်တရားရုံးမှ တရားသူကြီး(၃)ဦးက သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။


လင်းဇော်ကို (D Nae Khit)