ရေတွေ အောက်ကနေ အထက်ကို စီးနေတဲ့ ပြောင်းပြန် ရေတံခွန် ဗီဒီယို

2020-01-15 10:10:33


ရေတွေ အောက်ကနေ အထက်ကို စီးနေတဲ့ ပြောင်းပြန် ရေတံခွန် ဗီဒီယို

သဘာဝတရားကြီးရဲ့ ဆန်းကြယ်မှုကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ ကျွန်တော်တို့တတွေ စကားအဖြစ်ပြောခဲ့ကြတဲ့ နိမ့်ရာက မြင့်ရာကို စီးဆင်းတဲ့ရေ မဆိုဘူးဆိုတာကိုတော့ ပယ်ဖျက်ကြရတော့မလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ရေဆိုတာတော်တော်များ

များဟာ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းကြတာပဲ မဟုတ်လား။ ဒါကြောင့် နိမ့်ရာက မြင့်ရာကို ရေတွေ စီးဆင်းသွားတယ်လို့ပြောရင် ယုံနိုင်ပါ့မလား။


မယုံနိုင်ပါဘူးနော်။ ဒါပေမယ့် တကယ့်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကိုတော့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Samy Jacobsen ဆိုတဲ့ အမျိုးသားတစ်ယောက်က Scotland နိုင်ငံFaore ကျွန်းစုကို သွားလည်ရင်း မယုံနိုင်စရာ အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ခဲ့

ပါတယ်။ အဲ့တာကတော့ ပင်လယ်ထဲကရေတွေဟာ ရေစုပ်စက်လိုမျိုး အကူအညီမပါပဲနဲ့ ကျောက်ဆောင်တွေပေါ်ကို အောက်ကနေ အထက်ကို စီဆင်းနေခဲ့တာပဲဖြစ်ပါတယ်။


Greg Dewhurst ဆိုတဲ့ ဘူမိဗေဒပညာရှင် တစ်ဦးကတော့ ဒါဟာ အင်မတန်ဖြစ်ခဲတဲ့ကိစ္စတစ်ခုပါပဲလို့ဆိုပါတယ်။ ဘာကြောင့်ဒီလိုဖြစ်လဲဆိုရင် အားသန်တဲ့ ရေစီးကြောင်းနဲ့ ရေတွေ ပေါင်းစီးမိသွားပြီးတော့ အခုလိုမျိုး သဘာဝအလျောက် စီးဆင်းတာဖြစ်

တယ်လို့ ဆိုပါတယ်။


ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ


 


Writer – SMT( Shwe Yaung Lan)