အ မျိုးသမီးအင်္ဂါ အ နံ့ နဲ့ ရေမွှေးဖယောင်းတိုင် ကို ထုတ် လုပ်လိုက် တဲ့ ဟောလိဝုဒ် မင်းသမီး

2020-01-15 10:44:59


အ မျိုးသမီးအင်္ဂါ အ နံ့ နဲ့ ရေမွှေးဖယောင်းတိုင် ကို ထုတ် လုပ်လိုက် တဲ့ ဟောလိဝုဒ် မင်းသမီး

အ မျိုးသမီးအင်္ဂါ အ နံ့ နဲ့ ရေမွှေးဖယောင်းတိုင် ကို ထုတ် လုပ်လိုက် တဲ့ ဟောလိဝုဒ် မင်းသမီး


အမေ ရိကန် အမျိုးသမီး သရုပ်ဆောင်Gwyneth Paltrow ဆိုရင် နာမည်ကျော် Marvel Cinematic Universe (MCU) ဇာတ်ကားတွေထဲက Iron Man (Tony Stark)ရဲ့ ချစ်သူ Pepper Potts ဇာတ်ရုပ်နဲ့တွဲပြီး မှတ်မိကြမှာပါ။ Gwyneth ဟာ အော်စကာဆု အပါအဝင် ရုပ်ရှင်ထူးချွန်ဆုပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ ဝါရင့်မင်းသမီး ဖြစ်သလို အမျိုးသမီး အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချီနေတဲ့ Goop ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။


Gwyneth ရဲ့ Goop ဝက်ဘ်ဆိုက်မှာ သင် သွားရှာကြည့်မယ်ဆိုရင် အသစ်ထုတ်လုပ်ထားတဲ့ ဖယောင်းတိုင်(၃)ခုအကြောင်းတွေ့ရမှာပါ။ ပထမဆုံးတစ်ခုက နွေးထွေးတဲ့ နေရောင်ခြည်ရဲ့ အနံ့ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ဒုတိယတစ်ခုကတော့ လေအေးရနံ့ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးတတိယတစ်ခုကတော့ Gawyneth Paltrow ရဲ့ အမျိုးသမီးအင်္ဂါနံ့အတိုင်း ရရှိစေမှာ ဖြစ်ပါတယ်။




နောက်ဆုံး ရနံ့နဲ့ ရေမွှေးကတော့ သင်လုံးဝရဖူးမှာ မဟုတ်ပါဘူး။ အဲဒီဒီရေမွှေးကို စပြီးထွင်ဖြစ်သွားတာကတော့ ရေမွှေးပညာရှင် Douglas Little နဲ့ အသက်၄၇နှစ်ရှိပြီဖြစ်တဲ့ Gwyneth Paltrow တို့ နှစ်ဦးဟာ စကားဝိုင်းတစ်ခုမှာ ဟာသတစ်ခုပြောရင်းနဲ့ တီထွင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း LAD BIBLE သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ သူတို့နှစ်ဦးဟာ ရေမွှေးအသစ်တစ်ခုရဲ့ အနံ့ကို စမ်းသပ်နေတုန်း Gwyneth မှ “ဟာ….ဒီရေမွှေးအနံ့က အမျိုးသမီးအင်္ဂါအနံ့ကြီးပါလား” လို့ Douglass ကို အရွှန်းဖောက်လိုက်ရာမှ အဆိုပါရေမွှေးနံ့ကို ရေမွှေးဖယောင်းတိုင် အဖြစ်တီထွင်ရန် စိတ်ကူးရခဲ့ကြောင်း သိရှိရပါတယ်။




Goop ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ထိုရေမွှေးရနံ့ဟာ သင်းသင်းလေးနဲ့ မွှွှေးနေပြီး ဆန့်ကျင်ဘက်လိင်ရဲ့စိတ်ကို နှိုးဆွနိုင်ကြောင်း သိရှိရပါတယ်။ ရေမွှေးတစ်ပုလင်းကို အမေရိကန် ၇၅ ဒေါ်လာ(မြန်မာငွေ ၁သိန်း၁သောင်းကျော်) ကျသင့်မှာ ဖြစ်ပါတယ်။ အဆိုပါ ရေမွှေးဖယောင်းတိုင်ဟာ စထုတ်ထုတ်ချင်း ဈေးကွက်ထဲရောက်ပြီး နာရီပိုင်းအကြာမှ လက်မလည်အောင် ရောင်းချခဲ့ရကြောင်း သိရှိရပါတယ်။


Credit Shwemom